In partnership with  logo
Digital Skills အားနည်းရင် Career Development မှာ အခက်တွေ့နိုင်ပါတယ်။

Co-Authors: Nyein Min Wai

အလုပ်ခွင်တိုးတက်မှုအတွက် ကိုယ့်မှာ အရည်အချင်း Skills တွေ အမြဲဖြည့်ထားဖို့ လိုပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အလုပ်ခွင်မှာ Hard Skills နဲ့ Soft Skills ဆိုပြီး Skills နှစ်မျိုး တတ်မြောက်ဖို့ လိုပါတယ်။ 

Soft Skills ဆိုတဲ့ အထဲမှာ ခေါင်းဆောင်မှုစွမ်းရည် ၊ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ၊ ပြဿနာဖြေရှင်းမှု ၊ လုပ်ငန်းခွင်ကျင့်ဝတ်ကောင်းခြင်း ၊ လူမှုဆက်ဆံ‌ရေးကျွမ်းကျင်မှု နဲ့ စိတ်ခံစားမှုစွမ်းရည်မြင့်မားခြင်း စတဲ့ အရည်အချင်းတွေ ပါဝင်ပါတယ်။ Hard Skills ကတော့ အသုံးချလုပ်ငန်းခွင်အတတ်ပညာမျိုး ဖြစ်ပါတယ်။



အသက်မွေးမှုနဲ့ ဆိုင်တဲ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုတွေထဲမှာ အခုနောက်ပိုင်း မပါမဖြစ် ထည့်သွင်းပြောလာတာကတော့ Digital Skills တွေပါပဲ။ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေဟာ အခုပြောမယ့် Digital Skills ၄ မျိုး မတတ်မြောက်ရင် Career Development မှာ အခက်တွေ့နိုင်ပါတယ်။


Social Media and Internet

အခုမှ အလုပ်ဝင်စ လူငယ်တစ်ယောက်အနေနဲ့ Digital Marketing လို professional subject အထိ လိုက်စားစရာမလိုပါဘူး။ ဒါပေမယ့်လည်း လူမှုကွန်ရက်ပလက်ဖောင်းတွေဖြစ်တဲ့ Facebook ၊ YouTube ၊ Twitter ၊ Reddit ၊ Instagram ၊ Weibo စတဲ့ ပလက်ဖောင်းတွေ ၊ အင်တာနက် အသုံးနည်းတွေ အကျွမ်းတဝင်ဖြစ်ဖို့တော့ လိုပါတယ်။ Social Media နဲ့ Internet Skill မကောင်းရင်လည်း အလုပ်အကိုင်အခွင့်အလမ်း အားနည်းနိုင်ပါတယ်။

ဒီနေ့ခေတ်မှာ လူမှုကွန်ရက်တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ဖို့ မရှိမဖြစ် လိုအပ်လာပြီ ဖြစ်ပါတယ်

Photo: Freepik

Microsoft Office

လုပ်ငန်းခွင်ဝင်မယ်ဆိုရင် မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ Skill တစ်ခုက Microsoft ဆော့ဖ်ဝဲလ်အသုံးချနည်းတွေပါပဲ။ Microsoft package တွေ ဖြစ်တဲ့ Microsoft Word ၊ Excel ၊ PowerPoint စတဲ့ Software တွေက ဘယ်လိုအလုပ်အကိုင်မှာမဆို သုံးကြတာ ဖြစ်လို့ မတတ်လို့ မဖြစ်ဘူးလို့ ပြောချင်ပါတယ်။

Adobe

Adobe Suite တွေဟာ professional tools တွေထဲမှာ အသုံးတွင်သလောက် အသုံးချနယ်ပယ်ကျယ်ဝန်းတဲ့ tools တွေ ဖြစ်ပါတယ်။ အလုပ်ခေါ်စာတိုင်းမှာ တောင်းဆိုကြတဲ့ Adobe Skills တွေထဲမှာ Adobe Photoshop ၊ Adobe Illustrator ၊ Adobe InDesign ၊ Adobe Premiere Pro တို့ ပါဝင်နေတတ်ပါတယ်။ Adobe ဆော့ဖ်ဝဲလ်အသုံးချနည်းတွေ ကျွမ်းကျင်မယ်ဆိုရင် အလုပ်အကိုင်ပိုင်း တိုးတက်ဖို့ သေချာပါတယ်။

Digital Communication

Digital Economy ဆီ သွားနေတဲ့ ခေတ်မှာ ဒီဂျစ်တယ်ဆက်သွယ်ရေး tools လေးတွေက မဖြစ်မနေ သိထားဖို့ လိုပါတယ်။ COVID-19 ကာလမှာ အသုံးများလာတဲ့ ရုပ်သံအစည်းအဝေးတွေကို သုံးဖို့ ၊ ကိုယ့်အိမ်မှာနေရင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ဖို့အပြင် အလုပ်ကိစ္စနဲ့ ဖောက်သည်တွေနဲ့ အွန်လိုင်းမှာ ဆက်သွယ်နိုင်ဖို့ Zoom ၊ Slack ၊ G Suite ၊ Skype ၊ Microsoft Team စတဲ့ ဆက်သွယ်ရေးလက်နက်တွေ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် လေ့လာထားဖို့ လိုပါတယ်။

ဒါတွေ လေ့လာပြီးပြီ၊ ကိုယ်လည်း လုပ်ငန်းခွင်ကို ဝင်ရောက်နေပြီဆိုရင်တော့ Mail တစ်ခုရှိရုံနဲ့ အလုပ်နဲ့ ပတ်သက်တာတွေကို အသုံးပြုလို့ရတဲ့ လွယ်ကူထိရောက်တဲ့ Google Apps တွေGoogle Drive လိုမျိုး ဖိုင်ဆိုဒ်ကြီးတွေ ပို့လို့ရနိုင်မယ့် APP များ စတာတွေကို ဆက်လက်လေ့ထားဖို့လည်း အကြံပြုလိုက်ပါတယ်။

အလုပ်အကိုင်ရှာဖွေနေသူတွေအနေနဲ့လည်း https://bit.ly/3kGlqzU မှာ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်.



ဆက်စပ်အကြောင်းအရာများ

Author

  • Nyein Min Wai

    Content Writer (Duwun Tech)

Share

Loading Next Article...
က္က