In partnership with  logo
ဒီလိုအချက်တွေနဲ့ ပြည့်စုံတဲ့ဝန်ထမ်းတွေကို အထက်လူကြီးတွေက ယုံကြည်အားထားတတ်ကြပါတယ်။

ဘယ်ဝန်ထမ်းမဆို ကိုယ့်ရဲ့ အထက်လူကြီးက ကိုယ့်အပေါ် ယုံကြည်အားထားတယ်ဆိုတာမျိုးကို လိုချင်တတ်ကြတာပါပဲ။ သင်ဟာ ဒီအချက်တွေနဲ့ ပြည့်စုံတဲ့သူတစ်ယောက်ဆိုရင်တော့ အထက်လူကြီးက တကယ့်ကို ယုံကြည်အားထားရတဲ့ ဝန်ထမ်းတစ်ယောက်လို့ ပြောနိုင်ပါပြီ။



အထက်လူကြီးက ယုံကြည်အားထားရတဲ့ ဝန်ထမ်းတစ်ယောက်မှာ ဒီ (၆) ချက်ကို ပိုင်ဆိုင်ထားပါတယ်။

၁။အကျင့်စာရိတ္တ

လုပ်ငန်းသေးကနေစလို့ လုပ်ငန်းကြီးတွေထိ ဘယ်လုပ်ငန်းမှာမဆို အကျင့်စာရိတ္တကောင်းမွန်တဲ့ ဝန်ထမ်းတွေကို ပိုလိုအပ်တတ်ကြပါတယ်။ အကျင့်စာရိတ္တလို့ ပြောရာမှာ ခိုးလုဝှက်နေတာမျိုးမဟုတ်ဘဲ ဝန်ထမ်းအချင်းချင်းကြား ကုန်းတိုက် မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာမျိုးကို ပြောတာပါ။ ဒီလိုအမူအကျင့်မရှိဘဲ သဘောထား တစ်သမတ်တည်းရှိတဲ့ ဝန်ထမ်းတွေကို အထက်လူကြီးတွေက သဘောကျတတ်ကြပါတယ်။


၂။လုပ်ရည်ကိုင်ရည်

နံပါတ်နှစ်အချက်ကတော့ လုပ်ရည်ကိုင်ရည်လို့ ခေါ်တဲ့ အရည်အချင်းပါပဲ။ အရည်အချင်းရှိတဲ့ ဝန်ထမ်းကိုမှ အထက်လူကြီးက လုပ်ငန်းတာဝန်တွေ မျက်နှာလွှဲနိုင်မှာပါ။ ဘာလုပ်လုပ် လွဲချော်နေတယ်ဆိုရင်တော့ အထက်လူကြီး စိတ်ပျက်ရတဲ့ ဝန်ထမ်းပဲ ဖြစ်သွားပါလိမ့်မယ်။

အရည်အချင်းလည်း ရှိ၊ တာဝန်လည်း ကျေပွန်မှသာလျှင် အထက်လူကြီးရဲ့ ယုံကြည်အားထားမှုကို ရရှိနိုင်မှာပါ။

၃။တာဝန်ကျေပွန်မှု

တစ်ချို့ ဝန်ထမ်းတွေက အရည်အချင်းရှိပေမယ့် တာဝန်ကျေပွန်မှုမှာတော့ လစ်ဟင်းတတ်ကြပါတယ်။ ပေးအပ်တဲ့ တာဝန်တွေကို နေ့ရွှေ့ညရွှေ့ လုပ်နေမယ်ဆိုရင်တော့ အထက်လူကြီးက သဘောကျမှာ မဟုတ်ပါဘူး။ အရည်အချင်းလည်း ရှိ၊ တာဝန်လည်း ကျေပွန်မှသာလျှင် အထက်လူကြီးရဲ့ ယုံကြည်အားထားမှုကို ရရှိနိုင်မှာပါ။

၄။အလုပ်အပေါ်စေတနာထားမှု

တစ်ချို့ ဝန်ထမ်းတွေက အလုပ်ပြီးရင်ပြီး‌ရော နောက်ကြောင်း လှည့်မကြည့်တော့တာမျိုးရှိတတ်ပါတယ်။ အလုပ်အပေါ် စေတနာမထားတတ်ကြပါဘူး၊ အလုပ်အပေါ် စေတနာထားပြီး အလုပ်နဲ့ ပတ်သက်တဲ့ အကျိုးကို မျှော်ကိုးပေးတတ်ကြတဲ့ ဝန်ထမ်းတွေကို အထက်လူကြီးက သဘောကျပါတယ်။

၅။နားလည်ပေးမှု

ဝန်ထမ်းအများစုဟာ အဆင်မပြေမှုတွေကို ညည်းတွားတတ်ကြပါတယ်။ တကယ်တော့ အထက်လူကြီးတွေမှာလည်း အဆင်မပြေမှုတွေ အခက်အခဲတွေ ရှိတတ်ကြပါတယ်။ ကိုယ့်တစ်ဖက်တည်းကို သာ မကြည့်ဘဲ အထက်လူကြီးရဲ့ အဆင်မပြေမှု နဲ့ အခက်အခဲကို နားလည်ပေးတတ်တဲ့ ဝန်ထမ်းတွေကို အထက်လူကြီးတွေက သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။

၆။လုပ်သက်တာရှည်မှု 

နောက်ဆုံးတစ်ခုကတော့ လုပ်သက်ပါ။ လုပ်ငန်းခွင်မှာ ကြာလာတာနဲ့အမျှ အလုပ်သဘောတရားတွေကို နားလည်လာသလို အထက်ကအချက်တွေကိုလည်း ပိုင်ဆိုင်လာတတ်ကြပါတယ်။ လုပ်သက်ရှည်ကြာပြီး အလုပ်ကို စေတနာပါပါ လုပ်ဆောင်တတ် တာဝန်ကျေပွန်တတ်တဲ့ ဝန်ထမ်းတွေကို အထက်လူကြီးတွေက သဘောကျနှစ်ခြိုက်သလို ယုံကြည်အားထားလာကြပါတယ်။

ဒီလိုဝန်ထမ်းတွေအတွက်လည်း လုံခြုံမှု ၊ လုပ်ခလစာနဲ့ ဘဝအဆင်ပြေစေဖို့ကို အထက်လူကြီးတွေက ကြည့်ပေးတတ်ကြပါတယ်။ သင်ကော ဒီအချက်တွေထဲက ဘယ်နှချက်ကို ပိုင်ဆိုင်ထားတဲ့ ဝန်ထမ်းလဲဆိုတာ

ဆန်းစစ်ကြည့်ပါဦး ။

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/2FYd5Ja ကနေတစ်ဆင့် အလုပ်တိုက်ရိုက်လျှောက်ထားနိင်ပါတယ်။ 


Share

Loading Next Article...
က္က