သတိပေးခဲ့ရတဲ့ ပို့စ်ပေါင်း သန်း ၁၅၀ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်

Facebook လူမှုကွန်ရက်ကုမ္ပဏီဟာ လာမယ့် အမေရိကန်သမ္မရွေးကောက်ပွဲမှာ မဲပေးမှုကို အဟန့်အတား ဖြစ်စေအောင် ကြိုးပမ်းတဲ့ သန်းနဲ့ချီတဲ့ ads ကြော်ငြာတွေကို ကုမ္ပဏီပိုင် လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ တင်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ 

Facebook ရဲ့ကမ္ဘာ့ရေးရာ ဒုဥက္ကဌ နစ်ကလက်ရဲ့ ပြောကြားမှုကို ကိုးကားပြီး မဲပေးမှုကို အတားအဆီး ဖြစ်စေဖို့ လုပ်ခဲ့တဲ့ ကြော်ငြာads ပေါင်း ၂.၂ သန်းကို Facebook နဲ့ Instagram တို့ ပေါ်ကနေ ပယ်ချခဲ့တယ်လို့ The Verge သတင်းက ဖော်ပြခဲ့ပါတယ်။ အလားတူအကြောင်းအရင်းကြောင့်ပဲ ဖြုတ်ချခဲ့တဲ့ ပို့စ်ပေါင်း ၁ သိန်း ၂ သောင်းရှိခဲ့သလို သတိပေးခဲ့ရတဲ့ ပို့စ်ပေါင်း သန်း ၁၅၀ အထိ ရှိခဲ့တယ်လို့ ကလက်က ဆိုပါတယ်။



Photo: thedailybeast


ပြင်သစ် သတင်းစာ Journal du Dimanche နဲ့ အင်တာဗျူးတစ်ခုမှာလည်း Facebook ဟာ သုံးစွဲသူတွေဆီက Report မလာခင်မှာပဲ ဘီလျံနဲ့ ချီတဲ့ ပိုစ်နဲ့ Fake Accounts အကောင့်တွေကို ဉာဏ်ရည်တုနည်းပညာသုံးပြီး ဖျက်ပစ်ခဲ့တယ်လို့ ကလက်က ပြောခဲ့ပါတယ်။ ကုမ္ပဏီဟာ သတင်းအချက်အလက် စစ်ဆေးမှု လုပ်ဖို့အတွက် ပြင်သစ်မှ မီဒီယာအဖွဲ့အစည်း ၅ ခုအပါအဝင် မီဒီယာပါတနာပေါင်း ၇၀ နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Facebook ဟာ ၂၀၁၆ ရွေးကောက်ပွဲဖြစ်ရပ်အပြီးမှာ အချက်အလက်စစ်ဆေးမှုအစီအစဉ်ကို စတင်ခဲ့ပါတယ်။ ကုမ္ပဏီပိုင် လူမှုကွန်ရက်ပလက်ဖောင်းဖြစ်တဲ့ Instagram မှာတော့ ပြီးခဲ့တဲ့နှစ်က စလို့ Fact-Checking ပရိုဂရမ်တစ်ခု လုပ်ဆောင်ခဲ့တာပါ။ ဒီအစီအစဉ်ဟာ အချက်အလက်မှားတွေ ဖြန့်တွေတဲ့ Facebook Groups တွေဆီပါ လိုက်ပြီး စစ်ဆေးမှု လုပ်ဆောင်နေပါတယ်။

လာမယ့်နိုဝင်ဘာ ၃ ရက်နေ့မှာ အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်မှာ Facebook ဟာ နိုင်ငံရေး ကြော်ငြာ Ads သစ်တွေကို ပိတ်ပင်သွားမယ်လို့ဆိုပါတယ်။ Facebook အနေနဲ့ သမ္မတရွေးကောက်ပွဲ ကြေညာမှု မလုပ်ခင် ရွေးကောက်ပွဲနိုင်ကြောင်း ကြေညာတဲ့ ads တွေကိုလည်း ပယ်ချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က