အောက်စ်ဖို့တက္ကသိုလ်က ဗြိတိန်ကျန်းမာရေးဝန်ထမ်းများအတွင်း လေ့လာဆန်းစစ်ခဲ့မှုရလဒ် ဖြစ်ပါတယ်။
Ko John

COVID-19 ရောဂါဖြစ်ခဲ့ဖူးသူတွေဟာ ပထမဆုံးအကြိမ် ကူးစက်ခံရပြီးနောက် အနည်းဆုံး ခြောက်လကြာ နောက်တစ်ကြိမ် ပြန်လည်ကူးစက်ခံရမှု မဖြစ်နိုင်ကြောင်း ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်က ဆိုပါတယ်။

(Photo: AFP/Getty Images)

ယခု လေ့လာတွေ့ရှိမှုက ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ ၅၇ သန်းကျော်အတွက် အနည်းငယ် စိတ်သက်သာစရာလို့ အောက်စ်ဖို့တက္ကသိုလ် (Oxford University) မှ သုတေသီတွေက ပြောပါတယ်။ "ဒီဟာက တစ်ကယ့် သတင်းကောင်းပါ၊ ဘာကြောင့်လဲဆိုတော့ COVID-19 ရှိခဲ့ဖူးသူတွေဟာ အနည်းဆုံး ကာလတိုအတွင်းမှာ နောက်တစ်ကြိမ် ပြန်ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်၊ " လို့ လေ့လာမှုကို ဦးဆောင်ခဲ့သူ အောက်စ်ဖို့တက္ကသိုလ်ရဲ့ Nuffield Department of Population Health မှ ပါမောက္ခဒေးဗစ်အိုင်ရီးက ပြောပါတယ်။

တစ်ကမ္ဘာလုံးရဲ့ မျှော်လင့်ချက် (သို့မဟုတ်) ကိုဗစ်ကာကွယ်ဆေးများ

ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကြောင့်ဖြစ်တဲ့ COVID-19 နောက်တစ်ကြိမ် ပြန်လည်ကူးစက်ခံရတဲ့ ဖြစ်ရပ်တွေရှိခဲ့ဖူးရာ ခံနိုင်ရည်ရှိမှုဟာ အချိန်တိုအတွင်း ပျောက်ဆုံးသွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ယခင် လေ့လာမှုအချို့အရ COVID-19 ဖြစ်ခဲ့ပြီးနောက် ပြန်လည်သက်သာလာသူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိမှု (ပဋိပစ္စည်းများရှိထားမှု) ဟာ သုံးလမှ လေးလအတွင်း ပျောက်ဆုံးသွားနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

(Photo: Reuters)

ပဋိပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဆဲလ်များအတွင်းသို့ ဗိုင်းရပ်စ်ဝင်ရောက်မှုကို ဟန့်တားပေးပါတယ်။ ယခုအခါ အောက်စ်ဖို့တက္ကသိုလ်မှ သုတေသီတွေက ဗြိတိန်ကျန်းမာရေးဝန်ထမ်းများအတွင်း ပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်အရ COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်မှုဟာ အလွန်ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ ကူးစက်ခံရမှုအန္တရာယ် အမြင့်ဆုံးအုပ်စုထဲမှာ ပါဝင်ပါတယ်။

COVID-19 ကူးစက်ခံရခြင်းက လူအများစုမှာ အနည်းဆုံး ခြောက်လကြာ ပြန်ကူးစက်မခံရအောင် ကာကွယ်ပေးပါတယ်၊ လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ ပဋိပစ္စည်းရှိထားသူတွေမှာ ရောဂါလက္ခဏပြတဲ့ ကူးစက်မှုအသစ် မတွေ့ခဲ့ရပါဘူး

"COVID-19 ကူးစက်ခံရခြင်းက လူအများစုမှာ အနည်းဆုံး ခြောက်လကြာ ပြန်ကူးစက်မခံရအောင် ကာကွယ်ပေးပါတယ်၊ လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ ပဋိပစ္စည်းရှိထားသူတွေမှာ ရောဂါလက္ခဏပြတဲ့ ကူးစက်မှုအသစ် မတွေ့ခဲ့ရပါဘူး" လို့ ပါမောက္ခဒေးဗစ်အိုင်ရီးက ပြောပါတယ်။ ယခုလေ့လာမှုကို ဧပြီနဲ့ နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့ကြောင်းနဲ့ လေ့လာမှုရလဒ်အပေါ် အခြား သိပ္ပံပညာရှင်တွေက အပြန်အလှန်သုံးသပ်မှု မလုပ်ရသေးပေမဲ့ MedRxiv ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


(Photo: Reuters)

လေ့လာမှုအတွင်း ပဋိပစ္စည်းများ မရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၁၁,၀၅၂ ဦးအနက် ၈၉ ဦးမှာ ရောဂါလက္ခဏာပြတဲ့ ကူးစက်မှုဖြစ်ခဲ့ပြီး ပဋိပစ္စည်းများရှိထားတဲ့ ကျန်းမာရေးဝန်ထမ်း ၁,၂၄၆ ဦးမှာတော့ ရောဂါလက္ခဏာပြတဲ့ ကူးစက်မှုမဖြစ်ခဲ့ကြောင်း တွေ့ခဲ့ရပါတယ်။ ထို့အတူ ပဋိပစ္စည်းများရှိထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါလက္ခဏာမပြတဲ့ COVID-19 ကူးစက်ခံရမှုလည်း ဖြစ်နိုင်ခြေနည်းကြောင်း သုတေသီတွေက ပြောပါတယ်။

ပဋိပစ္စည်းများမရှိသူ ၇၆ ဦးဟာ ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံရမှုဖြစ်ခဲ့ပြီး ပဋိပစ္စည်းများရှိထားသူတွေမှာတော့ သုံးဦးသာ ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံရမှု တွေ့ခဲ့ရပါတယ်။ "COVID-19 ကူးစက်မှုကို ဘယ်လောက်ကြာကြာ ကာကွယ်နိုင်လဲဆိုတာနဲ့ ယခင် ကူးစက်ခံခဲ့ရမှုက နောက်တစ်ကြိမ် ကူးစက်ခံရတဲ့အခါ ရောဂါပြင်းထန်မှုအပေါ် သက်ရောက်မှုရှိ မရှိ သိရဖို့ ဒီကျန်းမာရေးဝန်ထမ်းတွေကို ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်သွားမှာပါ" လို့ ပါမောက္ခဒေးဗစ်အိုင်ရီးက ပြောပါတယ်။

(Photo: AFP/Getty Images)

"လူတွေမှာ ကိုယ်ခံစွမ်းအားတုံ့ပြန်မှု ဆက်ရှိနေမှု တွေ့ရတာက တစ်ကယ့် သတင်းကောင်းပါ၊ ကာကွယ်ဆေးအတွက်လည်း ဒါက မျှော်လင့်ချက်ဖြစ်စေပါတယ်" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အရေးပေါ်အခြေအနေဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမိုက်ရိုင်ယန်က သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပြုခဲ့ပါတယ်။

လူတိုင်း Mask တပ်ခြင်းဖြင့် lockdown တွေကို ရှောင်လွဲနိုင်ကြောင်း WHO ဥရောပဆိုင်ရာ အကြီးအကဲပြော

"ခံနိုင်ရည်ရှိမှုက ဘယ်လောက်ကြာကြာရှိနေလဲသိရဖို့ အခု လေ့လာတွေ့ရှိထားတဲ့ လူတွေကို အချိန်ပိုမိုရှည်ကြာ စောင့်ကြည့်ဖို့လိုအပ်ပါတယ်" လို့ COVID-19 နဲ့ ပတ်သက်တဲ့ WHO ရဲ့ နည်းစနစ်ဆိုင်ရာ အကြီးအကဲ မာရီယာဗန်ကာ့ခ်ဟိုဗီက ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က