ဒီနှစ်ထဲ Tesla ရှယ်ယာဈေး ၃၀၀% အထိ တက်လာခဲ့ပါတယ်

ရှယ်ယာအကြီးအကျယ်ထိုးတက်လာပြီးနောက် Tesla တည်ထောင်သူ အီလွန်မတ်စ်ရဲ့ ချမ်းသာမှုထဲမှာ ဒေါ်လာ ၈ ဘီလျံနီးပါး ထပ်တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

Bloomberg သတင်းအရ တနင်္လာနေ့က Tesla Inc ရဲ့ ရှယ်ယာဈေးဟာ ၁၁% ကျော် မြင့်တက်လာခဲ့ပြီး ဒီကုမ္ပဏီကို တည်ထောင်ထားတဲ့ အီလွန်မတ်စ်ရဲ့ အသားတင်ပိုင်ဆိုင်ဆိုင်မှုထဲ ဒေါ်လာ ၇.၈ ဘီလျံအထိ ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မတ်စ်ဟာ အသားတင် ဒေါ်လာ ၈၅ ဘီလျံနီးပါးအထိ ပိုင်ဆိုင်လာပြီး ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတယ်လို့ ဆိုပါတယ်။



Photo: Bloomberg Billionaire Index


ဩဂုတ်လ ၁၉ ရက်နေ့အထိ Bloomberg ရဲ့ ဘီလျံနာအညွှန်းကိန်းအရ မတ်စ်ရဲ့ ရှေ့မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၃ ဦးရှိပြီး ၃ ဦးစလုံးဟာ နည်းပညာနယ်ပယ်က ဖြစ်နေပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ Amazon CEO ဂျက်ဖ်ဘီဇော့စ် (ဒေါ်လာ ၁၉၅ ဘီလျံခန့်) ဖြစ်ပြီး Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ် နဲ့ Facebook CEO မတ်ခ်ဇူကာဘတ်ခ်တို့ကတော့ ဒေါ်လာ ၁၂၁ ဘီလျံ နဲ့ ဒေါ်လာ ၉၉.၄ ဘီလျံစီ ပိုင်ဆိုင်ထားပါတယ်။

အီလွန်မတ်စ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ သူ့ရဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla နဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ ဒီနှစ်ထဲမှာ Tesla ရှယ်ယာဟာ ၃၀၀% ကျော် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးကြီး ရှိပေမယ့် Tesla ဟာ အမြတ်အစွန်းတွေ မြင့်တက်နေခဲ့ပါတယ်။

၂၀၂၀ ပထမနှစ်ဝက်အတွင်း Tesla ဟာ ကားအစင်းရေ ၁၇၉၀၀၀ ကျော် ရောင်းချခဲ့ပြီး ပြိုင်ဘက်ကားကုမ္ပဏီ ၃ ခုဖြစ်တဲ့ Hyundai/Kia ၊ Renault/Nissan နဲ့ BMW Group သုံးခုပေါင်းရဲ့ ကားရောင်းအားနီးပါးအထိ ရှိခဲ့တယ်လို့ Electrek က ဆိုပါတယ်။ Tesla ဟာ ၂၀၂၀ ဒုတိယခြောက်လမှာ ပထမနှစ်ဝက်ထက် နှစ်ဆနီးပါး တိုးပြီး ကားအစင်းရေ ၃ သိန်းကျော် တင်ပို့သွားဖို့ ပြင်နေပါတယ်။

Photo: Teller Report

အီလွန်မတ်စ်ဟာ အာကာသယာဉ်ကုမ္ပဏီ SpaceX ရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်ပါတယ်။ SpaceX ဟာ ပြီးခဲ့တဲ့လထဲမှာ အမေရိကန်မြေပေါ်ကနေ အာကာသယာဉ်လွှင့်တင်နိုင်တဲ့ သမိုင်းဝင်တဲ့ မှတ်တမ်းမှာ အဓိကပါဝင်ခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

CNBC သတင်းအရ SpaceX ဟာ ရင်းနှီးမြှပ်နှံမှုမြှပ်နှံမှု ဒေါ်လာ ၁ ဘီလျံနီးပါး ရဖို့ ရှိပြီး ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၄၄ ဘီလျံခန့် တန်လာမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က