In partnership with  logo
Video Interview ဟာ ရိုးရိုးလူတွေ့အင်တာဗျူးထက် ပိုပြီး ဂရုစိုက်သင့်ပါတယ်။

ရုပ်သံအင်တာဗျူးဟာ ကပ်ရောဂါကြီးနဲ့အတူ ပြောင်းလဲလာတဲ့ အလုပ်အကိုင်ဓလေ့သစ် တစ်မျိုးပါ။ 

အရင်က Video Interview ဆိုတာ နိုင်ငံရပ်ခြားနဲ့ ချိတ်ဆက်လုပ်နေတဲ့ အလုပ်အကိုင်အင်တာဗျူးတွေအတွက်ပဲ အသုံးများခဲ့ပေမယ့် အခုလို COVID-19 ကာလမှာ ပြည်တွင်း အလုပ်အကိုင်တွေကလည်း Video Interview လုပ်လာကြပြီ ဖြစ်ပါတယ်။ အသားမကျနိုင်သေးတဲ့ Video Interview အလုပ်အကိုင်ယဉ်ကျေးမှုသစ်နဲ့ ထိတွေ့ရတော့မယ့် Job Seekers တွေအနေနဲ့ အခုပြောမယ့် အချက်လေးတွေ သိထားပေးဖို့ လိုမှာပါ။



Video Interview လုပ်မယ့်နေရာဟာ အနှောင့်အယှက်ကင်းပြီး စိတ်ကြည်လင်စေမယ့် နေရာမျိုးဖြစ်သင့်ပါတယ်။


Photo: mediabistro

(၁) အင်တာဗျူးနေရာ ဂရုစိုက်ပါ

Video Interview မှာ အလုပ်အင်တာဗျူးမယ့် နေရာဟာ အရင်ကလို အလုပ်ခေါ်မယ့်သူရဲ့ ရုံးခန်း မဟုတ်တော့ပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့ နေရာ ဖြစ်သွားပါပြီ။ ဒါကြောင့်ပဲ အင်တာဗျူးမယ့် နေရာကို ပိုပြီး ဂရုစိုက်ပေးရတာပါ ဖြစ်ပါတယ်။ Video Interview လုပ်ဖို့အတွက် တိတ်ဆိတ်ပြီး သီးသန့် ဖြစ်နေတဲ့ နေရာ ၊ အနှောင့်အယှက်နည်းပါးပြီး အလင်းရောင် ကောင်းကောင်း ရတဲ့ နေရာ ဖြစ်ဖို့ အရေးကြီးပါတယ်။

သင်နဲ့အတူနေထိုင်သူတွေကိုလည်း အလုပ်အင်တာဗျူး ရှိကြောင်း ကြိုပြောထားဖို့ လိုပါတယ်။ ဖုန်းကိုလည်း Silent Mode ထား ထားပါ။ အရေးကြီးတာက Video Interview တစ်ခု ချောချောမွေ့မွေ့ ပြီးဆုံးသွားဖို့ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။


(၂) အင်တာနက် Connection ကောင်းပါစေ


အွန်လိုင်းကနေ အလုပ်အင်တာဗျူး လုပ်ရမှာ ဖြစ်လို့ အင်တာနက်လိုင်းကောင်းဖို့ လိုပါတယ်။ အပြင်တစ်နေရာရာမှာ Video Interview လုပ်မယ်ဆိုရင် အရင်ဆုံး အင်တာနက် လိုင်းကောင်း/မကောင်း ကြိုပြီး စစ်ဆေးသင့်ပါတယ်။ အပြင် WiFi တွေ အားကိုးတာထက် ကိုယ့်ဖုန်း Mobile Data နဲ့ ချိတ်ဆက်တာက အင်တာနက်လိုင်း ပိုစိတ်ချရပါတယ်။


(၃) ကိုယ့်ကွန်ပျူတာကို စစ်ဆေးထားပါ


Video Interview လုပ်ရတော့မယ်ဆိုရင် တစ်ဘက်က ကိုယ့်ကို အင်တာဗျူးဝင်ရမယ့် လင့်ခ်တစ်ခု ပေးပါလိမ့်မယ်။ အဲ့ဒါက Zoom ကနေလည်း ဖြစ်ချင်ဖြစ်မယ် ၊ Google Meets ကနေလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Skype လို video chatting app ကနေ အင်တာဗျူးတာလည်း ဖြစ်နိုင်ပါတယ်။ 

သေချာအောင်လို့ အရင်ဆုံး ကိုယ့်ကွန်ပျူတာက အသံတွေ ၊ Webcam တွေ ကောင်းကောင်းအလုပ်လုပ်/မလုပ်ဆိုတာ ကြိုပြီး Testing ဝင်ထားသင့်ပါတယ်။ မဟုတ်ရင်တော့ Video Interview လုပ်ရင်း ကွန်ပျူတာက Restart တက်တာတို့ ၊ Shutdown ကျသွားတာတို့ လိုမျိုး မလိုလားအပ်တဲ့ အဖြစ်တွေ ပေါ်လာနိုင်လို့ ဖြစ်ပါတယ်။


(၄) သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ


သမရိုးကျ လူတွေ့အင်တာဗျူးလိုပဲ Video Interview မှာလည်း အင်တာဗျူးတစ်ခုရဲ့ အင်္ဂါရပ်နဲ့အညီ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းအောင် ဝတ်စားဆင်ယင်သင့်ပါတယ်။ အရောင် သိပ်မတောက်တဲ့ အရောင်လွင်တဲ့ အင်္ကျီလက်ရှည် သန့်သန့်လေးမျိုး ဝတ်ပါ။ မျက်နှာအသွင်အပြင်နဲ့ ဆံပင်တို့ကိုလည်း သေသေချာချာ သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ထားသင့်ပါတယ်။ 

ဒါကိုသေချာဖတ်ပြီးပြီဆိုရင်တော့ အွန်လိုင်းကနေ အလုပ်လျှောက်မယ်ဆိုရင် သတိထားရမယ့် အရေးကြီးဆုံး အချက် (၆) ချက် နဲ့ 

လုပ်ငန်းခွင် ဝင်နေသူတိုင်း တတ်မြောက်ထားသင့်တဲ့ Digital Skills ၄ မျိုး ကိုပါ သေချာဖတ်ရှုထားသင့်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့လည်း ဒီ https://bit.ly/3iGA1Kw ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က