အီစတာပွဲတော် အားလပ်ရက်အတွင်း သီရိလင်္ကာကို အလည်အပတ် ရောက်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုများအတွင်း ဒိန်းမတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖက်ရှင်လုပ်ငန်းရှင် ဘီလျံနာသူဌေးကြီး အန်ဒါစ်ဟိုလ်ပေါ့ဗ်ဆန် (Anders Holch Povlsen) ရဲ့ ကလေးသုံးဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(ဒိန်းမတ်ဘီလျံနာ ပေါ့ဗ်ဆန်နှင့် ဇနီး အန်းစတွန်းမ် ပက်ဒါဆန်) (Photo: AFP)

ဧပြီ ၂၁ ရက် အီစတာဆန်းဒေးနေ့ (Easter Sunday) က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့နဲ့ အနီးပတ်ဝန်းကျင် နေရတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၃ ရက်အထိ စာရင်းတွေအရ လူ ၃၂၁ ဦးထက်မနည်း သေဆုံးပြီး အခြား လူ ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ ဒိန်းမတ်ဘီလျံနာ ပေါ့ဗ်ဆန်ရဲ့ကလေးတွေက အီစတာပွဲတော် အားလပ်ရက်အတွင်း သီရိလင်္ကာကို အလည်အပတ် ရောက်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။



"ကံဆိုးစွာနဲ့ပဲ ဒီသတင်း မှန်တယ်လို့ ကျွန်တော်တို့ အတည်ပြုပါတယ်၊ မိသားစုရဲ့ privacy ကို ကျေးဇူးပြုပြီး လေးစားကြဖို့ မေတ္တာရပ်ခံပါတယ်၊ ဒါကြောင့် ကျွန်တော်တို့မှာ နောက်ထပ် မှတ်ချက်ပေးစရာ မရှိပါဘူး" လို့ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ အချက်အလက်များ မေးမြန်းမှုအပေါ် ဘီလျံနာပေါ့ဗ်ဆန်ရဲ့ ဖက်ရှင်ကုမ္ပဏီ Bestseller မှ ပြောခွင့်ရအမျိုးသားက ဒိန်းမတ်သတင်းဌာန Rtizau ကို ပြောခဲ့ပါတယ်။

(Bestseller ဖက်ရှင်ဝက်ဘ်ဆိုက်) (Photo: shop.bestseller.com)

အသက် ၄၆ နှစ်အရွယ် ဘီလျံနာပေါ့ဗ်ဆန်ဟာ ၂၀၁၈ ခုနှစ် စာရင်းတွေအရ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံဖြင့် ဒိန်းမတ်နိုင်ငံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၎င်းက စကော့တလန်မှာလည်း သမိုင်းဝင် အိမ်ခြံမြေ အများအပြား ဝယ်ယူခဲ့ပြီးနောက် မြေပိုင်ဆိုင်မှုအများဆုံး မြေပိုင်ရှင်ကြီးဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။ ဘီလျံနာပေါ့ဗ်ဆန်ဟာ ဒိန်းမတ်အခြေစိုက် ဖက်ရှင်ကုမ္ပဏီ Bestseller နဲ့ ဗြိတိန်အခြေစိုက် ဖက်ရှင်နဲ့အလှကုန် အွန်လိုင်း လက်လီအရောင်းကုမ္ပဏီ ASOS တို့မှာင်းနှီးမြှုပ်နှံထားပါတယ်။

ဒါ့အပြင် ဂျာမနီနိုင်ငံ ဘာလင်မြို့အခြေစိုက် Zalando အွန်လိုင်း လက်လီအရောင်းကုမ္ပဏီမှာလည်း ၎င်းရဲ့ရှယ်ယာများ ပါဝင်ကြောင်းသိရပါတယ်။ ဘီလျံနာပေါ့ဗ်ဆန်နဲ့ ၎င်းရဲ့ဇနီး အန်းစတွန်းမ် ပက်ဒါဆန်တို့မှာ သမီးသုံးဦးနဲ့ သားတစ်ဦးရှိပြီး ယခု သေဆုံးခဲ့တဲ့ ကလေးသုံးဦးမှာ မည်သူတွေဖြစ်ကြောင်းကိုတော့ မိသားစုက ထုတ်ဖော်ပြောခြင်း မရှိဘူးလို့ The Guardian သတင်းမှာ ဖော်ပြထားပါတယ်။

(ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟိုတယ်တစ်ခုမြင်ကွင်း) (Photo: Getty Images)

သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုတွေကို လူသိနည်းတဲ့ ပြည်တွင်းအခြေစိုက် အစွန်းရောက် အစ္စလာမ်စ်အုပ်စု National Thowheed Jamath (NTJ) က လုပ်ဆောင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဧပြီ ၂၁ ရက်နေ့က သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနဲ့ ဇိမ်ခံဟိုတယ်သုံးလုံး၊ ကိုလံဘိုအပြင်ဘက် Negombo မြို့နဲ့ Batticaloa မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

(ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဘုရားကျောင်းအတွင်းမြင်ကွင်း) (Photo: Reuters)

ဒါ့အပြင် အဆိုပါ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် နာရီပိုင်းအကြာမှာပင် ကိုလံဘိုမြို့မှာ နောက်ထပ် ဗုံးပေါက်ကွဲမှုနှစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး တစ်ရက်တည်းမှာ ပေါက်ကွဲမှု ၈ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။ ကိုလံဘိုမြို့တော် Kochchikade အရပ်ဒေသရှိ ခရစ်ယာန်ဘုရားကျောင်း၊ ကိုလံဘိုမြို့တော်အပြင်ဘက် Negombo မြို့နဲ့ Batticaloa မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း၊ ကိုလံဘိုမြို့တော်ရှိ Shangri La, Cinnamon Grand နဲ့ Kingsbury ဟိုတယ်တွေမှာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က