• Cele Yatkwat

    အရန်မီးသတ်တစ်ယောက်ဖြစ်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ တိုင်ရွန်

Sabal Thwin
[Unicode Version]

4.jpg 

မိန်းကလေးပရိသတ်တွေရဲ့ အသဲစွဲ မင်းသားချောတစ်ယောက်ဖြစ်တဲ့ တိုင်ရွန် ကတော့ မီးသတ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီတဲ့။ ပရဟိတ လုပ်ချင်တဲ့ စိတ်အားထက်သန်မှုတွေကြောင့် မီးသတ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ သူ့အနေနဲ့ ငွေအင်အားမတက်နိုင်ပေမယ့် လူအင်အားအဖြစ် ပါဝင်ချင်တယ်ဆိုပြီးတော့ Duwun Media ကို ပြောပြခဲ့ပါတယ်။

'' မီးသတ်ထဲကို ဝင်ဖြစ်တဲ့ စိတ်ကူးလေးက ပရဟိတအနေနဲ့ ပထမဦးဆုံး ကျွန်တော် ဟာသသရုပ်ဆောင် မကစ်ကစ်ကို လှူဖြစ်ခဲ့တယ်။ အဲ့ဒီကနေစပြီး အစ်ကိုတစ်ယောက်လို ခင်ရတဲ့ ကိုရဲဟိန်းနဲ့ တိုင်ပင်တယ်။ ကျွန်တော် ပရဟိတအလုပ်တွေ လုပ်ချင်တယ်လို့ ပြောတော့ သူကလည်း ညီလေး မီးသတ်ထဲဝင်မလားပေါ့။ သူကိုယ်တိုင်ကလည်း ငွေအင်အားရော၊ လူအင်အားရော ဒီအပိုင်းမှာ ဆိုက်ထုတ်ထားတဲ့ သူဖြစ်တော့ သူ့ကို အရမ်းလေးစားတယ်၊ အန္တရာယ်များတယ်ဆိုရင်လည်း လုပ်မယ် ကျွန်တော် မီးသတ် သင်တန်းတက်ချင်တယ်၊ ပြီးတော့ ငွေအားနဲ့ မတက်နိုင်ရင်တောင်မှ လူအင်အားအဖြစ် ကျွန်တော်ဝင်ချင်တာပါ''ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့က ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင် ဇာတ်ကားကြီး အောင်မြင်မှု အမှတ်တရ ညစာစားပွဲကို တက်ရောက်ရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

3.jpg 

အရန်မီးသတ်ဆိုတာ လစာမရပေမယ့် ဒါဟာ ပရဟိတစိတ်ဓာတ်ဖြစ်တယ်လို့ တိုင်ရွန်က ပြောပါတယ်။

'' ဒီဟာက ပရဟိတစိတ်ဓာတ်ပဲ။ အရန်မီးသတ်ဆိုတာက လစာမရဘူး ၊ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က အဲ့ဒီအပိုင်းကို အရမ်းလုပ်ချင်တယ်။ သူတစ်ပါး ဒုက္ခရောက်နေတဲ့အချိန်မှာ တက်နိုင်သလောက် အားကြိုးမာန်တက်နဲ့ ဝင်ပြီးတော့ ကူညီချင်တယ်။ တစ်ဖက်တစ်လမ်းက ကူညီချင်တဲ့ စိတ်ရှိတဲ့အခါကျတော့ ညဘက် တစ်ရေးနိုးဆိုလည်း ကျွန်တော် ထသွားမယ်။ ဒါမျိုး ဝါသနာပါတာပေါ့'' လို့ ဆိုပါတယ်။

TYRON-2.jpg

 ဟာသသရုပ်ဆောင်ကစ်ကစ် ကျန်းမာဖို့ဆုတောင်းပေးခဲ့တဲ့ တိုင်ရွန်

တိုင်ရွန်ဟာ အရန်မီးသတ်ထဲဝင်မှာဖြစ်ပေမယ့် အနုပညာအလုပ်တွေနဲ့ တိုက်ဆိုင်လာမယ်ဆိုရင်တော့ အနုပညာအလုပ်တွေကို ပိုပြီးတော့ ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

'' မီးသတ်အလုပ်နဲ့ အနုပညာအလုပ်တွေ တိုက်ဆိုင်လာမယ်ဆိုရင်တော့ အနုပညာအလုပ်ကတော့ ကျွန်တော့်အတွက် Professional အလုပ်၊ ထမင်းစားရတဲ့အလုပ်ဖြစ်တဲ့ အတွက် ပိုပြီးတော့ ဦးစားပေးရမှာပေါ့။ ကျန်တဲ့အချိန်တွေကတော့ ကျွန်တော့် အိပ်ချိန်ထဲကပဲ ဖြစ်ဖြစ် မီးသတ်အပိုင်းတွေကို ကျွန်တော် ကူညီပေးသွားမှာပါ' လို့ သူကဆိုပါတယ်။

T-1.jpg

ပရဟိတစိတ်ဓာတ်ပြင်းပြတဲ့ တိုင်ရွန်ဟာ ဆီးချိုရောဂါကြောင့် မျက်စိကွယ်တော့မလိုဖြစ်နေတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို ဇွန်လ ၇ ရက်နေ့ကစပြီး နေအိမ်မှာ ငွေကြေးသွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ရန်ကုန်ဆေးရုံကြီးကိုပါ တစ်ခါတည်း ပို့ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ ဆေးဖိုးဝါးခ တွေကိုလည်း လှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ တိုင်ရွန့်ကို ပရိသတ်တွေက မော်ဒယ်တစ်ယောက် အနေနဲ့ စတင်သိခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာအလုပ်တွေ ပိုလုပ်လာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ သိရပါတယ်။

 

[Zawgyi Version]

 

မိန္းကေလးပရိသတ္ေတြရဲ႕ အသဲစြဲ မင္းသားေခ်ာတစ္ေယာက္ျဖစ္တဲ့ တုိင္ရြန္ ကေတာ့ မီးသတ္ထဲဝင္ဖုိ႔ ဆုံးျဖတ္လုိက္ပါၿပီတဲ့။ ပရဟိတ လုပ္ခ်င္တဲ့ စိတ္အားထက္သန္မႈေတြေၾကာင့္ မီးသတ္ထဲဝင္ဖုိ႔ ဆုံးျဖတ္လုိက္တာလုိ႔ သိရပါတယ္။ သူ႔အေနနဲ႔ ေငြအင္အားမတက္ႏုိင္ေပမယ့္ လူအင္အားအျဖစ္ ပါဝင္ခ်င္တယ္ဆုိၿပီးေတာ့ Duwun Media ကုိ ေျပာျပခဲ့ပါတယ္။

'' မီးသတ္ထဲကုိ ဝင္ျဖစ္တဲ့ စိတ္ကူးေလးက ပရဟိတအေနနဲ႔ ပထမဦးဆုံး ကၽြန္ေတာ္ ဟာသသရုပ္ေဆာင္ မကစ္ကစ္ကုိ လွဴျဖစ္ခဲ့တယ္။ အဲ့ဒီကေနစၿပီး အစ္ကုိတစ္ေယာက္လို ခင္ရတဲ့ ကုိရဲဟိန္းနဲ႔ တုိင္ပင္တယ္။ ကၽြန္ေတာ္ ပရဟိတအလုပ္ေတြ လုပ္ခ်င္တယ္လုိ႔ ေျပာေတာ့ သူကလည္း ညီေလး မီးသတ္ထဲဝင္မလားေပါ့။ သူကုိယ္တုိင္ကလည္း ေငြအင္အားေရာ၊ လူအင္အားေရာ ဒီအပုိင္းမွာ ဆုိက္ထုတ္ထားတဲ့ သူျဖစ္ေတာ့ သူ႔ကုိ အရမ္းေလးစားတယ္၊ အႏၱရာယ္မ်ားတယ္ဆိုရင္လည္း လုပ္မယ္ ကၽြန္ေတာ္ မီးသတ္ သင္တန္္းတက္ခ်င္တယ္၊ ၿပီးေတာ့ ေငြအားနဲ႔ မတက္ႏုိင္ရင္ေတာင္မွ လူအင္အားအျဖစ္ ကၽြန္ေတာ္ဝင္ခ်င္တာပါ''ဆုိၿပီးေတာ့ ဇြန္လ ၂၈ ရက္ေန႔က ငါ့ကုိနမ္းတဲ့မုန္တုိင္း ရုပ္ရွင္ ဇာတ္ကားႀကီး ေအာင္ျမင္မႈ အမွတ္တရ ညစာစားပြဲကုိ တက္ေရာက္ရင္း Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

 

အရန္မီးသတ္ဆုိတာ လစာမရေပမယ့္ ဒါဟာ ပရဟိတစိတ္ဓာတ္ျဖစ္တယ္လို႔ တုိင္ရြန္က ေျပာပါတယ္။

'' ဒီဟာက ပရဟိတစိတ္ဓာတ္ပဲ။ အရန္မီးသတ္ဆုိတာက လစာမရဘူး ၊ ဒါေပမယ့္ ကၽြန္ေတာ္ကုိယ္တုိင္က အဲ့ဒီအပုိင္းကုိ အရမ္းလုပ္ခ်င္တယ္။ သူတစ္ပါး ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ တက္ႏုိင္သေလာက္ အားႀကိဳးမာန္တက္နဲ႔ ဝင္ၿပီးေတာ့ ကူညီခ်င္တယ္။ တစ္ဖက္တစ္လမ္းက ကူညီခ်င္တဲ့ စိတ္ရွိတဲ့အခါက်ေတာ့ ညဘက္ တစ္ေရးႏုိးဆုိလည္း ကၽြန္ေတာ္ ထသြားမယ္။ ဒါမ်ဳိး ဝါသနာပါတာေပါ့'' လုိ႔ ဆုိပါတယ္။

 ဟာသသရုပ္ေဆာင္ကစ္ကစ္ က်န္းမာဖို႔ဆုေတာင္းေပးခဲ့တဲ့ တုိင္ရြန္

တုိင္ရြန္ဟာ အရန္မီးသတ္ထဲဝင္မွာျဖစ္ေပမယ့္ အႏုပညာအလုပ္ေတြနဲ႔ တုိက္ဆုိင္လာမယ္ဆုိရင္ေတာ့ အႏုပညာအလုပ္ေတြကုိ ပုိၿပီးေတာ့ ဦးစားေပးသြားမယ္လုိ႔ ဆုိပါတယ္။

'' မီးသတ္အလုပ္နဲ႔ အႏုပညာအလုပ္ေတြ တိုက္ဆုိင္လာမယ္ဆုိရင္ေတာ့ အႏုပညာအလုပ္ကေတာ့ ကၽြန္ေတာ့္အတြက္ Professional အလုပ္၊ ထမင္းစားရတဲ့အလုပ္ျဖစ္တဲ့ အတြက္ ပုိၿပီးေတာ့ ဦးစားေပးရမွာေပါ့။ က်န္တဲ့အခ်ိန္ေတြကေတာ့ ကၽြန္ေတာ့္ အိပ္ခ်ိန္ထဲကပဲ ျဖစ္ျဖစ္ မီးသတ္အပုိင္းေတြကုိ ကၽြန္ေတာ္ ကူညီေပးသြားမွာပါ' လုိ႔ သူကဆုိပါတယ္။

ပရဟိတစိတ္ဓာတ္ျပင္းျပတဲ့ တုိင္ရြန္ဟာ ဆီးခ်ဳိေရာဂါေၾကာင့္ မ်က္စိကြယ္ေတာ့မလုိျဖစ္ေနတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္ကုိ ဇြန္လ ၇ ရက္ေန႔ကစၿပီး ေနအိမ္မွာ ေငြေၾကးသြားေရာက္လွဴဒါန္းခဲ့တယ္လုိ႔ သိရပါတယ္။ အဲ့ဒီေနာက္ ရန္ကုန္ေဆးရုံႀကီးကုိပါ တစ္ခါတည္း ပုိ႔ေဆာင္ေပးခဲ့ၿပီး လုိအပ္တဲ့ ေဆးဖုိးဝါးခ ေတြကုိလည္း လွဴဒါန္းခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။ တုိင္ရြန္႔ကုိ ပရိသတ္ေတြက ေမာ္ဒယ္တစ္ေယာက္ အေနနဲ႔ စတင္သိခဲ့ တာျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ အႏုပညာအလုပ္ေတြ ပုိလုပ္လာရၿပီး ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးေနရၿပီလို႔ သိရပါတယ္။

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs