အဓိက ကစားသမားအများစု ဒဏ်ရာရနေပြီး လူစာရင်း အင်အားနည်းနေရပါပြီ။

စနေ့နေ့မှာ ဝါရင့်ကစားသမား ဂျိမ်းစ်မီလ်နာထပ်မံ ဒဏ်ရာရသွားလို့ ဒဏ်ရာရစာရင်းတိုးသွားတာပဲ အဖတ်တင် တဲ့ ကလော့ပ်အတွက် အေဂျက်နဲ့ပွဲမှာ ဘယ်လို ပွဲထုတ်လာမလဲ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

လီဗာပူး နည်းပြ ကလော့ပ်အတွက်တော့ ဒီရာသီဟာ ကံဆိုးမှုတွေ ဆက်တိုက် ကျရောက်နေတဲ့ ရာသီလို့သာ ဆိုရတော့မှာပါ။



အဓိက ကစားသမားတွေ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာတွေ ဆက်တိုက်ရနေပြီး တစ်ယောက် ပြန်ကောင်းလာမယ်မကျန်သေးဘူး နောက်တစ်ယောက်က ဒဏ်ရာထပ်ရသွားလိုက်နဲ့ အဆိုးသံသရာ လည်နေ ပါတယ်။

လက်ရှိမှာလည်း လာမယ့် ကြားရက်မှာ အေဂျက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရဦးမှာ ဖြစ်ပြီး လူစာရင်း လှည့် လည် အသုံးပြုဖို့လည်း လူကုန်နေပြီဖြစ်လို့ ကလော့ပ်တစ်ယောက် ငြီငြူနေပါပြီ။

ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်နဲ့တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဝါရင့်ကစားသမားကြီး ဂျိမ်းစ်မီလ်နာ ဒဏ်ရာထပ်ရသွားလို့ အစားထိုးစရာလူပင် မရှိလောက်အောင် ဖြစ်နေခဲ့ရပါပြီ။

ဒါကြောင့် ကလော့ပ်ဟာ သူ့အသင်းကစားရမယ့် ပွဲစဥ်ဇယားရေးဆွဲထားမှုအပေါ်မှာ ပြင်းထန်စွာ စောဒဂတက်နေ ပြီး တက်လည်း တက်နေတာသာ အပို ဖြစ်နေမှာပါ။

ယခုနှစ်ရာသီမှာ ကလော့ပ်အတွက် ကံကောင်းခြင်းတွေဟာ မျက်စိလည် လမ်းမှားလို့မှပင် ရောက်မလာနိုင်တော့ ဘူးလားလို့တောင် ထင်နေရပါပြီ။

အဓိက အားထားရပြီး ဘိုင်ယန်က ခေါ်ထားရတဲ့ သီယာဂိုလ်အယ်လ်ကန်တာရာကလည်း ဒူးဒဏ်ရာရထားလို့ နှစ်သစ်ကူးချိန်အထိအနားယူရမှာပါ။

“ဘယ်သူ့ကို ဦးစားပေး ကစားရမလဲဆိုတာကိုမသိတော့လောက်အောင် ကစားသမားတွေ မရှိတော့ပါဘူး။ပြိုင်ပွဲ အကြောင်း မဆိုသာပါဘူး၊ ကစားသမားကြောင်းပဲ ပြောချင်တာပါ၊ပြီးခဲ့တဲ့စနေနေ့က ကစားသွားတာ အသင်းရဲ့ ကြံ့ခိုင်မှု အပြည့်ဆုံးသူတွေပါ။ကျွန်တော်တို့ တစ်သင်းတည်းမဟုတ်ပဲ အားလုံးအတွက် အခု ပွဲစဥ်ဇယား ရေးဆွဲ မှုတွေကို ပြန်ညှိဖို့တော့ လိုနေပါပြီ။”လို့ ကလော့ပ်က ငြီးတွားခဲ့ပါတယ်။

လက်ရှိမှာ နည်းပြ ကလော့ပ် အသုံးပြုနိုင်သူဆိုလို့ ပြန်သက်သာလာတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင် တစ်ဦးသာ ရှိပြီး အခြား အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ဂျိုးစ်ဂိုမက်ဇ်၊မီလ်နာ၊ရှာကွီရီ၊နဘီကီတာ၊အာ နိုးလ်၊အယ်လ်ကန်တာရာ စတဲ့ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် နားနေရဆဲပါ။

လီဗာပူးအတွက် တစ်ခု စိုးရိမ်စရာ မရှိတာက အေဂျက်နဲ့ပွဲမှာ အနည်းဆုံး မရှုံးအောင် ကစားနိုင်ပြီး တစ်ဖက်မှာ အတ္တလန်တာက မစ်ဂျ်လန်းကို အနိုင်မကစားနိုင်ရင် နောက်တစ်ဆင့်အတွက် သေချာသွားမှာပါ။

ဒါပေမယ့်လည်း အုပ်စုတွင်း လက်ကျန် ၂ပွဲအလိုမှာ လီဗာပူးအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ရာခိုင်မှုန်း ၉၉.၉၉ရာခိုင်နှုန်းအထိ ရှိနေတယ်လို့လည်း စစ်တမ်းတွေက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က