In partnership with  logo
အလုပ်တိုင်းမှာတော့ ဖိအားဆိုတာ ကြုံတွေ့ကြရမှာပါပဲ။

အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတိုင်း အလုပ်ဖိအားဆိုတာကို ကြုံကြရမှာ ဓမ္မတာပါပဲ။ အရေးကြီးတာကတော့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အလုပ်ဖိအားတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာပဲဖြစ်ပါတယ်။ ဒီတော့ နေ့စဉ်ကြုံတွေ့နေရတဲ့ အလုပ်ဖိအားတွေကို ရင်ဆိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။ 



အလုပ်ဖိအားဆိုတာ ဘယ်လိုမျိုးလဲ 

အလုပ်ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းဖို့ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ်က အလုပ်ဖိအားဒဏ်တွေ ခံနေရပြီလားဆိုတာကို သေသေချာချာသိဖို့ လိုအပ်ပါတယ်။ အလုပ်ဖိအားဒဏ်တွေ ခံစားနေရတဲ့သူတစ်ယောက်ဟာ အမြဲတမ်းလိုလို အလုပ်များနေတယ်လို့ ခံစားနေရတာ၊ အတွေးထဲမှာ အလုပ်အကြောင်းတွေပဲများနေတာ၊ အလုပ်မပြီးမစီးဖြစ်မှာကို စိုးရိမ်ပူပန်နေတာ၊ အိပ်မပျော် စားမဝင်နိုင်တော့တာ၊ အာရုံကောင်းကောင်း မစိုက်နိုင်တော့တာ စတာတွေထဲက သံုးခု ဒါမှမဟုတ် သုံးခုထက်ပိုလာပြီဆိုရင် အလုပ်ဖိအားဒဏ်ခံစားနေရပါပြီ။ 

အလုပ်ဒဏ်ခံစားနေရတာကို သိပြီဆိုရင် ဘယ်လိုကုသကြမလဲ။ 

၁။စိတ်အေးအေးထားပါ 

ပထမဆုံး လုပ်ရမယ့်အလုပ်ကတော့ စိတ်အေးအေးထားဖို့ပါပဲ။ စိတ်တွေပူပန်နေပြီး အလုပ်တွေ မပြီးစီးမှာ ကြောက်နေတဲ့စိတ်ကို အရင်ဖျောက်ဖို့ လိုအပ်ပါတယ်။ စိတ်ကို အေးအေးသက်သာထားဖို့က အလုပ်ဖိအားကို ရင်ဆိုင်ရမယ့် ပထမဆုံးအချက်ဖြစ်ပါတယ်။ လွယ်ကူသယောင်ထင်ရပေမယ့်လည်း တကယ်တမ်းကျ ခက်ခဲတဲ့အတွက်ကြောင့် ကိုယ့်စိတ်ကို အေးဆေးသက်သာစွာ ရှိနိုင်မယ့် အနေအထားရောက်အောင် လုပ်ယူဖို့ လိုပါတယ်။ 

၂။လုပ်စရာရှိတာကို ရှင်းရှင်းလင်းလင်းသိပါစေ 

အလုပ်ဖိအားတွေခံစားလာရတဲ့အခါ လုပ်စရာတွေများပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဗျာများနေရာကနေ ဘာအလုပ်မှ သေသေချာချာ ပြီးစီးသွားတယ်ဆိုတာမရှိဘဲ တစ်နေ့တာ ကုန်ဆုံးသွားတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ကိုယ်လုပ်ရမယ့်အလုပ်တွေနဲ့ ဘယ်အလုပ်ဟာ ပိုအရေးကြီးတယ်ဆိုတာမျိုးကိုယ်တိုင် ရှင်းရှင်းလင်းလင်း ခွဲခြားသိဖို့ လိုအပ်ပါတယ်။ 

စိတ်တွေပူပန်နေပြီး အလုပ်တွေ မပြီးစီးမှာ ကြောက်နေတဲ့စိတ်ကို အရင်ဖျောက်ဖို့ လိုအပ်ပါတယ်။

၃။ကောင်းမွန်သေသပ်စွာ စမတ်ကျကျ လုပ်ကိုင်ပါ 

ကိုယ်လုပ်ရမယ့်အလုပ်တွေနဲ့အတူ ဘယ်အလုပ်ကတော့ အရေးကြီးဆုံးဆိုတာမျိုးတွေကို ကွဲကွဲပြားပြား သိပြီဆိုရင်တော့ အဲဒီအလုပ်တွေကို 

တစ်ခုချင်းစီ အရေးကြီးဆုံး အရာတွေကနေ စတင်ပြီး ဖြေးဖြေးချင်း တိတိကျကျ Professional ကျကျ ဆောင်ရွက်သွားမယ်ဆိုရင် အလုပ်တွေကို ဖိအားနည်းနည်းနဲ့ ဆောင်ရွက်နိုင်သွားပါလိမ့်မယ်။ 

၄။အလုပ်ချိန်နဲ့ အနားယူချိန်ကို ကွဲပြားပါစေ 

အလုပ်ချိန် ၊ အနားယူချိန်တွေ ဝေဝါးနေတာတွေအတွက်ကြောင့်လည်း အလုပ်ဖိအားတွေများလာတတ်ပါတယ်။ ကိုယ်ပိုင်အချိန်နဲ့ အလုပ်ချိန်ကို ရနိုင်သလောက် ခွဲခြားထားနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ ခုလို ကိုဗစ်ကာလမှာ လူတိုင်းက အိမ်မှာ Work from Home အနေနဲ့ အလုပ်လုပ်နေကြရတာဖြစ်တဲ့အတွက် အလုပ်ချိန်နဲ့ ကိုယ်ပိုင်ချိန်ကို သီးသန့်ခွဲခြားမနေဘဲ အဆင်ပြေသလို လုပ်ကိုင်နေတတ်ကြပါတယ်။ အဲဒီလို မလုပ်ဘဲ သီးသန့်ခွဲထားနိုင်မယ်ဆိုရင် ဖိအားတွေလျော့နည်းလာပါလိမ့်မယ်။ 

၅။တိုင်ပင်ဆွေးနွေးဖော်တွေကို ရင်ဖွင့်ပါ 

အလုပ်မှာ ဖိအားတအားများလာပြီဆိုရင်လည်း ကိုယ့်ရဲ့ မိတ်ဆွေ ၊ သူငယ်ချင်း နဲ့ မိသားစုဝင်တွေကို ရင်ဖွင့်တိုင်ပင်လိုက်တာက အကောင်းဆုံးနည်းလမ်းပါ။အကြံဉာဏ်မပေးရင်တောင် နားထောင်ပေးတဲ့သူရှိတယ်ဆိုရင် ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ ပေါ့ပါးသွားနိုင်တာဖြစ်တဲ့အတွက် တိုင်ပင်ဆွေးနွေးရင်ဖွင့်တာကတော့ အကောင်းဆုံးကုထုံးပဲ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး Work From Home ကာလကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ ဒါတွေလုပ်ဆောင်ပါ နဲ့ အလုပ်တွေမပြီးဘဲ လုပ်စရာတွေ အမြဲပုံနေသူတွေအတွက် ဒီအချက်တွေက သင့်ကို ကူညီပေးပါလိမ့်မယ် မှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/32QTZgm ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က