Kyaw Ko Ko Sint

စနေနေ့ည ၁၀ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ထက်မြက်တဲ့တိုက်စစ်တွဲဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖာမီနိုတို့ဟာ ယနေ့ပွဲစဉ်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာကြောင့် ဂိုးရရှိမယ့် အခွင့်အရေးတွေကို ဆုံးရှုံးခဲ့ရပါတယ်။



Photos: Daily Mail

 

လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်ဟာ ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဂိုးသွင်းခွင့်တွေရရှိခဲ့ပြီး အကြိတ်အနယ်ရှိခဲ့ကြပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ပထမပိုင်းမှာ အိမ်ရှင် လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုအရ အနည်းငယ်အသာစီးရယူနိုင်ခဲ့ပြီး အဲဗာတန်အသင်းက တန်ပြန်တိုက်စစ်ကို အသုံးပြုပြီး လီဗာပူးအသင်းဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ ၂၁ မိနစ်မှာ အန်ဒရီဂိုးမက်ဇ်ရဲ့ အပိုင်ခေါင်းတိုက်သွင်းယူမှုကို အယ်လီဆင်ကာကွယ်နိုင်ခဲ့ပြီး ဂိုးစည်းပေါ်က ဘောလုံးကို ဂျိုးဂိုးမက်ဇ်က ရှင်းထုတ်နိုင်ခဲ့တာကြောင့် အဲဗာတန်အသင်း အဖွင့်ဂိုး ရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

Photos: Daily Mail

 

ဒုတိယပိုင်းမှာ အိမ်ရှင် လီဗာပူးအသင်းက အဖွင့်ဂိုး ရရှိဖို့ တရကြမ်းတိုက်စစ်ဆင်လာခဲ့ပြီး ဆာလာ၊ မာနေးနဲ့ ဖာမီနိုတို့ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတာကြောင့် ထိထိရောက်ရောက်ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ ၆၉ မိနစ်မှာ မာနေးကို ဒစ်ဂနီ ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီသတ်မှတ်ပေးခြင်းမရှိခဲ့ပါဘူး။

လီဗာပူးအသင်းဟာ ဒုတိယပိုင်း ပြီးဆုံးဖို့ မိနစ် ၂၀ ခန့်သာလိုတော့တဲ့အချိန်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ဆာလာ၊ ဖာမီနိုတို့ကို ထုတ်ပြီး စတားရစ်ဂျ်၊ အိုရီဂီတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်ပြည့်မြောက်လို့ နာကျင်အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ၉၆ မိနစ်မှာ ဖာမီနိုရဲ့နေရာမှာ လူစားဝင်ကစားခဲ့တဲ့ အိုရီဂီက ဗန်ဒိုက်ရဲ့ ကန်သွင်းချက်ကို ဖမ်းဖို့ ကြိုးပမ်းခဲ့ရာမှာ လက်ချော်သွားတဲ့ ပစ်ဖို့ဒ်ရဲ့အမှားကို အခွင့်ကောင်းယူပြီး လီဗာပူးအသင်းအတွက် အဖိုးတန်အနိုင် ၃ မှတ်ကို ရယူပေးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က