တတိယအကြိမ်မြောက် တွေ့ဆုံရမှာဖြစ်ပါတယ်။
Kyaw Ko Ko Sint

ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက် ၁ နာရီ ၃၀ မိနစ်)မှာ နာပိုလီအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ နာပိုလီရဲ့ဆန်ပါအိုလိုကွင်းကြီးထဲမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး တာထွက်ကောင်းခဲ့တာဖြစ်ပါတယ်။



 

ထိပ်တိုက်တွေ့ဆုံမှု

 

နာပိုလီအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ သမိုင်းတစ်လျှောက် တတိယအကြိမ်မြောက်တွေ့ဆုံယှဉ်ပြိုင်ကြမှာဖြစ်ပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂ ကြိမ်ကတော့ ၂၀၁၀ ခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာဖြစ်ပါတယ်။ လီဗာပူးအသင်းက ၁ ပွဲနိုင် ၁ ပွဲသရေရလဒ်ပိုင်ဆိုင်ထားပြီး ရလဒ်ပိုင်းအရ အနည်းငယ်အသာစီးရရှိထားတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ပွဲကြိုအချက်အလက်များ

 

- နာပိုလီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၉ ပွဲမှာ ၂ ပွဲသာအနိုင်ရရှိခဲ့ပြီး ၁ ပွဲသရေ ၆ ပွဲရှုံးနိမ့်ထားပါတယ်။ အနိုင်ရရှိခဲ့တဲ့ ၂ ပွဲစလုံးဟာ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

- လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝေးကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ၆ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ၃ ပွဲနိုင် ၂ ပွဲသရေရလဒ်ရရှိထားပါတယ်။

- နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီဟာ လီဗာပူးအသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၄ ပွဲစလုံး ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ၃ ပွဲနိုင် ၁ ပွဲသရေကျခဲ့ပါတယ်။

- အန်ဆယ်လော့တီနဲ့ ယာဂင်ကလော့ပ်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁ ကြိမ်တွေ့ဆုံခဲ့ပြီး ယင်းအချိန်က အန်ဆယ်လော့တီရဲ့ရီးရဲမက်ဒရစ်အသင်းဟာ ယာဂင်ကလော့ပ်ရဲ့ဒေါ့မွန်အသင်းကို ကွာတားဖိုင်နယ်အဆင့်ကနေ ၂ ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။

- နာပိုလီအသင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဂန္တဝင်ကွင်းလယ်ကစားသမား စတီဗင်ဂျရတ်က ဟက်ထရစ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

 

လီဗာပူးအသင်းဟာ စနေနေ့က ချယ်ဆီးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ နောက်ထပ်ဒဏ်ရာရကစားသမားသစ် မရှိဘူးလို့ သိရပြီး ဗန်ဒိုက်နဲ့ အိုရီဂီတို့ အသင်းလူစာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။

 

နာပိုလီအသင်းရဲ့ အေမင်ယိုးနက်စ်နဲ့ ဗလက်ချီရစ်ချ်တို့ဟာဒဏ်ရာကြောင့် လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့သိရပြီး အခြားကစားသမားတွေအားလုံး ကြံ့ခိုင်မှုအပြည့််အဝရှိနေတယ်လို့ သိရပါတယ်။

 

ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း

 
 

ဆက်စပ်အကြောင်းအရာများ


Author


က္က