အသက်ရှူချိန်မှာပင် ထွက်လာတဲ့ အရည်အစက်များ သို့မဟုတ် သေးငယ်တဲ့ အမှုန်များမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ နောက်ဆုံး ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ ပညာပေးလမ်းညွှန်ချက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ဟာ လေမှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ကြောင်း လက်ခံဖော်ပြထားပါတယ်။

(Photo: Tami Chappell/Reuters)

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ လူတစ်ဦး အသက်ရှူချိန်မှာပင် ထွက်ရှိလာပြီး လေထဲမှာ လွင့်မျောပျံ့နှံ့နိုင်တဲ့ အရည်အစက်လေးများ သို့မဟုတ် သေးငယ်တဲ့ အမှုန်လေးများနဲ့အတူပါသွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (Centers for Disease Control and Prevention - CDC) က ဆိုပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် လေမှတစ်ဆင့် ပျံ့နှံ့နိုင်တဲ့ ဗိုင်းရပ်စ်တွေဟာ တစ်ဦးမှတစ်ဦး ကူးစက်မှုအဖြစ်ဆုံးနဲ့ အလွယ်တကူ ပျံ့နှံ့ကြောင်း အမေရိကန် CDC က ပြောထားကြောင်း CNN သတင်းမှာ ဖော်ပြတယ်။



(Photo: Pexels)

အမေရိကန် CDC က COVID-19 ဟာ အဓိကအားဖြင့် လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခန့် အနီးကပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့ကြောင်းနဲ့ ရောဂါရှိသူတစ်ဦး ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် စကားပြောခြင်းမှ ထွက်ရှိလာတဲ့ အရည်အစက်များမှတစ်ဆင့် ကူးစက်ပျံနှံ့ကြောင်း ယခင်က ပြောထားခဲ့တာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်း ရာနဲ့ချီတဲ့ သိပ္ပံပညာရှင်များ ပြောကြား

သောကြာနေ့ (စက်တင်ဘာ ၁၈ ရက်) မှာ အမေရိကန် CDC က အသစ်ထုတ်ပြန်ခဲ့ရာမှာတော့ COVID-19 ဟာ အများအားဖြင့် လူတစ်ဦးနဲ့တစ်ဦး အနီးကပ်ထိတွေ့ရာမှ ကူးစက်ပျံနှံ့ကြောင်း ဖော်ပြထားဆဲဖြစ်သလို လူတစ်ဦး ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ သီချင်းဆိုခြင်း၊ စကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းမှ ထွက်လာတဲ့ အရည်အစက်လေးများ သို့မဟုတ် သေးငယ်တဲ့ အမှုန်လေးများနဲ့အတူပါသွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့ကြောင်း ဖြည့်စွက်ပြင်ဆင် ပြောကြားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲကနေ ကူးစက်နိုင်ကြောင်း ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင် အများအပြားကလည်း ပြောထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နိုင်ငံ ၃၂ နိုင်ငံရှိ သိပ္ပံပညာရှင် ၂၃၉ ဦးက လေထုအတွင်း သေးငယ်တဲ့ အမှုန်အမွှားလေးများထဲရှိ‌ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေကို ကူးစက်နိုင်တဲ့ အထောက်အထားရှိကြောင်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အနေနဲ့ အကြံပြုချက်တွေကို ပြင်ဆင်ရန် တောင်းဆိုခဲ့ပါတယ်။ ထို့နောက် WHO ကလည်း ကိုရိုနာဗိုင်းရပ်စ်က လေမှတစ်ဆင့် ကူးစက်နိုင်တဲ့ အထောက်အထားရှိလာခြင်းကို ဇူလိုင် ၇ ရက်နေ့မှာ လက်ခံအသိအမှတ်ပြုခဲ့ကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်း အထောက်အထားရှိလာခြင်းကို WHO လက်ခံ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က