Huawei Mate 40 စီးရီးမှာ သုံးလာဖို့ရှိပါတယ်

Huawei ရဲ့ ကိုယ်ပိုင် HarmonyOS သစ်ကို စမတ်ဖုန်းတွေမှာ သုံးလာတော့မှာပါ။ 

HarmonyOS ကို တရုတ်မှာ HongMengOS လို့ ခေါ်ပါတယ်။ ဒီ Operating System သစ်ကို လာမယ့်နှစ် ထွက်လာမယ့် Huawei စမတ်ဖုန်းတွေမှာ သုံးလာမယ်လို့ ကုမ္ပဏီဘက်က အစောပိုင်းမှာ အတည်ပြုထားပါတယ်။ မကြာသေးခင်က သတင်းတစ်ပုဒ်မှာတော့ Kirin 9000 5G chips သုံး စမတ်ဖုန်းတွေဟာ HarmonyOS သစ်ကို ပထမဆုံး သုံးလာတော့မယ်လို့ ဆိုပါတယ်။




Photo: gizmochina

Gizmochina သတင်းမှာ HarmonyOS သုံးမယ့် ပထမသုတ် စမတ်ဖုန်းတွေဟာ Kirin 9000 5G chip နဲ့ ထွက်လာမယ်လို့ ဖော်ြပထားပါတယ်။ နောက်ထပ် HarmonyOS သုံး ဖုန်းတွေဟာ Kirin 990 5G နဲ့ တစ်ခြား Kirin 990 4G ၊ 985 ၊ 980 ၊ 820 ၊ 810 နဲ့ 710 SoC တို့ သုံးလာဖို့ ရှိပါတယ်။ 

Kirin 9000 processor ကို အသစ်ထွက်လာမယ့် Huawei Mate 40 Series ဖုန်းတွေမှာ တွေ့မြင်ရဖို့ ရှိပါတယ်။ ဒီ processor သစ်ဟာ TSMC ရဲ့ 5nm architecture နည်းပညာ သုံးထားတာ ဖြစ်ပါတယ်။ Huawei ဟာ Kirin 9000 5G SoC ကို အဆင့်မြင့် တက်ဘလက်တွေမှာလည်း သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။

တရုတ်နည်းပညာကုမ္ပဏီ Huawei ဟာ Kirin 9000 SoC ပေါင်း ၈.၈ သန်းထုတ်လုပ်ထားတယ်လို့ သတင်းထွက်ထားပါတယ်။ Huawei Mate 40 ဖုန်းသစ်တွေ မိတ်ဆက်မယ့်ရက်တော့ မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က