In partnership with  logo
ကိုယ်သုံးနေတဲ့ စမတ်ဖုန်းအကူအညီနဲ့ ကိုယ့်ရဲ့ အလုပ်ခွင်နေ့ရက်တွေကို စမတ်ကျကျ Plan ချလို့ ရပါတယ်။

အလုပ်မှာ အစီအစဉ်တကျဖြစ်ခြင်းဟာ အလုပ်ဖြစ်မြောက်တွင်ကျယ်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကိုယ့်လုပ်အားကို ထိရောက်တွင်ကျယ်အောင် အစီအစဉ်ချပေးနိုင်ဖို့ စမတ်ဖုန်းတွေ သုံးပြီး Plan ချလို့ရပါတယ်။ အရင်က White Board တွေပေါ်မှာ Time-Table တွေဆွဲ ၊ လုပ်စရာ Task တွေ ချရေးခဲ့ရာကနေ Planner Apps တွေနဲ့ ပိုပြီး စမတ်ကျကျ Planning ဆွဲနိုင်ပြီ ဖြစ်ပါတယ်။ 



         Planner Apps တွေမှာ တစ်နေ့တာ လုပ်စရာ To-Do List စာရင်းတွေ ‌ရေးဆွဲတာ ၊ အပတ်စဉ်/လစဉ် အစည်းအဝေး အချိန်ဇယားတွေ တေးမှတ်ထားတာ ၊ Notes မှတ်တာ ၊ Project Deadline တွေ Remind လုပ်တာ နဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်တာဝန်တွေ အတူတူခွဲဝေတာတွေ အားလုံးကို တစ်နေရာတည်းမှာ အစုံလုပ်နိုင်ပါတယ်။ 

  Planner Apps တွေရဲ့ အားသာချက်က ရောက်ရာနေရာကနေ အလုပ်ကိစ္စအားလုံးနီးပါးကို အဆင်ပြေပြေ လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

         Planner Apps တွေရဲ့ အားသာချက်အကျိုးကျေးဇူးက ရောက်ရာနေရာကနေ အလုပ်ကိစ္စအားလုံးနီးပါးကို အဆင်ပြေပြေ လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ သုံးရတာ လွယ်ကူပြီး လုပ်အားစီးဆင်းမှုလည်း သွက်လက်စေပါတယ်။ လုပ်စရာတာဝန်တွေ မှတ်တာနဲ့ ခွဲဝေတာလည်း ပိုပြီးမြန်ဆန်ထိရောက်မှု ရှိပါတယ်။ Planner Apps တွေ အများကြီး ရှိတဲ့အထဲမှာ အခုချိန်နဲ့ အဆင်ပြေဆုံးဖြစ်တဲ့ Planner App တစ်ခုကတော့ Trello ဖြစ်ပါတယ်။

တစ်ယောက်ချင်း Solo သမားတွေ သုံးနိုင်သလို Teams နဲ့ လုပ်နေတဲ့ ဝန်ထမ်းတွေအတွက်လည်း အဆင်ပြေတဲ့ Planner App တစ်ခုဖြစ်ပါတယ်။

         Trello app ကို Androidနဲ့ iOS ဗားရှင်းနှစ်မျိုးစလုံးမှာ Free Download ဆွဲနိုင်ပါတယ်။ features အားလုံးလိုလို Free သုံးနိုင်သလို Offline လည်း သုံးလို့ရပါတယ်။ တစ်ယောက်ချင်း Solo သမားတွေ သုံးနိုင်သလို Teams နဲ့ လုပ်နေတဲ့ ဝန်ထမ်းတွေအတွက်လည်း အဆင်ပြေတဲ့ Planner App တစ်ခုဖြစ်ပါတယ်။ Trello app ကို သုံးမယ်ဆို အရင်ဆုံး Sign Up လုပ်ရပါတယ်။

        Trello မှာ Boards နဲ့ Cards ဆိုပြီး ရှိပါတယ်။ အလွယ်ပြောရရင် Boards တွေဟာ လုပ်ရမယ့် Lists တွေ စုစည်းထားတဲ့ နေရာတစ်ခုဖြစ်ပြီး လုပ်ရမယ့် Tasks စာရင်းအသေးစိတ် ပြတဲ့အရာတွေကို Cards တွေအဖြစ် သတ်မှတ်ထားပါတယ်။ လုပ်ရမယ့်အလုပ်တွေရဲ့ အခြေအနေကို အလွယ်တကူသိဖို့ To Do ၊ Doing နဲ့ Done ဆိုပြီး ခွဲပေးနိုင်ပါတယ်။ လုပ်လက်စ Card တစ်ခုပြီးတာနဲ့ Done ဆိုတဲ့ အပိုင်းဘက် ရွှေ့နိုင်ပါတယ်။

           Trello app ကို free သုံးသူတွေအတွက် Boards ၁၀ ခုအထိ ပေးပါတယ်။ဒီ Boards တွေထဲမှာ အလုပ်အတူတူလုပ်ကြဖို့ Team Members တွေ Add ထည့်ထားနိုင်ပါတယ်။ Boards တွေအောက်က Cards တွေထဲမှာ လုပ်ရမယ့် Task နာမည်အညွှန်းရေးတာ ၊ Label အလိုက် ကာလာတွေနဲ့ဦးစားပေးအဆင့်ခွဲတာ ၊ အလုပ်ပြီးမြောက်ရမယ့်အချိန် Due Date ပေးတာ ၊ Team members တွေဆီ Assign ချတာမျိုး လုပ်နိုင်ပါတယ်။

           Cards တစ်ခုချင်းစီမှာ Comment ပေးနိုင်သလို ၊ Checklist ထားတာ ၊ ဓါတ်ပုံ/ဖိုင်နဲ့ လင့်ခ်တွေ Attach တွဲတာမျိုးလည်း လုပ်နိုင်ပါတယ်။ Menu bar ထဲမှာဆို Trello Boards တွေကို Calendar နဲ့ ချိတ်ကြည့်နိုင်မယ့် Power-Ups လို feature မျိုး ထည်‌ပေးထားပါတယ်။ ကိုယ့် Boards နဲ့ Cards တွေကို Share တာ ၊ Record ပြန်ကြည့်တာ ၊ Archive သိမ်းထားတာမျိုးလည်း လုပ်နိုင်ပါတယ်။ 

         ဒါကတော့ Planner App တွေအများကြီးထဲကမှ သုံးရအဆင်ပြေဆုံး App တစ်ခုဖြစ်တဲ့ Trello အကြောင်းပဲ ဖြစ်ပါတယ်။ Planner App တွေ ရွေးမယ်ဆိုရင် သုံးရလွယ်ကူပြီး email တို့ Google Drive တို့နဲ့ အဆင်ပြေပြေ ချိတ်ဆက်နိုင်တဲ့ App ဖြစ်မဖြစ်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

         ဆက်လက်ပြီးတော့လည်း လုပ်ငန်းခွင် ဝင်နေသူတိုင်း တတ်မြောက်ထားသင့်တဲ့ Digital Skills ၄ မျိုး နဲ့ Work From Home လုပ်နေချိန်မှာ အသုံးအဝင်ဆုံး Digital Tools ( ၇ ) မျိုး ကို ဆက်လက် လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/3g6h3gGကနေ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။


Share

Loading Next Article...
က္က