In partnership with  logo
အလုပ်မီတင်တိုင်းကိုလည်း ကိုယ့်ရဲ့ စမတ်ဖုန်းပေါ်ကနေ လုပ်နေကြပြီ ဖြစ်ပါတယ်။

COVID-19 က ဖန်တီးလိုက်တဲ့ New Normal လူနေမှုပုံစံအပြောင်းအလဲကြောင့် ရုံးအစည်းအဝေးတွေဟာ အွန်လိုင်းမီတင်တွေ ဖြစ်လာခဲ့ပါတယ်။ Work From Home လုပ်နေရပြီး အွန်လိုင်းမီတင်တွေ ခဏခဏ တက်နေရသူတွေအဖို့ ကိုယ့်ဖုန်းထဲမှာ Video Conferencing app ကို အနည်းဆုံး ၃-၄ မျိုးလောက်တော့ ထည့်ထားမယ်ဆိုရင် အလုပ်ကိစ္စဆက်သွယ်မှုတွေ ပိုပြီး အဆင်ပြေပြေလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ သုံးဖို့ အကောင်းဆုံး အွန်လိုင်းမီတင် app တစ်ချို့ကို မျှဝေပေးချင်ပါတယ်။



(၁) Microsoft Teams


             Microsoft Teams ဟာ လူသုံးများတဲ့ Conferencing app တစ်ခု ဖြစ်ပြီး Cloud-based ဝန်ဆောင်မှုဖြစ်လို့ ရုံးတွင်း ဆက်သွယ်ရေးသုံး tools အဖြစ်လည်း သုံးကြပါတယ်။ Microsoft Teams မိုဘိုင်းလ်ဗားရှင်းကို iPhone နဲ့ အန်းဒရိုက်ဖုန်းတွေမှာ အခမဲ့ဒေါင်းလုပ်ဆွဲသုံးနိုင်ပါတယ်။ Free version သုံးမယ်ဆိုရင် လူပေါင်း ၂၀ အထိနဲ့ Video Meeting လုပ်နိုင်မှာပါ။ ဒီဝန်ဆောင်မှု သုံးဖို့အတွက် Microsoft အကောင့်တစ်ခုပဲ ဖွင့်ထားဖို့ လိုမှာ ဖြစ်ပါတယ်။


(၂) Zoom

             Zoom Cloud Meetings ကတော့ လက်ရှိမှာ ရေပန်းအစားဆုံး မီတင် app ဖြစ်ပါတယ်။ iOS အနေနဲ့ရော Android ဗားရှင်းနဲ့ပါ ထွက်ထားပါတယ်။ အခုဆို free users တွေအတွက်ပါ Zoom မှာ End-to-End Encryption လုံခြုံရေးစနစ် ပါလာပါတယ်။ အခမဲ့ free version မှာ လူပေါင်း ၁၀၀ အထိ မီတင်ထိုင်နိုင်မှာပါ။ တစ်ခုရှိတာက Group Meeting မှာ အစည်းအဝေးလုပ်ချိန်ကို မိနစ် ၄၀ အထိပဲ ပေးထားပါတယ်။

Video Conferencing app ကို အနည်းဆုံး ၃-၄ မျိုးလောက်တော့ ထည့်ထားမယ်ဆိုရင် အလုပ်ကိစ္စဆက်သွယ်မှုတွေ ပိုပြီး အဆင်ပြေပြေလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၃) BlueJeans


             BlueJeans ကလည်း မီတင်လုပ်ဖို့ ကောင်းတဲ့ app တစ်ခုပါ။ သုံးရတာလည်း ရိုးရှင်းလွယ်ကူပါတယ်။ BlueJeans မီတင်မှာ လူပေါင်း ၁၀၀ အထိ တက်လို့ရပါတယ်။ Android နဲ့ iOS App Store တွေမှာ အခမဲ့ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။

(၄) Google Meet


             အခုလို ကိုဗစ်ကာလမှာ Google Meets ဝန်ဆောင်မှု သုံးပြီး မီတင်လုပ်ကြတဲ့ လုပ်ငန်းတွေ အတော်များပါတယ်။ Meeting မိနစ် ၆၀ အထိ ရပြီး လူပေါင်း ၁၀၀ အထိ ပါဝင်နိုင်တဲ့ Video Conferencing app ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်းထဲမှာ Google Meets app ကို ထည့်ထားသင့်ပါတယ်။ Android / iOS နှစ်မျိုးစလုံးအတွက် အခမဲ့ ဒေါင်းလုပ်ဆွဲပြီး ထည့်ထားလို့ ရပါတယ်။

             ဒီ app လေး ဖုန်းထဲ ထည့်ထားမယ်ဆိုရင် အလုပ်မီတင်ကိစ္စတွေကို ကိုယ့်ဖုန်းကနေပဲ အွန်လိုင်းကနေ လုပ်နိုင်မှာ ဖြစ်လို့ အလုပ်လည်း တွင်ကျယ်ထိရောက်မှာ ဖြစ်ပါတယ်။

Mail တစ်ခုရှိရုံနဲ့ အလုပ်နဲ့ ပတ်သက်တာတွေကို အသုံးပြုလို့ရတဲ့ လွယ်ကူထိရောက်တဲ့ Google Apps တွေ နဲ့ Google Drive လိုမျိုး ဖိုင်ဆိုဒ်ကြီးတွေ ပို့လို့ရနိုင်မယ့် APP များစတဲ့ ဆောင်းပါးတွေကို ဆက်လက်ဖတ်ရှုလေ့လာနိုင်ပါတယ်။ 



 

Share

Loading Next Article...
က္က