In partnership with  logo
ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကို ရွေးချယ်ထားမှသာ ဘဝက ပျော်ရွှင်မှာပါ။

လူတိုင်းအလုပ်လုပ်နေရတာဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကျောင်းဟာ ကိုယ်နဲ့ ဘယ်လောက်ကိုက်ညီမှု ရှိသလဲဆိုတာအပေါ် မူတည်ပြီး ဘဝရဲ့ အောင်မြင်မှု နဲ့ ပျော်ရွှင်မှုကို အချိုးကျ ရရှိသွားမှာပါ။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကို မှန်မှန်ကန်ကန် ရွေးချယ်တတ်မှသာလျှင် ဘဝဟာ ကောင်းမွန်တဲ့ ရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။



ကိုယ့်အသက်မွေးဝမ်းကျောင်းဟာ ကိုယ်နဲ့ ကိုက်ညီမှုရှိမရှိ ဒီအချက် ငါးချက်နဲ့ ဆန်းစစ်ကြည့်ပါ။

အဆင့် - ၁

ကိုယ်ရဲ့ အားသာချက်ကို ဆန်းစစ်ပါ

လူတိုင်းမှာ အားသာချက် အားနည်းချက်ဆိုတာ ရှိကြစမြဲပါ။ ဘယ်လိုနေရာတွေမှာ ကိုယ်က တော်သလဲဆိုတာကို ရှာဖွေရပါမယ်။ ဈေးရောင်းတဲ့နေရာမှာ တော်တာလား၊ ဝန်ဆောင်မှုပေးတဲ့နေရာမှာ တော်တာလား ၊ ညှိနှိုင်းဆောင်ရွက်တဲ့ နေရာမှာ တော်တာလား ၊ စကားပြောကောင်းတာလား စသဖြင့် ကိုယ့်ရဲ့ အတော်ဆုံးအပိုင်းကို ကိုယ်ကိုယ်တိုင်သိဖို့လိုပါတယ်။ ကိုယ့်မှာရှိတဲ့ skillsတွေကို ချရေးပါ၊ ဘယ်လို အလုပ်အကိုင် ၊ ဘယ်လို နယ်ပယ်က ကိုယ့်အတွက် ကိုက်ညီမှုရှိနိုင်မှာလဲ ဆန်းစစ်ကြည့်ပါ။

အဆင့် - ၂

ကိုယ့်ရဲ့ Personality ကို ရှာဖွေပါ

လူတိုင်းမှာ မတူညီတဲ့ Personality တွေရှိကြပါတယ်၊ ကိုယ်က ဘယ်လို ပုံစံရှိတဲ့ လူလဲဆိုတာကို ကိုယ်ကိုယ်တိုင်သိရပါမယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ ကြိုက်တဲ့သူလား၊ တိတ်တိတ်လေးနေတတ်တဲ့သူလား ။ ဘယ်လို အရာတွေကို သဘောကျပြီး ဘယ်လို အရာတွေကို မနှစ်မြို့ဘူးလဲ။ စသဖြင့်ရဲ့ ကိုယ့်ရဲ့ ပုံစံက ဘယ်လိုမျိုးလဲဆိုတာကို ကောင်းကောင်းသိရပါမယ်။ ဒါမှသာ ကိုယ်ဟာ ဘယ်လို အလုပ်မျိုး ၊ ဘယ်လို အသက်မွေးမှုမျိုးနဲ့ ကိုက်ညီတဲ့ လူလဲဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ စိတ်ကူးထဲက ပုံစံ နဲ့ တကယ့်လုပ်ငန်းခွင်ဟာ တူညီချင်မှ တူညီပါလိမ့်မယ်။

အဆင့် - ၃

Career Test ဖြေကြည့်ပါ

တကယ်လို့ ကိုယ်ဟာ ဘယ်လို အသက်မွေးမှုနဲ့ ကိုက်ညီမလဲဆိုတာကို ဇဝေဇဝါ ဖြစ်နေတယ်ဆိုရင် အွန်လိုင်းမှာ Career Test စမ်းသပ်ဖြေဆိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Google မှာ Career Test ဆိုပြီး ရိုက်ချရုံနဲ့ ဖြေဆိုရလွယ်ကူတဲ့ မေးခွန်းလေးတွေ ထွက်ပေါ်လာပါလိမ့်မယ်။ အဲဒီ မေးခွန်းလေးတွေကို ဖြေဆိုပြီး ကိုယ်ဟာ ဘယ်လို အလုပ်မျိုးကို စိတ်ပါဝင်စားသူလဲ၊ ဘယ်လို အလုပ်မျိုးက ကိုယ်နဲ့ ကိုက်ညီမလဲဆိုတာကို ဆန်းစစ်ကြည့်လို့ ရပါတယ်။ ကိုယ်နဲ့ အကိုက်ညီဆုံးအလုပ်ကို ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။

အဆင့် - ၄

အခြားသူတွေရဲ့ အကြံဉာဏ်ကို ယူပါ

ကိုယ့် အနီးအနားပတ်ဝန်းကျင်မှာ အလုပ်လုပ်နေသူတွေရဲ့ အလုပ်နယ်ပယ် နဲ့ လုပ်ငန်းခွင်တွေ အကြောင်းကို တီးခေါက်ကြည့်ပါ။ ကိုယ့်ရဲ့ စိတ်ပါဝင်စားမှုနဲ့ လုပ်ချင်တဲ့ လုပ်ငန်းနယ်ပယ်အကြောင်းကိုလည်း ပြောပြပါ။ နယ်ပယ်စုံ၊ လုပ်ငန်းစုံမှာ ကျင်လည်နေတဲ့ သူတွေဆီက အကြံဉာဏ်တွေကို ရယူပြီး ကိုယ်ဟာ ဘယ်အလုပ်နဲ့ ကိုက်ညီနိုင်မလဲဆိုတာ ဆန်းစစ်ပါ။

အဆင့် - ၅

အလုပ်သင်အဖြစ် ဝင်‌ရောက်လုပ်ကိုင်ပါ

ကိုယ်အလုပ်လုပ်ချင်တဲ့ နယ်ပယ်ကိုလည်း သိပြီ ကိုယ်နဲ့ ကိုက်ညီတယ်လို့လည်း ယူဆမိတယ်ဆိုရင်တော့ အဲဒီနယ်ပယ်မှာ အလုပ်သင်အဖြစ် ၃လလောက် ဝင်ရောက်လုပ်ကိုင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးထဲက ပုံစံ နဲ့ တကယ့်လုပ်ငန်းခွင်ဟာ တူညီချင်မှ တူညီပါလိမ့်မယ်။ ဒါ့ကြောင့် အလုပ်သင်အဖြစ် ဝင်‌ေရာက် လုပ်ကိုင်ကြည့်ရင်း ကိုယ်နဲ့ တကယ်ကိုက်ညီတဲ့ အလုပ် ဟုတ်မဟုတ် ဆန်းစစ်နိုင်ပါတယ်။

ဒီ အဆင့် (၅) ဆင့်ကို သေသေချာချာ ဖြတ်ကျော်နိုင်ပြီဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းကို တွေ့ရှိပြီလို့သာ ယူဆလိုက်ပါတော့။

ကိုယ်ကဒီကာလမှာမှ အလုပ်ရှာနေတဲ့သူဆိုရင်တော့ ကိုဗစ်ကာလအတွင်း အလုပ်ရှာနေတာဆို ဒါကိုဖတ်ပါ နဲ့ ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီရဲ့ အကြောင်း ဘာတွေသိထားဖို့လိုသလဲဆိုတဲ့နေရာတွေမှာ‌ လေ့လာပါ။

အလုပ်လျှောက်ချင်နေတဲ့သူတွေအနေနဲ့လည်း https://bit.ly/33yLA1X ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က