လွန်ခဲ့တဲ့ (၂) ရက်က ကယ်တင်နိုင်ခဲ့တာပါ။

ဒဂုံတက္ကသိုလ်ကျောင်းသား မောင်မြတ်သူရထွန်းနဲ့အတူ ပွဲစားကတစ်ဆင့် ရောင်းစားခံခဲ့ရသူ နှစ်ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရပါတယ်။

Photo- ဧရာဝတီတိုင်း ဖျာပုံမြို့နယ်က အမြတ်ရွာက ကျားဖောင်လုပ်ငန်းကိုတွေ့ရစဉ်။

ရောင်းစားခံခဲ့ရသူတွေမှာ မအူပင်မြို့က အသက် (၂၅) နှစ်အရွယ် မောင်သက်နဲ့ မြောင်းမြမြို့က အသက် (၃၀) အရွယ် စိုင်းမောင်မောင်တို့ဖြစ်ပြီး သူတို့နှစ်ဦးကို ကျားဖောင်တွေဆီကနေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒုတိယရဲမှူးကြီး ခင်မောင်ကြွယ်က Duwun ကိုပြောပါတယ်။

 “ သူတို့နှစ်ယောက်ကတော့ မောင်မြတ်သူရထွန်းနဲ့ ရန်ကုန်မှာကတည်းက ရောင်းစားခံထားရတာလား ဆိုတာကို သေချာမပြောနိုင်သေးဘူး။ ဆက်လက်စုံစမ်းရဦးမယ်။ “ လို့ ဒုတိယရဲမှူးကြီး ခင်မောင်ကြွယ်က Duwun ကိုပြောပါတယ်။

ဒါ့အပြင် မောင်မြတ်သူရထွန်းကို ရောင်းစားခဲ့သူတွေနဲ့ ငါးဖမ်းဖောင်ပေါ်မှာ နှိပ်စက်ခဲ့သူ အပါအဝင် (၇) ဦးကို လူကုန်ကူးမှုပုဒ်မနဲ့အရေးယူထားပြီး ပွဲစား ဗလ (ခေါ်) ဗလကြီး နဲ့ ဖောင်ဦးစီး ကျော်အောင်တို့ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ဒုရဲမှူးကြီးခင်မောင်ကြွယ်ရဲ့ ပြောပြချက်အရသိရပါတယ်။

လူကုန်ကူးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားအမှုမှာ ကျုးလွန်သူ (၇) ယောက်ရှိ၊ (၂) ယောက်ကို ဖမ်းမိထား

“ ကျောင်းသားကို ပန်းဆိုးတန်းတံတားပေါ်ကနေ ခေါ်သွားတဲ့ ပွဲစားသားအမိကိုတော့ မမိသေးဘူး။ ဒါပေမယ့် ရောင်းစားခဲ့ရာမှာတော့ ပါဝင်တဲ့သူတစ်ယောက်ကို ဖမ်းမိထားတယ်။ ကျောင်းသားကို နှိပ်စက်တယ်ဆိုတဲ့ ဖောင်ဦးစီးကိုလည်း မိထားတယ်” လို့ ဒုရဲမှူးကြီးခင်မောင်ကြွယ်က Duwun ကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကွင်းဆက်အားလုံးကို ဖော်ထုတ်နိုင်အောင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရပါတယ်။

လက်ရှိတော့ ဖမ်းဆီးထားသူနှစ်ဦးကို ကျောက်တံတားရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ချုပ်ရက်ရမန်ယူခဲ့ကြောင်း ကျောက်တံတားမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးပိုထွန်းက Duwun ကိုပြောပါတယ်။

“ နောက်ထပ် ကွင်းဆက်တွေကိုလည်း ဖော်ထုတ်နိုင်အောင် ကြိုးစားနေတယ်။ လုပ်ငန်းရှင်ကိုလည်း ကျွန်တော်တို့စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်” လို့ ဒုရဲမှူးကြီးခင်မောင်ကြွယ်က Duwun ကို ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရသူ (၇) ဦးမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မအရ အနည်းဆုံးထောင်ဒဏ် (၇) နှစ်ကနေ အများဆုံး သေဒဏ်အထိ အမိန့်ချမှတ်နိုင်တယ်လို့လည်းသိရပါတယ်။

အသက် (၂၃) နှစ်အရွယ်ရှိ ဒဂုံတက္ကသိုလ် သမိုင်းမေဂျာ နောက်ဆုံးနှစ်ကျောင်းသား မောင်မြတ်သူရထွန်းမှာ ပန်းဆိုးတန်းတံတားပေါ်မှာ အမျိုးသမီးနှစ်ဦးက အလုပ်လုပ်ဖို့ ပြောဆိုရာကနေ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်က အမြတ်ကျေးရွာ ပင်လယ်ငါးဖမ်းဖောင်တွေမှာ ငွေ (၇) သိန်းနဲ့ ရောင်းစားခြင်းခံခဲ့ရတာပါ။

မိသားစုဝင်တွေရဲ့ ကြိုးပမ်းရှာဖွေမှုကြောင့် (၄၅) ရက်အကြာ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ဖောင်ဦးစီးရဲ့ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေရရှိခဲ့ကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ငါးဖမ်းလုပ်သားအဖြစ်ရောင်းစားခြင်းခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေ

Share

Loading Next Article...
က္က