ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကုန်းတွင်းပိုင်နေရာတွေမှာ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံတောင်ပိုင်း နေရာဒေသများတစ်လျှောက် မုန်တိုင်းတစ်ခု ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေ ရှိနေကြောင်း The Local France သတင်းဝက်ဘ်ဆိုက် ယနေ့ (အောက်တိုဘာ ၃ ရက်) ဖော်ပြပါတယ်။

(Photo: AFP)

မုန်တိုင်း Alex တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး French Riviera ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကုန်းတွင်းပိုင်နေရာတွေမှာ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။ ရေကြီးမှုကြောင့် တံတားများပြိုကျမှုနဲ့ မြစ်ရေလျှံတက်ကာ လမ်းမများ ရေနစ်မြုပ်နေခဲ့တယ်လို့ ဆိုပါတယ်။



Nice မြို့တစ်ခွင်မှာလည်း ရေကြီးမှုများ ဖြစ်ပေါ်နေခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ Meteo France မိုးလေဝသဌာနက ထုတ်ပြန်မှုအရ နေရာအချို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၇.၇ လက်မ ရွာသွန်းခဲ့ကြောင်းနဲ့ ထိုပမာဏဟာ လေးလစာ မိုးရေချိန်နဲ့ညီမျှတယ်လို့ သိရပါတယ်။

(Photo: @Prefet56/Twitter)

မုန်တိုင်း Alex ကြောင့် ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်)နဲ့ သောကြောနေ့ (အောက်တိုဘာ ၂ ရက်) အတွင်း Brittany နယ်မြေမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၁ မိုင်ကျော်တဲ့ လေပြင်းများတိုက်ခတ်ခဲ့ပါတယ်။ ယနေ့ မနက်ပိုင်းမှာ မုန်တိုင်းဖြတ်သန်းရာ နေရာဒေသများအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်မှု အနီရောင်အဆင့် သတိပေးချက်ကို ရုပ်သိမ်းလိုက်ကြောင်း၊ သို့သော် ရေကြီးမှုကြောင့် သက်ရောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

(Photo: AFP)

အာဏာပိုင်တွေရဲ့ အဆိုအရ မုန်တိုင်း Alex ဖြတ်သန်းတိုက်ခတ်ပြီးနောက် မီးသတ်သမားနှစ်ဦး အပါအဝင် လူ ၁၂ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။ "လက်ရှိမှာ လူကိုးဦး ပျောက်ဆုံးနေတယ်လို့ သတင်းရရှိထားပါတယ်၊ နောက်ထပ် လူသုံးဦးလည်း ပျောက်ဆုံးနေတယ်လို့ သံသယရှိပါတယ်" လို့ မီးသတ်သမားတွေက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ယနေ့ နောက်ပိုင်းမှာတော့ Nice မြို့တော်ဝန် Christian Estrosi က အလောင်းနှစ်လောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ မုန်တိုင်း Alex ဟာ အီတလီနိုင်ငံကို ဆက်လက် ဦးတည်ချဥ်းကပ်နေကြောင်း သိရပါတယ်။

ပြင်သစ်နဲ့ အီတလီမှာ မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်

.

Share

Loading Next Article...
က္က