In partnership with  logo
Google Suite အသုံးပြုပုံအကြောင်း ဝေမျှပေးချင်ပါတယ်။

ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စတွေအတွက် အသုံးပြုရတဲ့ Microsoft Word တို့လို Excel တို့လို ဖိုင်တွေလို အသုံးပြုနိုင်ပြီး Save နေစရာမလိုဘဲ အွန်လိုင်းပေါ်မှာ အလိုအလျောက် သိမ်းပေးတဲ့အပြင် လူအများကြီးက တစ်ချိန်တည်းမှာ ဝေမျှရေးသားပြင်ဆင်လို့ရတဲ့ Google Suite အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီ Google Suiteကို အသုံးပြုမယ်ဆိုရင်တော့ မေးလ် အကောင့်တစ်ခုရှိဖို့ လိုအပ်ပါလိမ့်မယ်။




Google Suite ရဲ့ အခြေခံဖြစ်တဲ့ App တွေကတော့

  • ၁။Gmail
  • ၂။Google Meet
  • ၃။Google Docs
  • ၄။Google Sheets
  • ၅။Google Calendar
  • ၆။Google Drive
  • ၇။Google Slides 

တို့ပဲဖြစ်ပါတယ်။ ဒီ app တွေကို အဝေးကြီးရှာနေစရာမလိုပါဘူး၊ ကိုယ့် Gmail ရဲ့ ညာဘက်ထောင့်ခြမ်းက ပရိုဖိုင်ပုံနံဘေးမှာရှိတဲ့ Google Apps ဆိုတဲ့ အကွက်လေးတွေကို နှိပ်လိုက်ရုံနဲ့ Google Suite ကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ အဲဒီ Google Suiteတွေထဲက ကိုယ်အသုံးပြုလိုတဲ့ App ကို နှိပ်ပြီး အသုံးပြုရုံပါပဲ။ 

 ၁။ Gmail

Google Suiteကို အသုံးပြုမယ်ဆိုရင်တော့ Gmail အကောင့်တစ်ခု မဖြစ်မနေလိုအပ်ပါတယ်။

Gmail ကတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဟိုးလွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် အကျော်ကာလတွေထဲက Gmail ကို မြန်မာနိုင်ငံမှာ အသုံးပြုလာခဲ့ကြတာဖြစ်လို့ အားလုံးနဲ့ အကျွမ်းတဝင်ရှိနေပြီးသားပါ။ Google Suiteကို အသုံးပြုမယ်ဆိုရင်တော့ Gmail အကောင့်တစ်ခု မဖြစ်မနေလိုအပ်ပါတယ်။

၂။Google Meet

တကယ်တော့ Google Meet ဟာ တခြား Video Conferencing App တွေထက် အများကြီး သုံးရလွယ်ကူပါတယ်။

မြန်မာနိုင်ငံမှာ Google Meet ကို အသုံးမပြုတတ်ဘူးလို့ ပြောကြတဲ့သူတွေအတော်များပါတယ်။ မီတင်တွေ၊ Video Conferencing တွေအတွက် အရမ်းကို ကောင်းမွန်အဆင်ပြေပါတယ်။ တကယ်တော့ Google Meet ဟာ တခြား Video Conferencing App တွေထက် အများကြီး သုံးရလွယ်ကူပါတယ်။ ပထမဆုံး New Meeting ကိုနှိပ်ပါ။ ပြီးရင် Meeting Name ပေးပြီးရင် မီတင်ထဲကို ကိုယ်က ရောက်ရှိသွားပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာမှ ကိုယ် မီတင်ထဲ ခေါ်ချင်သူရဲ့ မေးလ်ကို ပို့တာ ဒါမှမဟုတ် မီတင် Link ကို ကူးယူပြီး မီတင်ထဲ ဝင်လာစေချင်တဲ့သူဆီ ကြိုက်နှစ်သက်ရာ ဖုန်းမက်ဆေ့ဖြစ်စေ၊ Viber ကဖြစ်စေ ၊ Messenger ကဖြစ်စေပေးပို့လို့ရပါတယ်။ မီတင်ထဲ ဝင်လာမယ့်သူဟာလည်း မေးလ်တစ်ခုရှိနေရုံနဲ့ ရရှိတဲ့ လင့်ကို နှိပ်လိုက်တဲ့ အခါမှာ မီတင်ထဲ ချက်ချင်းဝင်ရောက်သွားမှာဖြစ်ပါတယ်။ Google Meet မှာ Presentation လုပ်ချင်သူတွေအတွက်လည်း Share Screen ကိုနှိပ်ရုံနဲ့ ကိုယ် မီတင်ထဲကလူတွေကို တင်ပြလိုတဲ့ အကြောင်းအရာတွေကို ကိုယ့်ကွန်ပျူတာထဲကတစ်ဆင့် ပြသလို့ ရပါတယ်။ မီတင်ကို Record လုပ်ချင်သူတွေအတွက်လည်း မီတင်ပြီးဆုံးသွားတဲ့အခါ ကိုယ့်ရဲ့ အီးမေးလ်ကို မီတင် Record တွေ ပြန်လည် ပေးပို့တာဖြစ်လို့ အရမ်းကို အဆင်ပြေလွယ်ကူပြီး ခေါင်းစားစရာ မလိုတော့ပါဘူး။

၃။Google Docs နဲ့ ၄။Google Sheets

အင်တာနက် ရှိနေသမျှ ကာလပတ်လုံး ကိုယ် ရေးထားသမျှ အရာတွေကို အလိုအလျှောက် သိမ်းပေးသွားမှာဖြစ်ပါတယ်။
စာရေးချင်တဲ့ အခါ ၊ ဒါမှမဟုတ် စာရင်းဇယားတွေ လုပ်ချင်တဲ့ အခါ ကွန်ပျူတာကနေ Word တွေ၊ Excel တွေနဲ့ တစ်ခုချင်းလုပ်ပြီး အထက်လူကြီးကို တင်ပြရတဲ့အခါ အဲဒီဖိုင်တွေကို သိမ်းရတာ၊ ပြန်မျှဝေရတာတွေဟာ အလုပ်တွေ အဆင့်များလွန်းပါတယ်။ တကယ်လို့ မသိမ်းမိခဲ့ရင် ၊ မီးပျက်သွားခဲ့ရင်လည်း ကိုယ့်ရဲ့ ဖိုင်တွေကို ပြန်မရနိုင်တော့ပါဘူး။ အဲဒါတွေ အသုံးပြုမယ့်အစား Google Docs နဲ့ Google Sheets ကို အသုံးပြုပါ။

ဒီ App တွေက အင်တာနက် ရှိနေသမျှ ကာလပတ်လုံး ကိုယ် ရေးထားသမျှ အရာတွေကို အလိုအလျှောက် သိမ်းပေးသွားမှာဖြစ်ပြီး တစ်ယောက်တည်းတင်မက ကိုယ်ဝင်ရောက်ကြည့်ရှူစေလိုတဲ့ သူကိုပါ မေးလ် ပို့ပေးထားမယ်ဆိုရင် တစ်ချိန်တည်းမှာပဲ လူအများကြီး ဝင်ရောက် ရေးသားပြင်ဆင်လို့ ရတာဖြစ်တဲ့ အတွက် အရမ်းကို အလုပ်တွင်ပါတယ်။

၅။Google Calendar

google meet နဲ့ ချိတ်ပြီး မီတင်တွေ တည်ဆောက်တာ၊ ကိုယ်လုပ်စရာရှိတဲ့ ကိစ္စတွေ Remind ပေးဖို့ ပြုလုပ်တာတွေ အပြင် ကိုယ်ရေးကိုယ်တာ အရေးတကြီး ကိစ္စရပ်တွေကိုလည်း မှတ်သားနိုင်ပါတယ်။

နောက်တစ်ခုကတော့ Google Calendar ပါ။ ပြက္ခဒိန်လို ရက် ၊ လ ၊ နေ့ တွေ ကြည့်ရရုံတင်မကဘဲ အလုပ်အတွက် Schedule ပေးတာ google meet နဲ့ ချိတ်ပြီး မီတင်တွေ တည်ဆောက်တာ၊ ကိုယ်လုပ်စရာရှိတဲ့ ကိစ္စတွေ Remind ပေးဖို့ ပြုလုပ်တာတွေ အပြင် ကိုယ်ရေးကိုယ်တာ အရေးတကြီး ကိစ္စရပ်တွေကိုလည်း မှတ်သားနိုင်ပါတယ်။ လုပ်ငန်းသုံးမေးလ် နဲ့ အသုံးပြုမယ်ဆိုရင် တစ်ရုံးလုံးမှာ ရှိတဲ့ဝန်ထမ်းတွေအတွက် အလုပ်တာဝန်ခွဲဝေတာကစလို့ အလုပ်ပြီးစီးကြောင်း ဝန်ထမ်းကနေ Report တင်တာအထိ ရုံးဝန်ထမ်းအားလုံး ကြည့်လို့ရတဲ့အတွက် တစ်ကိုယ်ရည် ကိစ္စရပ်တွေအပြင် ရုံးလုပ်ငန်းအတွက်ပါ အရမ်းကို အသုံးဝင်ပါတယ်။

၆။Google Drive

Google Drive မှာ data storage အတွက် 15GB အခမဲ့ပေးသုံးထားတာဖြစ်တဲ့ အတွက် အရမ်းကို အဆင်ပြေပါတယ်။

Google Drive ကတော့ ဖိုင်ဆိုဒ်အကြီးတွေကို Memory Stick တွေ၊ Hard disksတွေ အသုံးပြုနေစရာမလိုဘဲ Google Driveတစ်ဆင့် လူတိုင်းကို မျှဝေလို့ရတဲ့ Google App တစ်ခုဖြစ်ပါတယ်။ Google Drive ထဲဝင်ပြီး Upload file ဒါမှမဟုတ် Upload Folder ကို ရွေးချယ်ပြီးGoogle Driveမှာ ဖိုင်ဆိုဒ်အကြီးတွေ သိမ်းထားလို့ရသလို တခြားသူတွေဆီလည်း မျှဝေလို့ ရပါတယ်။ Google Drive မှာ data storage အတွက် 15GB အခမဲ့ပေးသုံးထားတာဖြစ်တဲ့ အတွက် အရမ်းကို အဆင်ပြေပါတယ်။

၇။Google Slides 

Presentation Template တွေကိုလည်း ပေးထားတာဖြစ်တဲ့အတွက် ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကို ဖန်တီးလို့ရပါတယ်။

Google Slides ကတော့ Presentation ပြုလုပ်တဲ့ နေရာမှာ လွယ်လွယ်ကူကူ အသုံးပြုလို့ရတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ လူအများကြီးက Presentation တစ်ခုကို တစ်နေရာတည်းမှာ ဝင်ဖန်တီးလို့ရသလို ဝင်ပြင်ဆင်လို့ ရပါတယ်။ ထုံးစံအတိုင်း ဖိုင်ကိုလည်း အလိုအလျောက် သိမ်းပေးထားမှာဖြစ်ပြီး Presentation Template တွေကိုလည်း ပေးထားတာဖြစ်တဲ့အတွက် ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကို ဖန်တီးလို့ရပါတယ်။ အချိန်ကုန်သက်သာပြီး အရမ်းကို လွယ်ကူတဲ့ google apps တွေပဲ ဖြစ်ပါတယ်။

သတိထားရမှာတွေကတော့ ဒီ google apps တွေကို အသုံးပြုဖို့ဆိုရင် မေးလ်ဖွင့်ထားဖို့တော့ လိုအပ်ပါတယ်။ google apps တွေတိုင်းက အလွယ်တကူ တခြားသူတွေကို ဝင်ရောက် ရေးသားပြင်ဆင်လို့ ရအောင် ပြုလုပ်ပေးထားသလို တချို့တွေကိုတော့ ပြင်ဆင်ခွင့်မပေးဘဲ comment သာ ပေးခွင့် ပြုဖို့ ပြုလုပ်လို့ရပါတယ်။ မေးလ် အကောင့်တစ်ခုရှိရုံနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အလုပ်တွေ ကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ အသုံးပြုနိုင်တာဖြစ်တဲ့ အပြင် အသုံးပြုရ အရမ်းလွယ်ကူတာဖြစ်လို့ မသုံးတတ်ဘူး၊ သုံးနည်း မသိဘူးဆိုတာတွေကို ဘေးချိတ်ပြီး ဖော်ပြထားတာတွေအတိုင်း ကြိုးစားစမ်းသုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။   

လုပ်ငန်းခွင် ဝင်နေသူတိုင်း တတ်မြောက်ထားသင့်တဲ့ Digital Skills ၄ မျိုး နဲ့  Digital Tools တွေကို လွယ်လွယ်ကူကူအသုံးပြုတတ်သွားစေမယ့် နည်းလမ်း (၃) သွယ် မှာလည်း ဆက်လက် လေ့လာနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/3ol6Al0 ကနေ တစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က