In partnership with  logo
Laptop ဝယ်တဲ့အခါ ပထမဆုံးအချက်အနေနဲ့ စဉ်းစားရမှာက ဘာအတွက် သုံးမှာလဲဆိုတာပါပဲ။

       အလုပ်မှာ သုံးဖို့အတွက် Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘာအတွက် သုံးမှာလဲ။ ပိုက်ဆံရော ဘယ်လောက်သုံးမှာလဲ။ ဘယ်လို Operating System သုံးမလဲ။ ဘယ်လို Specs မျိုး လိုအပ်မလဲဆိုတာ အခြေခံပြီး စဉ်းစားသင့်ပါတယ်။



           Laptop ဝယ်တဲ့အခါ ပထမဆုံးအချက်အနေနဲ့ စဉ်းစားရမှာက ဘာအတွက် သုံးမှာလဲဆိုတာပါပဲ။ ရိုးရိုး ရုံးလုပ်ငန်းသုံးဖို့နဲ့ Online Learning လုပ်ရုံအတွက်ဆို CPU/RAM အမြင့်တွေ မလိုသလို နောက်ဆုံးပေါ် နည်းပညာတွေ သုံးထားတဲ့ Laptop တွေ မလိုပါဘူး။ တစ်ခုရှိတာက နောက်ပိုင်း အသစ်ထွက်လာမယ့် ဆော့ဖ်ဝဲလ်ဗားရှင်းသစ်တွေကိုပါ သုံးလို့ရအောင် လက်ရှိလိုအပ်တာထက် Performance ပိုကောင်းတဲ့ အမျိုးအစားကို ရွေးထားတာ အကောင်းဆုံးပါပဲ။


           လက်ရှိမှာ Laptop CPU အနေနဲ့ သုံးနေကြတာက Intel အမျိုးအစား i3,i5,i7,i9 ဆိုပြီး ရှိပါတယ်။ i series ထက် နိမ့်တဲ့ Pentium နဲ့ Celeron တို့လည်း ရှိပေမယ့် Performance ပြဿနာရှိတာများလို့ ဖြစ်နိုင်ရင် အနိမ့်ဆုံး i3 5th Gen နဲ့အထက် အမျိုးအစားတွေ စဉ်းစားသင့်ပါတယ်။ CPU Generation အနေနဲ့ အခု နောက်ဆုံးထွက်ထားတာက 10th Gen ဖြစ်ပါတယ်။ ရုံးသုံးနဲ့ Online Learning လုပ်သူတွေအတွက် Performance ပိုင်းလည်း စိတ်ချရအောင် mid-end CPUs တွေဖြစ်တဲ့ i3 7th Gen ဒါမှမဟုတ် i5 5th Gen ကနေ စပြီး ဝယ်ဖို့ အကြံပေးချင်ပါတယ်။

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် သူ့ရဲ့ Design ၊ Display ၊ Battery နဲ့ ဘယ်လို ports တွေ ပါသလဲဆိုတာကိုပါ ကြည့်ဖို့ လိုပါတယ်။

           Engineering ပိုင်း ၊ Professional Video Editors နဲ့ Content Creator ပိုင်း သုံးမယ့်သူတွေအတွက် အနည်းဆုံး intel Core i7 6th Gen / 7th Gen ကနေ စသုံးသင့်ပါတယ်။ ပုံမှန်ရုံးလုပ်ငန်းသုံးအတွက်ဆို RAM 4GB/8GB က အဆင်ပြေပြီး Graphic Card 2GB လောက်နဲ့ အလုပ်ဖြစ်ပါတယ်။ Video Editing သမားတွေ ၊ Architect နဲ့ Graphic Designer တွေကတော့ RAM 8GB/16GB ပါပြီး Graphic Card 4GB လောက်ပါတဲ့ Laptop မျိုး ဦးစားပေးရွေးချယ်သင့်ပါတယ်။

           ဈေးနည်းနည်း ပိုသက်သာချင်ရင် Intel CPU အစား AMD Ryzen series မျိုး ဝယ်နိုင်ပါတယ်။ Ryzen 3.5, 7 တွေလည်း Performance မဆိုးပါဘူး။ storage type အနေနဲ့ HDD (Hard Disk Drive) နဲ့ SSD (Solid State Drive) ဆိုပြီး နှစ်မျိုးမှာ SSD က ဈေးပိုမြောက်ပေမယ့် Data Transfer မှာ HDD ထက် အတော်လေးမြန်ပြီး တော်ရုံထိခိုက်တာ ၊ လွတ်ကျတာမျိုးကိုလည်း ခံနိုင်ရည်ရှိပါတယ်။

           Operating System အနေနဲ့ အများဆုံးသုံးကြတာ Windows နဲ့ MacOS ပါ။ Windows OS က အသုံးပြုရလွယ်ကူရိုးရှင်းပြီး ထိရောက်မှုရှိပါတယ်။ Apple OS ထက်စာရင် ဈေးလည်း သက်သာပါတယ်။ security နဲ့ stability အရဆိုရင် Apple OS တွေက ပိုအားသာချက်ရှိပါတယ်။ Personal & Professional သုံးအတွက်ဆိုရင် MacOS သုံးတာကို ထောက်ခံပါတယ်။ Developer အသိုင်းအဝိုင်းကြားမှာ အသုံးများတာက Open-Source ပလက်ဖောင်းဖြစ်တဲ့ Linux OS ဖြစ်ပါတယ်။ Chrome OS ကတော့ ရံဒးသုံးအတွက်ထက် Freelancer တွေနဲ့ ပိုလိုက်ဖက်ပါတယ်။


           Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် သူ့ရဲ့ Design ၊ Display ၊ Battery နဲ့ ဘယ်လို ports တွေ ပါသလဲဆိုတာကိုပါ ကြည့်ဖို့ လိုပါတယ်။ Laptop တစ်လုံးဟာ သွားလေရာ သယ်ရတဲ့ ပစ္စည်းဖြစ်တာကြောင့် အကြမ်းခံပြီး Weight သိပ်မစီးဖို့ လိုပါတယ်။ ဘက်ထရီခံပြီး ကီးဘုတ်အရည်အသွေးကောင်းဖို့လည်း သတိပြုရပါမယ်။ Connectivity အတွက် USB Port အနည်းဆုံးနှစ်ခု ၊ presentation လုပ်နိုင်ဖို့ HDMI port တစ်ခု နဲ့ Audio Jack ပေါက်တစ်ခု ပါဖို့ လိုပါတယ်။

           နောက်ဆုံးအချက်အနေနဲ့က Laptop ဝယ်မယ်ဆိုရင် လက်ရှိကိုယ်သုံးဖို့ ရည်ရွယ်ထားတာထက် ပိုပြီး Performance နဲ့ အမျိုးအစား ကောင်းတာရွေးပါ။ ကိုယ့်အတွက် သိပ်အသုံးမလိုတဲ့ Functions တွေ (ဥပမာ_ Drive , Card Reader , Fingerprint reader)ကို သိပ်ပြီး ထည့်မတွက်ပါနဲ့။ Laptop ကောင်းတစ်လုံးဟာ High-end ဖုန်းတစ်လုံးထက် ပိုပြီး အလုပ်လုပ်နိုင်ပါတယ်။ ရေရှည်မှာ ပိုအသုံးကျနိုင်ပါတယ်။ ဒါကြောင့် Laptop ဝယ်မယ်ဆိုရင် အနည်းဆုံး ၇ သိန်း ၈ သိန်း သုံးဖို့ မကြောက်ပါနဲ့လို့ ပြောချင်ပါတယ်။

ဆက်လက်ပြီးတော့လည်း ဝန်ထမ်းတိုင်း သိထားဖို့လိုအပ်တဲ့ Microsoft services  နဲ့ နည်းပညာကျွမ်းကျင်သူတွေက လုပ်ငန်းခွင်မှာ သူများထက် ပိုသာတဲ့အချက်များ လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/34ydLi9ကနေ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။



Share

Loading Next Article...
က္က