ဆာလာတစ်ဦးတည်းက ဟက်ထရစ် သွင်းယူခဲ့ပါတယ်။
Kyaw Ko Ko Sint

ဆာလာတစ်ဦးတည်းက ၃ ဂိုးထိ ဟက်ထရစ်သွင်းယူပေးခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး - မန်စီးတီး ပွဲမတိုင်မီ အမှတ်ပေးဇယားကို ယာယီ ဦးဆောင် ထားနိုင်ပြီ ဖြစ်ပါတယ်။



Photo - Getty Images

 

စနေနေ့ရဲ့ အစောဆုံး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ လီဗာပူး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ လီဗာပူး အသင်းက ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

လီဗာပူးအတွက် ဆာလာ တစ်ဦးတည်းက ဟက်ထရစ် သွင်းယူပေးခဲ့ပြီး ကျန်တစ်ဂိုးကတော့ ဘုန်းမောက်နောက်ခံလူ စတီဗင်ကော့ခ် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိတာပါ။

ချဲလ်ဆီးရဲ့ ပွဲကြပ်နေမှုကို အခွင့်ကောင်းယူမယ့် အာဆင်နယ်

ကြားရက်က ဟတ်ဒါဖီးလ်ကို ၂-၁ ဂိုးနဲ့ နိုင်ထားပေမယ့်လည်း အသင်းကြီးတွေနဲ့ ပွဲဆက်နေတဲ့ ဘုန်းမောက် ပွဲပန်းခဲ့ဟန်တူပြီး အခုလို လီဗာပူး ကို ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။

လီဗာပူးကတော့ ချဲလ်ဆီး-မန်စီးတီး ထိပ်တိုက်တွေ့ဆုံနေမှုကို အပြည့်အ၀ အသုံးချခဲ့ပြီး အခုလို ဂိုးပြတ်အနိုင်ယူခဲ့တာကြောင့် အမှတ်ပေးဇယား ကို ဦးဆောင်ခွင့်ရခဲ့တာပါ။

လက်ရှိ ၁၆ ပွဲကစားပြီး ရမှတ် ၄၂ မှတ်ရရှိထားပြီး ဖြစ်ပေမယ့် ဒီည ၁၂ နာရီမှာ ကစားမယ့် မန်စီးတီးအနေနဲ့ ချဲလ်ဆီးကို အနိမ့်ဆုံး သရေကစား ရုံနဲ့ အဆင့် (၁) နေရာကို ပြန်လည်ရယူသွားမှာပါ။

အကြောင်းကတော့ မန်စီးတီးအသင်းက လက်ရှိ ၄၁ မှတ်ရရှိထားပြီး ဖြစ်တာကြောင့် သရေကျပါက ၄၂ မှတ်နဲ့ လီဗာပူးကို အမှတ်တူအနေအ ထားမှာ ဂိုးကွာခြားချက် ပိုများနေလို့ ဖြစ်ပါတယ်။

Photo - Getty Images

ဘုန်းမောက်အသင်းကတော့ အခုလို အရေးနိမ့်သွားလို့ အဆင့် ၇ နေရာမှာဆက်လက်ရပ်တည်နေတယ်ဆိုပေမယ့် အဆင့် ၈ ကမန်ယူ၊ အဆင့် ၉ ကလက်စတာ၊အဆင့် ၁၀ က ဘရိုက်တန်အသင်းတို့ နိုင်ပွဲတွေ ရသွားမယ်ဆိုရင် အဆင့် ၁၁ ထိ ထိုးဆင်းသွားမယ့် အနေအထားမှာ ရှိနေခဲ့ပါ ပြီ။

စနေနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ တစ်ပြိုင်နက်တည်း ၅ ပွဲကစားသွားဦးမှာ ဖြစ်ပြီး အာဆင်နယ်နဲ့ဟတ်ဒါဖီးလ်၊ ဘန်လေနဲ့ဘရိုက် တန်၊ ကာဒစ်နဲ့ဆောက်သမ်တန်၊မန်ယူနဲ့ဖူဟမ်၊ဝက်စ်ဟမ်းနဲ့ခရစ္စတယ်ပဲလေ့စ်အသင်းတို့ အသီးသီး ကစားသွားမှာပါ။

မြန်မာစံတော်ချိန် ည ၁၂ နာရီတိတိမှာတော့ ချဲလ်ဆီးနဲ့ မန်စီးတီး ဆက်လက်ကစားသွားမှာ ဖြစ်ပြီး တနင်္ဂနွေနေ့နံနက်(၂ နာရီ ၁၅ )အချိန် မှာတော့ လက်စတာနဲ့ စပါးအသင်းတို့ ကစားပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က