အမေရိကန်မှာ ဇန်နဝါရီလအတွင်း ပထမဆုံး COVID-19 အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၂၀၀,၀၀၀ ကျော်လွန်ပြီဖြစ်ကြောင်း Johns Hopkins University (JHU) ရဲ့ စက်တင်ဘာ ၂၂ ရက်နေ့ အချက်အလက်တွေအရ သိရှိရပါတယ်။

(Photo: AFP)

JHU ရဲ့ အချက်အလက်တွေအရ အမေရိကန်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူကလည်း ၆.၈ သန်းကျော်နဲ့ သေဆုံးသူ ၂၀၀,၁၈၂ ဦးရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်ပြီးလျှင် သေဆုံးမှုအများဆုံး နိုင်ငံတွေမှာ ဘရာဇီးနဲ့ အိန္ဒိယဖြစ်ပြီး သေဆုံးသူ ၁၃၇,၂၇၂ ဦးနဲ့ ၈၈,၉၃၅ ဦး အသီးသီး ရှိခဲ့ပါတယ်။



အမေရိကန်မှာ မြောက်ဒါကိုတာနဲ့ ယူတား အပါအဝင် ပြည်နယ်အများအပြားမှာ လတ်တလောအတွင်း ကူးစက်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ COVID-19 ကပ်ရောဂါအတွက် တရုတ်နိုင်ငံက တာဝန်ခံရမှာဖြစ်ပြီး ကူးစက်ပျံနှံ့မှုကို ရပ်တန့်နိုင်ခဲ့သင့်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ပါတယ်။

(Photo: BBC)

သေဆုံးသူဦးရေဟာ ကြောက်စရာကောင်းတဲ့ အခြေအနေဖြစ်ကြောင်း၊ အမေရိကန်အစိုးရက ထိန်းချုပ်ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ပါက လူ ၂ သန်း၊ ၂.၅ သန်း သို့မဟုတ် ၃ သန်း သေဆုံးနိုင်ခဲ့ကြောင်းလည်း COVID-19 ကြောင့် သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ထရန့်က ကာကွယ်ပြောဆိုခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

ဇန်နဝါရီလအတွင်း ပထမဆုံး COVID-19 အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ရတဲ့ အမေရိကန်မှာ ကူးစက်ဖြစ်ပွားမှုထိန်းချုပ်ရေး သမ္မတထရန့်ရဲ့အစိုးရက ကိုင်တယ်ဆောင်ရွက်မှုအပေါ် အကြိမ်ကြိမ် ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။ လတ်တလော သီတင်းများအတွင်း မြောက်ဒါကာတာပြည်နယ်မှာ COVID-19 ကူးစက်မှုတွေ သိသာစွာ မြင့်တက်ခဲ့ပါတယ်။

တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်မှုအရ မြောက်ဒါကိုတာမှာ စက်တင်ဘာ ၂၁ ရက်နေ့က ကူးစက်ခံရသူ ၃,၂၀၀ ကျော် တိုးလာခဲ့ပြီး ၈၇ ဦးကို ဆေးရုံတင်ထားရပါတယ်။ COVID-19 ကူးစက်မှုတွေဟာ ယူတား၊ တက္ကဆက်နဲ့ တောင်ဒါကိုတာ ပြည်နယ်တွေမှာလည်း မြင့်တက်လျက်ရှိပါတယ်။

အမေရိကန်မှာ လာမယ့် ဆောင်းရာသီ လများအတွင်း ကူးစက်မှုတွေ ဆက်လက် မြင့်တက်လာနေမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Anthony Fauci က ဆောင်ဦးရာသီနဲ့ ဆောင်းရာသီမတိုင်မီ အမေရိကန်မှာ ကူးစက်မှုတွေ လျော့နည်းစေရန် လုပ်ဆောင်သင့်ကြောင်း ယခုလအစောပိုင်းမှာ သတိပေးခဲ့ပါတယ်။

အမေရိကန်မှာ COVID-19 ဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုရှိလာ

Share

Loading Next Article...
က္က