In partnership with  logo
နည်းပညာပိုင်း Skills အားသာချက်ရှိသူတွေဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုပြီး ထိရောက် လွယ်ကူတဲ့နည်းနဲ့ ချဉ်းကပ်နိုင်ပါတယ်။

  "Knowledge is power" လို့ ဆိုကြပါတယ်။ ဒီဘက်ခေတ်မှာ Knowledge လောက်နဲ့ ပါဝါမဟုတ်တော့ပါဘူး။ Soft Skills နဲ့ Hard Skills တွေလည်း သိထားတတ်ထားဖို့ လိုလာပြီ ဖြစ်ပါတယ်။



           ဆက်သွယ်ရေးနည်းပညာမြင့်မားလာတဲ့ ဒီအချိန်မှာ စာပို့ဖို့အတွက် စာတိုက်တွေ မလိုတော့ပါဘူး။ အစည်းအဝေးလုပ်ဖို့ ရုံးခန်းတွေ မလိုတော့ပါဘူး။ နေ့လည်စာစားဖို့ ဆိုင်သွားစရာ မလိုတော့ပါဘူး။ ဒါပေမယ့် နည်းပညာအသုံးချတတ်ဖို့တော့ လိုလာပါတယ်။ Technical Skills ကောင်းသူတွေက အလုပ်မှာ ဘာကြောင့်နေရာရသလဲဆိုရင် အချက် ၄ ချက်နဲ့ ပြောလို့ရပါတယ်။


(၁) ပြဿနာတွေ ဖြေရှင်းရာမှာ ပိုစမတ်ကျလာမယ်


           နည်းပညာပိုင်း Skills အားသာချက်ရှိသူတွေဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုပြီး ထိရောက် လွယ်ကူတဲ့နည်းနဲ့ ချဉ်းကပ်နိုင်ပါတယ်။ ပြဿနာအတွက် အကောင်းဆုံး Solution တွေကို နည်းပညာအကူအညီနဲ့ အဖြေရှာနိုင်ခြင်းဟာ Work Smart ဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ ဒီလိုကိုဗစ်ကာလမှာဆိုရင် လုပ်ငန်းခွင်ကအလုပ်တွေဟာ အွန်လိုင်းကနေ လုပ်ရတာဖြစ်လို့ နည်းပညာဟာ မရှိမဖြစ်လိုအပ်လာပါပြီ။

           အလုပ်ကို လွယ်ကူစေခြင်းနဲ့ အခက်အခဲပြဿနာတွေကို အဖြေရှာနိုင်စွမ်းရှိခြင်းဟာ အလုပ်ခွင်တစ်ခုမှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်ကောင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် Problem Solver ကောင်းတစ်ယောက်ဖြစ်ဖို့ ၊ Work Smart ဖြစ်စေဖို့ နည်းပညာကျွမ်းကျင်မှုတွေ၊ နည်းပညာစွမ်းရည်မြှင့်ထားဖို့ လိုပါတယ်။


(၂) အချိန်နဲ့ ကုန်ကျစရိတ်သက်သာစေတယ်


           ဒစ်ဂျစ်တယ်ရေစီးကြောင်းမှာ နည်းပညာဟာ ကုန်ကျစရိတ်တွေကို ချုံ့ပစ်နိုင်ပါတယ်။ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို နည်းပညာက ဖယ်ထုတ်ပစ်နိုင်ပါတယ်။ Social Media မှာ ဖောက်သည်တွေ သိလိုရာကို ဖြေဆိုဖို့ လူအစား Chatbot တွေ သုံးလာကြပါတယ်။ အချက်အလက်တွေ သိုလှောင်ဖို့ စာရွက်စာတမ်း ဖိုင်တွေအစား ဒစ်ဂျစ်တယ်အချက်အလက်အဖြစ် Cloud မှာ ထားလာကြပါတယ်။ ဘယ်အလုပ်ရှင်မဆို ကုန်ကျစရိတ်သက်သာပြီး အချိန်မစားအောင် အလုပ်လုပ်ပေးနိုင်တဲ့သူကို သဘောကျမှာ အမှန်ပါပဲ။


နည်းပညာစွမ်းရည်ကောင်းခြင်းဟာ ခေါင်းဆောင်မှုပိုင်းကို ပိုပြီး ထိရောက်မှုရှိစေပါတယ်။

(၃) ပိုကောင်းတဲ့ ခေါင်းဆောင်ဖြစ်စေတယ်


           နည်းပညာစွမ်းရည်ကောင်းခြင်းဟာ ခေါင်းဆောင်မှုပိုင်းကို ပိုပြီး ထိရောက်မှုရှိစေပါတယ်။ အလုပ်မှာ ကြုံသမျှပြဿနာအတွက် Optimal Solution ရှာနိုင်သူ ၊ ထိရောက်တဲ့ ဆက်သွယ်မှုနည်းလမ်းသိနိုင်သူမျိုးဟာ အလုပ်မှာ ဦးစီးခေါင်းဆောင်ဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။

(၄) အလုပ်အကိုင် သေချာမှုပိုရှိစေတယ်


           အခုခေတ်မှာ စိုက်ပျိုးရေးကနေ ပညာရေးအထိ အလုပ်အကိုင်နယ်ပယ်အားလုံးဟာ နည်းပညာနဲ့ ကင်းလို့ မရတော့ပါဘူး။ နည်းပညာကျွမ်းကျင်မှုမရှိဘဲ လှေကြီးထိုးရိုးရိုးဆိုတဲ့ သမရိုးကျသမားတွေဟာ နည်းပညာခေတ်မှာ အံမဝင်တော့ပါဘူး။ နည်းပညာပိုင်း အားသာချက်ရှိသူသာ သူ့အလုပ်အကိုင်အနာဂါတ် ပိုမိုသေချာဖြောင့်တန်းမှာ ဖြစ်ပါတယ်။

           Technical Skills ကောင်းသူတွေဟာ လက်ရှိအလုပ်ကနေ အလုပ်သစ်ရှာရာမှာလည်း တခြားသူတွေထက် အလုပ်အကိုင်ကောင်း ပိုရဖို့ လွယ်ကူပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ CV မှာ Technical Skills ကျွမ်းကျင်မှုတွေ များများစားစား ထည့်သွင်းနိုင်အောင် ကြိုးစားဖို့ အကြံပြုချင်ပါတယ်။

           ဆက်လက်ပြီးတော့လည်း လုပ်ငန်းခွင် ဝင်နေသူတိုင်း တတ်မြောက်ထားသင့်တဲ့ Digital Skills ၄ မျိုး နဲ့ Digital Tools တွေကို လွယ်လွယ်ကူကူအသုံးပြုတတ်သွားစေမယ့် နည်းလမ်း (၃) သွယ်ကို ဆက်လက် လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/34ydLi9ကနေ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။



Share

Loading Next Article...
က္က