In partnership with  logo
Digital Economy ခေတ်မှာ Digital Tools သုံးနိုင်စွမ်းဟာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။

ဒီနေ့အချိန်အခါဟာ ဒီဂျစ်တယ်စီးပွားရေးဆီ သွားနေတဲ့ အချိန်ဖြစ်ပါတယ်။ Digital Economy တစ်ခုရဲ့ အရေးကြီးလှတဲ့ အစိတ်အပိုင်းတစ်ခုက ဒီဂျစ်တယ်တတ်ကျွမ်းမှု Digital Literacy ဖြစ်ပါတယ်။ Digital Literacy လို့ ပြောမယ်ဆိုရင် အဓိကကျတာက Digital Tools အသုံးပြုမှုပါပဲ။

Digital Tools ကျွမ်းကျင်မှု ရှိမှသာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကို ခေတ်နဲ့အညီ လိုက်ပါမြှင့်တင်နိုင်မှာ ဖြစ်သလို အလုပ်အကိုင်လမ်းကြောင်းလည်း ခိုင်မာအားကောင်းမှာပါ။ဒီတော့ Digital Skills ဆိုတာ ဘာလဲ။ Digital Skills သုံးတတ်အောင် ဘယ်ကနေ သင်ယူလို့ရမလဲဆိုတဲ့ အချက်လေးတွေ မျှဝေပေးချင်ပါတယ်။



Digital Tools

Digital Tools ဆိုတာ အလွယ်ဆုံးပြောရရင် အင်တာနက်နဲ့ ခေတ်ပေါ်ဆက်သွယ်ရေးနည်းပညာတွေ ကျင်ကျင်လည်လည် သုံးတတ်ခြင်း ဖြစ်ပါတယ်။ လုပ်ငန်းသုံး ဆော့ဖ်ဝဲလ်နဲ့ ပလက်ဖောင်းတွေ သုံးတတ်တာ ၊ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာပိုင်းမှာ အပြန်အလှန်ချိတ်ဆက်လုပ်ဆောင်ဖို့ ပရိုဂရမ်နဲ့ Apps တွေ သုံးတာ အားလုံးဟာ Digital Tools Skills ထဲမှာ ပါဝင်နေပါတယ်။

Digital Tools ကျွမ်းကျင်မှု ရှိမှသာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကို ခေတ်နဲ့အညီ လိုက်ပါမြှင့်တင်နိုင်မှာ ဖြစ်သလို အလုပ်အကိုင်လမ်းကြောင်းလည်း ခိုင်မာအားကောင်းမှာပါ

ဘယ်လိုသင်ယူရမလဲ

Digital Tools တွေ ကျွမ်းကျမ်းကျင်ကျင် သုံးတတ်ဖို့အတွက် သင်ယူနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီထဲက အရိုးရှင်းဆုံးနည်းလမ်း ၃ ခုကို မျှဝေပေးချင်ပါတယ်။

(၁) Free Courses တွေ တက်ပါ

တချို့ NGO နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ Digital Literacy ပိုင်းအတွက် အခမဲ့သင်တန်းတွေ ပေးနေပါတယ်။ Facebook ပေါ်မှာကို Digital Skill ဆိုင်ရာ Free Courses ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေ ရှိပါတယ်။ ဒီလို Page တွေကို Favorites ထားပြီး Follow လုပ်ထားသင့်ပါတယ်။

(၂) Online သင်တန်းတွေ တက်ပါ

Digital Tools အသုံးပြုနည်း တတ်ကျွမ်းဖို့ နောက်ထပ်နည်းလမ်းတစ်ခုက Online Learning ပလက်ဖောင်းတွေပေါ်ကနေ Digital Skills နဲ့ဆိုင်တဲ့ သင်တန်းတွေ တက်ဖို့ ဖြစ်ပါတယ်။ နာမည်ကြီးအွန်လိုင်း Learning ပလက်ဖောင်းတွေ ဖြစ်တဲ့ Coursera ၊ edX၊ Udacity ၊ Futurelearn နဲ့ LinkedIN က ပေးတဲ့ Lynda စတဲ့ ဝက်ဘ်ဆိုက်တွေပေါ်မှာလည်း လေ့လာနိုင်ပါတယ်။

(၃) Digital Blog တွေ ဖတ်ပါ

တစ်နည်းကတော့ Digital Skillset တွေအကြောင်း ဇောင်းပေးဖော်ပြတဲ့ နည်းပညာဘလော့ဂ်တွေ ၊ Facebook Profile တွေနဲ့ အင်တာနက်စာမျက်နှာတွေထဲ ဝင်ဖတ်ဖို့ ဖြစ်ပါတယ်။ Digital အသိပညာအကြောင်း ဆွေးနွေးပို့ချတဲ့ YouTube channel တွေကိုလည်း Subscribe လုပ်ထားနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေကို သုံးပြီး လေ့လာသွားမယ်ဆိုရင် Digital Tools တွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ အကျွမ်းတဝင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း လုပ်ငန်းခွင် ဝင်နေသူတိုင်း တတ်မြောက်ထားသင့်တဲ့ Digital Skills ၄ မျိုး နဲ့ Work From Home လုပ်နေချိန်မှာ အသုံးအဝင်ဆုံး Digital Tools ( ၇ ) မျိုး ကို ဆက်လက် လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/34ydLi9ကနေ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။ 



Share

Loading Next Article...
က္က