ပွဲမတိုင်မီတစ်ရက်မှ ကြံ့ခိုင်မှုစစ်ဆေးရမှာပါ။
Kg Htet

မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းဟာ လာမယ့်ကြာသပတေးနေ့မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးအသင်းနဲ့ပွဲစဉ်မတိုင်မီမှသာ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးမှုခံယူရမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် ၄ လကြာအနားယူပြီးနောက် ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိဖို့ ကြိုးစားနေရဆဲဖြစ်ပြီး ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ယမန်နေ့ပွဲစဉ်မှာ နည်းပြဂွါဒီယိုလာက အနားပေးခဲ့ပါတယ်။



မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလား အဓိကပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ တွေ့ဆုံမယ့် အဆုံးအဖြတ်ပွဲစဉ်မှာ ဒီဘရိုင်း ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဒီဘရိုင်းရဲ့နောက်ဆုံးဒဏ်ရာအခြေအနေကို ပြောပြခဲ့ပြီး လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားပေးနိုင်မယ်လို့ မပြောနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။

“သူ ဘယ်လိုနေလဲ ကျွန်တော် မသိပါဘူး။ “ဒီနေ့တော့ သူ မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒါက ကြီးမားတဲ့ပြဿနာတစ်ခုတော့မဟုတ်ပါဘူး”

“ခင်ဗျား ၃ လ၊ ၄ လလောက် ဒဏ်ရာကြောင့် အချိန်ဖြုန်းပြီးတဲ့အခါမှာ ဒီလိုဖြစ်တာက သာမန်ပါပဲ။ အခုလို အရမ်းလိုအပ်နေတဲ့ အချိန်ကာလမှာ ခင်ဗျား ပြန်သက်သာလာပြီး နည်းနည်း ပြဿနာရှိနေခဲ့ရင်ပေါ့”

“ဒါက ပြဿနာအကြီးကြီးမဟုတ်ပါဘူး။ ဒါပေမယ့် သူ ကြာသပတေးနေ့မှာ ကစားနိုင်မလား၊ မကစားနိုင်ဘူးလားဆိုတော့ ကျွန်တော် မပြောနိုင်သေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က