ထရန့်ကို အားပေးထောက်ခံမှု အားနည်းခဲ့ခြင်းအတွက် သားနှစ်ဦးက ရီပတ်ဘလစ်ကင်တွေကို အပြစ်တင်ခဲ့ကြပါတယ်။

အမေရိကန်သမ္မအဖြစ် ပြန်လည်ရွေးကောက်ခံရရေး ရုန်းကန်ရစဥ် သမ္မတဒေါ်နယ်ထရန့်ကို အားပေးထောက်ခံမှု အားနည်းခဲ့ခြင်းအတွက် ၎င်းရဲ့သားနှစ်ဦးက ရီပတ်ဘလစ်ကင်တွေကို အပြစ်တင် ပြောဆိုခဲ့ကြပါတယ်။

(ထရန့်နဲ့ သားနှစ်ဦး) (Photo: NBC News)

ယခုပြောဆိုမှုဟာ ထရန့်နောက်လိုက်တွေနဲ့ ပါတီကြားမှာ စိတ်ဝမ်းကွဲရှိလာကြောင်း ထင်ဟပ်ပေါ်လွင်စေခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်ကို တိကျပြတ်သွားစွာ မရသိရသေးဘဲ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က ထရန့်ထက် အသာရပြီး အနိုင်ရရန် နီးစပ်နေတဲ့ အခြေအနေဖြစ်ပါတယ်။



ထရန့်ကတော့ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန်ရှိခဲ့ကြောင်း သက်သေအထောက်အထားမဲ့ ပြောဆိုခဲ့ပြီးနောက် မဲရေတွက်မှုလုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ စိန်ခေါ်အရေးဆိုမှုတွေ လုပ်သွားမယ်လို့ ကြုံးဝါးထားပါတယ်။

(မစ်တ်ရွမ်နေးနဲ့ လာရီဟိုဂန်) (Photo: AP)

ယူတားပြည်နယ်မှ ဆီးနိတ်လွှတ်တော်အမတ် မစ်တ်ရွမ်နေး (Mitt Romney) နဲ့ မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး လာရီဟိုဂန် (Larry Hogan) တို့ကဲ့သို့ ရီပတ်ဘလစ်ကင်ပါတီရဲ့ ဝါရင့်နိုင်ငံရေးသမားတွေကတော့ ဒီမိုကရေစီဖြစ်စဥ်ကို လျော့ပါးစေနိုင်မှုအပေါ် သတိပေးခဲ့ကြပါတယ်။

၎င်းတို့ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီ သမ္မတလောင်းတွေအဖြစ် ပါဝင်ယှဥ်ပြိုင်နိုင်ဖွယ်ရှိသူတွေလည်း ဖြစ်ပါတယ်။ သို့သော် ထရန့်ရဲ့သားကြီးဖြစ်သူ ဒေါ်နယ်ထရန့်ဂျူနီယာကတော့ ထိုသို့ သတိပေးခဲ့ကြတဲ့ ရီပတ်ဘလစ်ကင်တွေကို ဒေါသထွက်ခဲ့တယ်လို့ ဆိုပါတယ်။

(အဲရစ်ထရန့်နဲ့ ဒေါ်နယ်ထရန့်ဂျူနီယာ) (Photo: AP)

"၂၀၂၄ GOP (ရီပတ်ဘစ်လကင်) အလားအလာရှိသူတွေဆီကနေ အားပေးမှုမရှိတာက တော်တော်အံ့ဩစရာပဲ၊ သူတို့ဟာ လိုလိုးလားလားနဲ့ ရေကုန်ရေခမ်း စောဒကတက် အရေးဆိုနိုင်ကြောင်း ပြသနိုင်တဲ့ ပြီးပြည့်စုံတဲ့ စင်မြင့်တစ်ခုရှိရမယ်အစား မီဒီယာတွေက ရေးသားဖော်ပြမှုတွေအောက်မှာ ကုပ်နေခဲ့ကြတယ်" လို့ ထရန့်ဂျူနီယာက Twitter မှာ ရေးသားခဲ့ပါတယ်။

"ရီပတ်ဘလစ်ကင်တွေက ဆယ်စုနှစ်တွေနဲ့ချီပြီး အားနည်းခဲ့ကြတာက ဒီလိုတွေ ဖြစ်စေခဲ့တာပဲ" လို့လည်း ထရန့်ဂျူနီယာက ပြောခဲ့ပါတယ်။ ၎င်းရဲ့ညီ အဲရစ်ထရန့် (Eric Trump) ကလည်း "ရီပတ်ဘလစ်ကင်တွေ ဘယ်မှာလဲ? အားပေးထာက်ခံကြပါ၊ ဒီမသမာမှုကို ရင်ဆိုင်တိုက်ခိုက်ပါ" လို့ Twitter မှာ ရေးခဲ့ပါတယ်။ ထရန့်ရဲ့သားနှစ်ဦးက ၎င်းတို့ရဲ့ဖခင်ကို အားပေးထောက်ခံပြီး ခုခံကာကွယ်ပြောကြတဲ့ ရီပတ်ဘလစ်ကင်တွေကို အမည်တပ်ပြီး ချီးမွှမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။  

Share

Loading Next Article...
က္က