In partnership with  logo
Microsoft servicesတွေအကြောင်း သေချာသိထားမယ်ဆိုရင် လုပ်ငန်းခွင်က အလုပ်တွေကို ချောမွေ့စွာလုပ်ကိုင်နိုင်ပါပြီ။
တကယ်လို့ ကိုယ်က Microsoft ထုတ်ကုန်တွေနဲ့ Services တွေကို သုံးနေရတဲ့သူတစ်ယောက်ဆိုရင် Microsoft Account တစ်ခုတော့ ဖွင့်ထားဖို့ လိုပါတယ်။


         Microsoft အကောင့်တစ်ခု ရှိထားတာနဲ့ Microsoft ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Skype ၊ Xbox Live ၊ Microsoft Store ၊ Windows ၊ OneDrive ၊ Outlook.com စတဲ့ services တွေကို ရယူနိုင်လို့ ဖြစ်ပါတယ်။ ရုံးလုပ်ငန်းခွင်ကနေ စာသင်ကျောင်းတွေအထိ ကျွန်တော်တို့ အားလုံးဟာ Microsoft services တွေနဲ့ ကင်းကွာလို့ မရတာကြောင့် Microsoft အကောင့်မရှိရင် အဆင်ပြေမှာ မဟုတ်ပါဘူး။



         Microsoft အကောင့်ဖွင့်ဖို့က သိပ်မခက်ပါဘူး။ Browser တစ်ခုခု (Google Chrome, Mozilla Firefox, Safari စသည်ဖြင့်) မှာ outlook လို့ ရှာလိုက်ရင် Microsoft မှာ အကောင့်ဖွင့်ဖို့ (Sign In) ဆိုတာလေး တွေ့ရမှာပါ။ ဒါမှမဟုတ်လည်း https://outlook.live.com/owa/ ဆိုတဲ့ လင့်ခ်ကလေးကို နှိပ်ပြီး Microsoft Sign In စာမျက်နှာကို သွားလို့ရပါတယ်။ Sign In ထဲ ဝင်လိုက်တာနဲ့ အကောင့်သစ် ဖန်တီးလို့ရမယ့် Create One ထဲ သွားရမှာပါ။

         ပြီးရင်တော့ သူ့အဆင့်အတိုင်း Microsoft အကောင့်နာမည်ပေးတာ ၊ စကားဝှက်ထားတာ ၊ First Name/Last Name ပေးတာ ၊ Country နဲ့ Birthdate ပေးတာတွေကို အဆင့်ဆင့် လုပ်သွားရမှာပါ။ အခုဆိုရင် Microsoft အကောင့်တစ်ခုရပြီ ဖြစ်ပါတယ်။ ‌email service ဖြစ်ပြီး Google Gmail လိုမျိုး အသုံးပြုနိုင်မှာပါ။ Microsoft အကောင့်တွေဟာ Microsoft services တွေဖြစ်တဲ့ Outlook.com ၊ Hotmail ၊ Messenger ၊ OneDrive ၊ Xbox Live ၊ Office Live စတာတွေထဲ ဝင်ရောက်ဖို့ သုံးတဲ့ အီးမေးလ်လိပ်စာတွေ ဖြစ်လို့ Microsoft အကောင့်တွေဟာ နောက်မှာ @live ၊ @hotmail ၊ @outlook.com တို့နဲ့ ဆုံးပါတယ်။

Microsoft အကောင့်ရှိရုံနဲ့ Microsoft ရဲ့ Cloud-Based services တွေကို အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို ရယူတာ ၊ လိုသလို တည်းဖြတ်တာ ဖိုင်တွေ မျှဝေတာမျိုး လုပ်နိုင်ပါတယ်။

Photo-Microsoft

         အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Microsoft အကောင့်ရှိရင် Microsoft ထုတ်ကုန်တွေ services တွေနဲ့ အကုန် ချိတ်ဆက်ပြီး သုံးလို့ရပါတယ်။ Microsoft အကောင့်ဟာ မတူညီတဲ့စက်တွေနဲ့လည်း Syncronize ဖြစ်ပါတယ်။ Microsoft အကောင့်ရှိရုံနဲ့ Microsoft ရဲ့ Cloud-Based services တွေကို အင်တာနက်အွန်လိုင်း ရှိတဲ့ ဘယ်နေရာကမဆို ရယူတာ ၊ လိုသလို တည်းဖြတ်တာ ဖိုင်တွေ မျှဝေတာမျိုး လုပ်နိုင်ပါတယ်။

         ဘယ်ကွန်ပျူတာပဲသုံးသုံး Microsoft အကောင့်သုံးနေတဲ့ စက်တစ်လုံးကနေ တစ်ခြားစက်တစ်လုံးကို ဒီအကောင့်နဲ့ ဝင်ပြီး သုံးနေလို့ရပါတယ်။ ဒါဆို ပထမစက်ထဲက အတိုင်း Microsoft အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Services တွေ (မေးလ်၊ ဓါတ်ပုံ ၊ ဗွီဒီယို ၊ apps ၊ OneDrive ၊ Store) တွေကို နောက်စက်မှာ ပြန်သုံးနေလို့ ရပါတယ်။ နောက်တစ်ချက်က Microsoft ရဲ့ ရုံးသုံးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Office 365 ထုတ်ကုန်တွေကို Install လုပ်မယ် ၊ Activate ပြောင်းမယ်ဆိုရင် Microsoft အကောင့် လိုပါတယ်။

         Microsoft ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့အတိုင်း သူ့ services တွေကလည်း အတော်ကြီး ကျယ်ပြန့်ပါတယ်။ Microsoft services တွေထဲမှာ Outlook အီးမေးလ်နဲ့ ပြက္ခဒိန်ဝန်ဆောင်မှု ၊ Skype ရုပ်သံ စာပို့ Chatting ဝန်ဆောင်မှု ၊ Microsoft Edge Browser စနစ် ၊ Xbox ဂိမ်းပလက်ဖောင်း ၊ Windows OS စနစ် ၊ OneDrive storage ပလက်ဖောင်းနဲ့ Microsoft 365 လို office ဆော့ဖ်ဝဲလ်တွေ ရှိပါတယ်။

         ဒါကြောင့် Microsoft က ပေးတဲ့ Online services နဲ့ tools တွေကို အဆင်ပြေပြေ ထိထိရောက်ရောက် သုံးချင်တယ်ဆိုရင် Microsoft အကောင့်တစ်ခုတော့ ဖန်တီးထားသင့်ပါတယ်။

ဆက်လက်ပြီးတော့လည်း နည်းပညာကျွမ်းကျင်သူတွေက လုပ်ငန်းခွင်မှာ သူများထက် ပိုသာတဲ့အချက်များ နဲ့ ဝန်ထမ်းတိုင်း မဖြစ်မနေ ရှိထားရတော့မယ့် နည်းပညာကျွမ်းကျင်မှုများ ကို ဆက်လက် လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

         အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/34ydLi9ကနေ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။



Share

Loading Next Article...
က္က