In partnership with  logo
လူအများကတစ်ဖက် ကိုယ်က တစ်ဖက် ဖြစ်နေတာမျိုးဆိုရင် ကိုယ့်ဘက်က ပြုပြင်ပြောင်းလဲကြည့်ပါ

လုပ်ငန်းခွင်မှာ တစ်ခါတရံ အားလုံးက တစ်ဖက် ၊ ကိုယ်က တစ်ယောက်တည်း ဆိုတာမျိုး ကြုံနေရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အများနဲ့ တစ်ယောက် ဖြစ်နေတဲ့ လုပ်ငန်းခွင်ဟာ စိတ်ညစ်စရာအလွန်ကောင်းတာမို့ အလုပ်သွားရမှာကိုတောင် ကြောက်နေရတာမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ လုပ်ငန်းခွင်မှာ လူအများနဲ့ ဘယ်လို ဆက်ဆံရေးကောင်းမွန်အောင် နေထိုင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 



၁။ကိုယ်က စတင်ပြုံးပြပါ 

တစ်ခါတလေ အများနဲ့ တစ်ယောက် ဖြစ်နေတာက ကိုယ့်ရဲ့ ပုံစံ‌ကြောင့် လူတွေက ရှိန်ပြီး မခေါ်မပြောရဲတာလည်း ဖြစ်နိုင်ပါတယ်။ တချို့သူတွေက အလိုအလျောက် ပြုံးရယ်တာမျိုးမရှိဘဲ ခပ်တည်တည်နေတတ်ကြပါတယ်။ သတိလက်လွတ် ကိုယ့်ပုံစံအတိုင်း နေနေမိတဲ့အခါမျိုးမှာ ဘေးကလူက မာနကြီးတယ်၊ မခေါ်မပြောချင် ဖြစ်နေတယ်လို့ ထင်မှတ်မှားသွားတတ်ကြပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမှတ်မထင် မျက်လုံးချင်းဆုံမိတဲ့အခါ ကိုယ်က အရင် စတင်ပြုံးပြလိုက်ပါ။ ဒါဆိုရင်တော့ တစ်ဖက်ကသူတွေကလည်း ကိုယ့်ကို ပြန်လည်ပြုံးပြနှုတ်ဆက်ပြီး ခေါ်ပြောဆက်ဆံလာပါလိမ့်မယ်။ 

၂။ကိုယ်က လူအများနဲ့ ထိတွေ့ဆက်ဆံရတာ ဝန်လေးသူဖြစ်ကြောင်း ဝန်ခံထားပါ 

အရယ်အပြုံးနည်းတဲ့သူတွေဟာ များသောအားဖြင့် လူအများနဲ့ ဆက်ဆံပြောဆိုရမှာကို ဝန်လေးတတ်သူတွေဖြစ်တတ်ကြပါတယ်။ တခြားနေရာမှာ ပြောဆိုဆက်ဆံဖို့ မလို ကိုယ့်စိတ်တိုင်းကျ ဆိတ်ဆိတ် နေလို့ရပေမယ့် လုပ်ငန်းခွင်မှာတော့ လူအများနဲ့ လုပ်ကိုင်နေရတာဖြစ်တဲ့အတွက် ပြောဆိုဆက်ဆံဖို့ မဖြစ်မနေ လိုအပ်လာပါပြီ။ ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစပ်မိတဲ့အခါ၊ ဒါမှမဟုတ် စစဝင်ချင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရတဲ့အခါမျိုးတွေမှာ ကိုယ်ဟာ ဒီလိုလူမျိုးဖြစ်တဲ့အကြောင်း ဝန်ခံထားမယ်ဆိုရင် ကိုယ်ဟာ ဒီလိုလူဖြစ်တဲ့အကြောင်းသိသွားပြီးဖြစ်တဲ့အတွက် လုပ်ငန်းခွင်အတွင်းအများနဲ့ တစ်ယောက်ဖြစ်စရာမရှိတော့ပါဘူး။ 

အလုပ်မှာ Teamwork နဲ့ အလုပ်လုပ်ရတာမျိုးကို များများတာဝန်ယူပေးပါ၊

၃။Teamwork နဲ့ အလုပ်လုပ်ရတာကို များများလုပ်‌ေပးပါ 

ကိုယ်က အများနဲ့ အတူနေရတာ စိတ်မသက်မသာဖြစ်တဲ့သူ ဖြစ်သည့်တိုင်အောင် အလုပ်မှာ Teamwork နဲ့ အလုပ်လုပ်ရတာမျိုးကို များများတာဝန်ယူပေးပါ၊ Sharing is caring ဆိုတဲ့ စကားလည်း ရှိနေတာဖြစ်တဲ့အတွက် ကိုယ့်ဘက်က တာဝန်တွေ ကူညီလုပ်ဆောင်ပေးတဲ့အခါမှာ တစ်ဖက်သားဘက်ကလည်း ကိုယ့်ကို ပြန်လည် ကူညီလုပ်ဆောင်ပေးတာလေးတွေ ရရှိလာပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးက အလုပ်အတွက် ကူလုပ်ပေးဖို့ လိုအပ်တဲ့ သေးသေးမွှားမွှား ကိစ္စလေးတွေ ရှိရင်လည်း ပါဝင်ကူညီပေးတာမျိုး နဲ့ လုပ်ငန်းခွင်အတွင်းကလူတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ယူဖို့ အကြံပေးပါရစေ။  

၄။အကောင်းမြင်စိတ်ရှိပါ 

လုပ်ငန်းခွင်ဟာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိနေကြတာဖြစ်တဲ့အတွက် ကိုယ့်ဘက်က အကောင်းမြင်စိတ်လေး ထားပေးလိုက်တာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ အလုပ်ကိစ္စမဟုတ်တဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေမှာ အဆိုးမြင်နေတာမျိုးတွေ ကိုယ့်ဘက်က ရှိနေခဲ့တာမျိုးတွေ ဖြစ်နေမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးဟာ ပြေလည်နိုင်မှာ မဟုတ်ပါဘူး။ 

၅။ရာထူးအဆင့်အတန်းတိုင်းပေါ် လေးစားမှုရှိပါ 

လုပ်ငန်းခွင်မှာ ရှိနေတဲ့ အောက်ခြေဝန်ထမ်းကစလို့ အထက်လူကြီး ရာထူးအကြီးပိုင်း စီမံခန့်ခွဲသူတွေအထိ ကိုယ့်ဘက်က လေးစားသမှုနဲ့ ဆက်ဆံပြောဆိုပါ။ ကိုယ်က လေးစားမှုရှိတဲ့အခါ တခြားသူတွေဘက်ကလည်း ဆက်ဆံရေးတင်းမာနေသည့်တိုင်အောင် ပျော့ပြောင်းလာပါလိမ့်မယ်။ အချင်းချင်း လေးစားမှုရှိနေမယ်ဆိုရင် အများနဲ့တစ်ယောက်ဖြစ်နေတဲ့ ကိစ္စတွေလည်း မရှိနိုင်တော့ပါဘူး။ 

ဒီအချက်လေးတွေကို လိုက်လံလုပ်ဆောင်ကြည့်မယ်ဆိုရင်တော့ လုပ်ငန်းခွင်မှာ အများနဲ့ တစ်ယောက် ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းသွားနိုင်မှာ သေချာပါတယ်။ 

ဆက်လက်ပြီး အသက်မွေးဝမ်းကျောင်းရွေးချယ်မှု မှားယွင်းသွားတဲ့အခါ ဘာဆက်လုပ်ကြမလဲ နဲ့ ကြုံတွေ့နေရတဲ့ အလုပ်ဖိအားတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ မှာ ဖတ်ရှုလေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/32QTZgm ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က