ကိုယ်ခံစွမ်းအားစနစ် တုံ့ပြန်မှုကို အလျင်အမြန် ဖြစ်ပေါ်စေကြောင်း တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးဟာ အလယ်အဆင့်စမ်းသပ်မှုအရ အောင်မြင်မှုရှိခဲ့ကြောင်း တွေ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။

(Photo: Reuters)

တရုတ်မှာ ဖော်စပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေရှိပြီး အချို့ကို အစိုးရက အသုံးပြုခွင့်ပေးထားပြီး ဖြစ်ပါတယ်။ တရုတ်ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac Biotech ရဲ့ ကာကွယ်ဆေးကို လူ ၇၀၀ ဝန်းကျင်မှာ စမ်းသပ်မှုရလဒ်အရ ကိုယ်ခံစွမ်းအားစနစ် တုံ့ပြန်မှုကို အလျင်အမြန် ဖြစ်ပေါ်စေကြောင်း တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။



ဥရောပနဲ့ အမေရိကန်ထုတ် ကာကွယ်ဆေးတွေကို နောက်ဆုံးအဆင့် စမ်းသပ်မှုတွေအရ အောင်မြင်မှုရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်ကာကွယ်ဆေးကလည်း အလယ်အဆင့် စမ်းသပ်မှုမှာ အောင်မြင်ခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၁၈ ရက်) သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

(Photo: Reuters)

အမေရိကန်အခြေစိုက် Moderna ဆေးဝါးကုမ္ပဏီထုတ် ကာကွယ်ဆေး၊ ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer တို့ရဲ့ ကာကွယ်ဆေးနဲ့ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးတွေဟာ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေအရ COVID-19 ကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ရလဒ်ထွက်ပေါ်ထားပါတယ်။

ထိုကာကွယ်ဆေးသုံးမျိုးကို လူဦးရေ သောင်းနဲ့ချီပါဝင်တဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက ထုတ်လုပ်ထားပြီး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ ပြုလုပ်နေတဲ့ COVID-19 ကာကွယ်ဆေး လေးမျိုးရှိကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ၎င်းတို့အနက်မှ အနည်းဆုံး သုံးမျိုးကို မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်းတွေမှာ အရေးပေါ်သုံးအဖြစ် ဇူလိုင်လမှစပြီး ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ China National Pharmaceutical Group (Sinopharm) နဲ့ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ Sinovac Biotech ကုမ္ပဏီတို့က ကာကွယ်ဆေးသုံးမျိုး ထုတ်လုပ်စမ်းသပ်နေပါတယ်။ ၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေးကို ယခုနှစ်ကုန်မှာ အများပြည်သူအတွက် အသုံးပြုနိုင်ရန် အဆင့်သင့်ဖြစ်မယ်လို့ တရုတ်အစိုးရပိုင် Sinopharm ကုမ္ပဏီက ဇူလိုင်လအတွင်း ပြောထားခဲ့ပါတယ်။

Sinovac ကာကွယ်ဆေးကို ပထမအဆင့် (phase 1) မှာ လူ ၁၄၄ ဦးနဲ့လည်းကောင်း၊ ဒုတိယအဆင့် (phase 2) မှာ လူ ၆၀၀ ဦးနဲ့လည်းကောင်း စမ်းသပ်ခဲ့တဲ့ရလဒ်တွေအရ ကာကွယ်ဆေးဟာ အရေးပေါ်အခြေအနေသုံးအဖြစ် သင့်တော်ကြောင်းတွေ့ရတယ်လို့ Zhu Fengcai စမ်းသပ်မှုရလဒ်စာတမ်းကို ရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Zhu Fengcai က ပြောပါတယ်။

(Photo: CFP)

Sinovac ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု (phase 3) ကိုတော့ လူဦးရေး သောင်းဂဏန်းမှာ စမ်းပ်ထားဆဲဖြစ်ပြီး ရလဒ်များမထွက်ပေါ်သေးပါဘူး။ လူဦးရေ သောင်းဂဏန်းပါဝင်တဲ့ တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုများကို ပါကစ္စတန်၊ ဆော်ဒီအာရေဗီးယား၊ ရုရှား၊ အင်ဒိုနီးရှားနဲ့ ဘရာဇီး နိုင်ငံတွေမှာ ပြုလုပ်နေပါတယ်။

တာဝန်ရှိသူတွေရဲ့ အဆိုအရ နိုဝင်ဘာလအစောပိုင်းမှာ လူဦးရေ ၆၀,၀၀၀ နီးပါးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး အနည်းဆုံး သုံးမျိုးကို မဖြစ်မနေထိုးနှံရန် လိုအပ်တဲ့ ဝန်ထမ်းတွေအတွက် အသုံးပြုခွင့်ပေးထားခဲ့ပါတယ်။ နောက်ထပ် ကာကွယ်ဆေးတစ်မျိုးကိုတော့ တရုတ်စစ်တပ်သုံးအဖြစ် ဇွန်လအတွင်း ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က