In partnership with  logo
ကိုဗစ်ကာလမှာ အလုပ်ရှာမယ့်သူတွေအနေနဲ့ သိကို သိထားရမယ့် အချက်ကလေးတွေရှိပါတယ်။

အလုပ်ရှာရတာ တကယ်တော့ လွယ်ကူမနေပါဘူး။ ခုလို ကိုဗစ်ကာလဆိုပြီး တစ်ခါမှမကြားဖူးတဲ့၊ မကြုံဖူးတဲ့ ကာလတစ်ခုကလည်း အလုပ်ရှာနေတဲ့ သူတွေအတွက် စိန်ခေါ်မှုအသစ် တစ်ရပ်ကို ကြုံတွေ့လာရပြန်ပါတယ်၊

ဒီလို ကိုဗစ် အကြပ်အတည်းကာလမှာ ဘယ်လို အလုပ်ရှာရမလဲ၊ အလုပ်ရရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိထားမယ်ဆိုရင်တော့ အလုပ်ရရှိဖို့ လွယ်ကူပါလိမ့်မယ်။ ကိုဗစ်ကာလအတွင်း အလုပ်လျှောက်လိုသူတွေအတွက် သိကိုသိထားသင့်တဲ့ အချက် (၅) ချက် ရှိပါတယ်။



၁။အလုပ်ခေါ်ယူနေတဲ့ လုပ်ငန်းရှင်တွေ ၊ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေလို့ရမယ့် နယ်ပယ်တွေအကြောင်းစုံစမ်းထားပါ

ပထမဦးဆုံး အလုပ်ရှာဖွေတော့မယ်ဆိုရင် ကိုဗစ်ကာလဖြစ်ဖြစ်၊ ဘယ်လိုကာလပဲဖြစ်ဖြစ် သိထား စုံစမ်းထားရမှာက အလုပ်အကိုင်အခွင့်အလမ်း တွေ ဘယ်လိုနေရာမှာ ရှာဖွေလို့ရနိုင်မလဲ ၊ အလုပ်ခေါ်ယူနေတဲ့ နေရာတွေက ဘယ်လိုနေရာတွေလဲဆိုတာကိုပါပဲ။ ကိုဗစ်ကာလဖြစ်နေပေမယ့် အလုပ်လိုနေတဲ့ လုပ်ငန်းတွေလည်း ရှိနေပါတယ်၊ ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေပေးနေတဲ့ အေဂျင်စီတွေကလည်း လိုအပ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းရာထူးနေရာတွေကို တင်ပေးနေပါတယ်။ ဒါ့ကြောင့် ကိုယ်က အလုပ်လိုအပ်နေတယ်၊ အလုပ်ရှာဖွေနေတယ်ဆိုရင် ဒီကိုဗစ်ကာလမှာ ဘယ်လိုလုပ်ငန်းတွေက ဝန်ထမ်းလိုအပ်နေလဲ ၊ ဘယ် ဝက်ဆိုဒ်တွေ၊ ဘယ် Facebook ပေ့ချ်တွေက အလုပ်အကိုင်ရှာဖွေလို့ရသလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ 

ကပ်ရောဂါ အကြပ်အတည်းကာလမှာ လျှောက်နိုင်တဲ့ အလုပ်အကိုင်တွေကို လေ့လာစုံစမ်းဖို့ လိုအပ်သလို စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ အွန်လိုင်းကနေ အလုပ်ရှာလို့ရမယ့် နေရာတွေမှာလည်း ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

အလုပ်လိုချင်နေတဲ့သူတွေအတွက်ကတော့ အွန်လိုင်းပလက်ဖောင်းတွေကို လေ့လာပြီး ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်အောင် လေ့ကျင့်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

၂။အွန်လိုင်းပလက်ဖောင်းတွေအကြောင်း လေ့လာထားပါ

ကိုဗစ်ကာလမှာ ကုမ္ပဏီတွေရဲ့ အင်တာဗျူးမှုပုံစံက ပြောင်းလဲသွားပါတယ်။ လူချင်းတွေ့တဲ့ အင်တာဗျူးတွေထက် အွန်လိုင်းအင်တာဗျူးတွေကို ပိုပြီး အသုံးပြုလာကြတာကို တွေ့ရပါတယ်။ အလုပ်လိုချင်နေတဲ့သူတွေအတွက်ကတော့ အွန်လိုင်းပလက်ဖောင်းတွေကို လေ့လာပြီး အသုံးပြုတတ်အောင် လေ့ကျင့်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ Video Chat တွေ Video Conferencing တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်အောင် လေ့ကျင့်ထားပါ။

၃။CV Form ထဲမှာ Remote Working နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုကို ဖြည့်စွက်ဖို့ မမေ့ပါနဲ့

ဒီကိုဗစ်ကာလမှာ လုပ်ကိုလုပ်ရမယ့် နောက်တစ်ခုကတော့ ကိုယ့်ရဲ့ CV Form (အလုပ်လျှောက်လွှာ) မှာ Work From Home နဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ ထည့်ရေးပေးဖို့ လိုအပ်လာပါတယ်၊ ကိုဗစ်ကာလအတွင်းမှာ လုပ်ငန်းတော်တော်များများက အိမ်ကနေ အလုပ်လုပ်တဲ့ စနစ်ကို အသုံးပြုလာကြတာဖြစ်တဲ့အတွက် ကိုယ့်မှာ Work From Home ကျွမ်းကျင်မှုရှိခဲ့မယ်ဆိုရင် အလုပ်ရရှိဖို့ ပိုပြီး လွယ်ကူပါလိမ့်မယ်။

၄။Social Media ကို ကောင်းကောင်းအသုံးပြုတတ်ဖို့ ကြိုးစားပါ

ဒီကိုဗစ်ကာလမှာ လုပ်ငန်းလုပ်ဆောင်ရွက်မှုတွေအားလုံးဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး လုပ်ကိုင်နေကြရတာဖြစ်တဲ့အတွက် အလုပ်လိုချင်တဲ့သူတွေအနေနဲ့ Social Media ကို ကောင်းကောင်းအသုံးပြုတတ်ဖို့ လေ့ကျင့်ထားရပါမယ်။ ကိုယ်မသိသေးတဲ့ ဆိုရှယ်မီဒီယာအပိုင်းတွေကိုလည်း သိအောင် လေ့လာထားဖို့လိုအပ်ပါတယ်။ ဒီကာလအတွက် ဆိုရှယ်မီဒီယာကို ကျွမ်းကျင်အောင် အသုံးပြုတတ်တာကလည်း Skill တစ်ခုအနေနဲ့ ပြသလို့ ရတဲ့ အရာဖြစ်နေလို့ပါပဲ။

၅။စိတ်ဓာတ်မကျဖို့ လိုပါတယ်

သာမန်အချိန်တွေမှာတောင် အလုပ်ရှာရမလွယ်ကူလှတဲ့ လူတွေအဖို့ ဒီလို ကိုဗစ်အကြပ်အတည်းကာလမှာ အလုပ်ရှာဖို့ဆိုတာ နည်းနည်းတော့ ခဲယဉ်းပါလိမ့်မယ်၊ ဒါပေမယ့်လည်း အလုပ်မရနိုင်ဘူးဆိုပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတာထက်စာရင် အထက်က ပြောခဲ့တဲ့ အရာတွေကို လေ့လာ အသုံးပြု စူးစမ်း ရှာဖွေနေမယ်ဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ်တွေက ကိုယ့်ဆီကို ရောက်ရှိလာမှာ ကျိန်းသေပါတယ်။ အဓိကကတော့ စိတ်ဓာတ်မကျဘဲ ဇွဲရှိရှိနဲ့ လိုချင်တဲ့ အလုပ်ကို ရအောင် ရှာဖွေလျှောက်ထားဖို့တော့ လိုအပ်ပါတယ်။

ဒီအချက် ( ၅) ချက်ကတော့ ခုလို ကိုဗစ်အကြပ်အတည်းကာလမှာ အလုပ်လျှောက်မယ့်သူတွေအတွက် သိကို သိထားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ 




Share

Loading Next Article...
က္က