အချက်အလက်တွေအရ ကိုဗစ်ကူးစက်ပျံ့မှု၊ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှ အောက်စ်ဖို့တက္ကသိုလ် (Oxford University) နဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးက ဘေးကင်းပြီး ထိရောက်မှုရှိကြောင်းနဲ့ ကောင်းမွန်တဲ့ ကာကွယ်မှုပေးနိုင်ကြောင်း သုတေသီတွေက The Lancet ဆေးပညာဂျာနယ်မှာ အတည်ပြုထားပါတယ်။

(Photo: Oxford University)

Oxford-AstraZeneca ကာကွယ်ဆေးကို အသက် ၅၅ နှစ်အောက်အရွယ်တွေမှာ စမ်းသပ်ခဲ့တာဖြစ်ပေမဲ့ ထို့ထက်ပိုပြီး အသက်ကြီးသူတွေမှာလည်း ကောင်းစွာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ကာကွယ်ဆေးဟာ COVID-19 ကူးစက်ပျံ့မှု၊ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကို လျှော့ချပေးနိုင်ကြောင်းလည်း စမ်းသပ်မှုရလဒ် အချက်အလက်တွေက ဖော်ပြထားပါတယ်။



Oxford-AstraZeneca ကာကွယ်ဆေးကို လူဦးရေ ၂၀,၀၀၀ ကျော်နဲ့ နောက်ဆုံးအဆင့်စမ်းသပ်မှု ရလဒ်များကို လွတ်လပ်တဲ့ သိပ္ပံပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ စမ်းသပ်မှုရလဒ် အချက်အလက်တွေကို ကြည့်ရှုသုံးသပ်သွားမယ့် သက်ဆိုင်ရာ ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က Oxford-AstraZeneca ကာကွယ်ဆေးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ပေးရန် စဥ်းစားနေပါတယ်။

(Photo: John Kairns/Oxford University)

Oxford-AstraZeneca ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု ကြားဖြတ်ရလဒ်တွေကို လွန်ခဲ့တဲ့နှစ်ပတ်မှာ ထုတ်ပြန်ခဲ့ရာ COVID-19 ကို ပျမ်းမျှ ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ပြောထားပြီး အနိမ့်ဆုံး ၆၂ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး ၉၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Lancet ဂျာနယ်မှာ ဖော်ပြထားမှုအရ ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်ခဲ့ကြသူတွေအနက် ၁,၃၆၇ ဦးဟာ ပထမအကြိမ် ကာကွယ်ဆေးပမာဏတစ်ဝက် ထိုးနှံခဲ့ပြီး နောက်တစ်ကြိမ်မှာ အပြည့်ထိုးနှံခဲ့ရာ ၎င်းတို့ကို COVID-19 ကနေ ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ Oxford-AstraZeneca ကာကွယ်ဆေးဟာ ဈေးနှုန်းအားဖြင့် အမေရိကန်ထုတ် Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတို့ထက် များစွာသက်သာပါတယ်။

ဒါ့အပြင် Oxford-AstraZeneca ကာကွယ်ဆေးက Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတွေထက် သိုလှောင်ထားရှိရန် ပိုမိုလွယ်ကူတာကြောင့် ကမ္ဘာ့နေရာဒေသ အားလုံးသို့ ရောက်ရှိနိုင်ရာ သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိပါက ကပ်ရောဂါတိုက်ဖျက်ရေးမှာ သိသာထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ AstraZeneca-Oxford ကာကွယ်ဆေးကို ၁၀ လဝန်းကျင်အတွင်း ဖော်စပ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် ထိုလုပ်ငန်းစဥ်ဟာ ဆယ်စုနှစ်တစ်ခု ကြာမြင့်လေ့ရှိကြောင်း သိရပါတယ်။

ဗြိတိန်အစိုးရက လူဦးရေ သန်း ၅၀ အတွက် AstraZeneca-Oxford ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ကြိုတင်မှာကြားထားပါတယ်။ ဗြိတိန်မှာ ဒီဇင်ဘာ ၂ ရက်နေ့က ခွင့်ပြုချက်ပေးခဲ့တဲ့ Pfizer-BioNTech ကာကွယ်ဆေး အများပြည်သူကို ထိုးနှံပေးမှုတွေ

ဒီဇင်ဘာ ၈ ရက်နေ့က စတင်ခဲ့ပြီဖြစ်ပါတယ်။

ယခုလကုန်မှာ လူဦးရေ ၄ သန်းအထိကို ကာကွယ်ဆေးထိုးပေးရန် ဗြိတိန်က မျှော်လင့်ထားပါတယ်။ ထို့အတူ ရုရှားနိုင်ငံကလည်း လူအမြောက်အမြားကို ၎င်းတို့ရဲ့ Sputink V ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးထိုးနှံမှုများ

ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်မှာလည်း လာမယ့် သီတင်းများအတွင်း Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးနှစ်မျိုးကို ခွင့်ပြုချက်ပေးသွားပြီး ကာကွယ်ဆေးထိုးနှံမှုများ ခရစ်မတ်မတိုင်မီ စတင်နိုင်မယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က