In partnership with  logo
တစ်ခါတရံ ကိုယ်နဲ့ မကိုက်ညီတဲ့ အလုပ်ကို ရွေးချယ်မိတတ်ကြပါတယ်။

လူတိုင်းမှာ တစ်ခါတရံ ကိုယ်နဲ့ လုံးဝမကိုက်ညီတဲ့ အသက်မွေးဝမ်း‌ကျောင်းကို လုပ်နေရတဲ့ အချိန်မျိုး ရှိတတ်ကြပါတယ်။ အလုပ်ရလွယ်ကူလို့ပဲဖြစ်ဖြစ်၊ ကြုံရာအလုပ်ကို လျှောက်ထားလိုက်ရလို့ပဲဖြစ်ဖြစ် ၊ အဆင်ပြေမယ်ထင်ပြီး ဝင်လုပ်နေရတာမျိုးဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ကိုယ်နဲ့ လုံးဝမကိုက်ညီတဲ့ အလုပ်ဖြစ်နေပြီဆိုရင်တော့ အလုပ်သွားနေရတဲ့ နေ့ရက်တိုင်းက ငရဲပါပဲ။ 



ဒီလို အသက်မွေးဝမ်းကျောင်း ရွေးချယ်မှုမှားယွင်းသွားတဲ့အခါ ဘာဆက်လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

၁။ ကိုယ့်အလုပ်က ကိုယ်နဲ့ တကယ်မကိုက်ညီတဲ့ အလုပ်သေချာပြီလားဆိုတာဆန်းစစ်ပါ 

တစ်ခါတရံမှာ ကိုယ်က အလုပ်ဖိအားတွေ၊ အထက်လူကြီးနဲ့ အဆင်မပြေတာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်တွဲဖက်လုပ်ကိုင်ရတာ အဆင်မပြေတာတွေကြောင့် စိတ်ညစ်ရတာ စိတ်ရှုပ်ရတာတွေကို အသက်မွေးဝမ်းကျောင်း ရွေးချယ်မှု မှားယွင်းတယ်ဆိုပြီး ထင်မှတ်မှားတတ်ပါတယ်။ အသက်မွေးဝမ်းကျောင်းရွေးချယ်မှု မှားယွင်းတယ်ဆိုတာက အလုပ်မှာ တွေ့ကြုံနေရတဲ့ လူတွေနဲ့ မသက်ဆိုင်ဘဲ ကိုယ် လုပ်နေရတဲ့ အလုပ်နဲ့သာ သက်ဆိုင်တာပါ။ ဒီအလုပ်လုပ်နေရတာ စိတ်ရှုပ်ပြီး အလုပ်မလုပ်ချင်လောက်အောင် စိတ်ပျက်နေရတာမျိုး၊ ကိုယ့်ရဲ့ စရိုက် နဲ့ ဒီအလုပ်က ဘယ်လိုမှ ကိုက်ညီမှုမရှိတာမျိုးကိုမှ အသက်မွေးဝမ်းကျောင်းရွေးချယ်မှု မှားယွင်းတယ်လို့ ခေါ်တာပါ။ 

၂။ ကိုယ်တကယ်စိတ်ဝင်စားတဲ့အလုပ်က ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်သေချာမေးပါ 

အသက်မွေးဝမ်းကျောင်းမှားယွင်းနေတာ သေချာပြီဆိုရင် ကိုယ်က ဘယ်လို အလုပ်မျိုး၊ ဘယ်လို အသက်မွေးဝမ်းကျောင်းမျိုးကို လုပ်ချင်တာလဲ၊ ကိုယ်နဲ့ ကိုက်ညီမယ့် အသက်မွေးဝမ်းကျောင်းက ဘယ်လို အလုပ်မျိုးလဲ ဆိုတာကို ပြန်လည် ဆန်းစစ်ဖို့ လိုပါတယ်။ အသက်မွေးဝမ်းကေျာင်းရွေးချယ်မှု မှားယွင်းပြီဆိုပြီး စိတ်ဓာတ်ကျနေစရာမလိုဘဲ ကိုယ်က ဘယ်လို အသက်မွေးဝမ်းကျောင်းနဲ့ အဆင်ပြေမှာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ လိုပါတယ်။ 

အသက်မွေးဝမ်းကျောင်း ပြောင်းချိန်မှာ ဘာတွေကြုံတွေ့ရမှာလဲဆိုတာကို စုံစမ်းထားဖို့ လိုပါတယ်။


၃။ အသက်မွေးဝမ်းကျောင်းပြောင်းချိန်မှာ ဘာတွေကြုံရမှာလဲဆိုတာကို စုံစမ်းပါ 

အသက်မွေးဝမ်းကျောင်း ပြောင်းချိန်မှာ ဘာတွေကြုံတွေ့ရမှာလဲဆိုတာကို စုံစမ်းထားဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်ပြောင်းမယ့် အသက်မွေးဝမ်းကေျာင်း က အခုလက်ရှိလုပ်နေတဲ့ အလုပ်နဲ့ ဆက်စပ်နေသလား၊ ဒါမှမဟုတ် အစကနေ ပြန်စရမှာမျိုးလား၊ လစာကရော ဘယ်လိုပြောင်းလဲသွားလောက်မလဲ ဆိုတာတွေကို သိရဖို့အတွက် ကိုယ်ပြောင်းမယ့် အသက်မွေးဝမ်းကျောင်းဘက်ပိုင်းမှာ လုပ်ကိုင်နေတဲ့သူတွေက တစ်ဆင့် စုံစမ်းမေးမြန်းထားဖို့ လိုအပ်ပါတယ်။ 

၄။ ကိုယ်ပြောင်းချင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို လျှောက်ထားပါ 

ကိုယ်ပြောင်းချင်တဲ့ အသက်မွေးဝမ်းကျောင်းပိုင်းက အလုပ်တွေကို ခေါ်ယူနေတာတွေ့ရင်လည်း လျှောက်ထားကြည့်ပါ၊ အင်တာဗျူးခေါ်ဆိုရင်လည်း ဝင်‌ေရာက်ဖြေဆိုကြည့်ပါ။ အလောတကြီး မပြောင်းချင်သေးဘူးဆိုရင်တောင်မှ အင်တာဗျူးတွေကတစ်ဆင့် ကိုယ်ပြောင်းမယ့် အသက်မွေးဝမ်းကျောင်းမှာ ကိုယ်က ဘယ်ရာထူးအဆင့်နဲ့ ဝင်ရောက်နိုင်မလဲ၊ လစာအနေအထားဘယ်လောက် ရှိမလဲဆိုတာကို သိရှိသွားနိုင်တဲ့အတွက် အလုပ်ခေါ်ဆိုမှုတွေ တွေ့ခဲ့ရင်လည်း လျှောက်ထားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

၅။ လိုအပ်တဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေကို လေ့လာသင်ယူပါ 

ပြောင်းလဲလုပ်ကိုင်မယ့် အသက်မေွးဝမ်းကျောင်းမှာ ဘယ်လို ကျွမ်းကျင်မှုတွေ လိုအပ်သလဲဆိုတာကို မေးမြန်းစုံစမ်းလေ့လာကြည့်ပါ။ ကိုယ့်မှာ မရှိသေးတဲ့ ကျွမ်းကျင်မှုတွေ ရှိနေသေးတယ်ဆိုရင်လည်း ကိုယ်တိုင် SELFSTUDY လုပ်တာ ၊ ဒါမှမဟုတ် သင်တန်းတက်တာ စသဖြင့် ကျွမ်းကျင်မှုတွေကို ရယူထားမယ်ဆိုရင် အသက်မွေးဝမ်းကျောင်း ပြောင်းလဲလိုက်သည့်တိုင်အောင် ကိုယ့်မှာ အခက်အခဲ နည်းသွားနိုင်ပါတယ်။ 

ဒါကတော့ မဖြစ်မနေ အသက်မွေးဝမ်းကျောင်း ပြောင်းလဲချင်သူတွေ လုပ်ဆောင်သင့်တဲ့ အချက်ကလေးတွေပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်က အသက်မွေးကျောင်းမကိုက်ညီ‌ေပမယ့် နှစ်ရှည်ကြာ လုပ်ကိုင်လာခဲ့ပြီးဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းဖြစ်နေလို့ မပြောင်းလဲချင်တော့ဘူးဆိုရင်လည်း လက်ရှိထက် ပိုပြီး ထူးချွန်ထက်မြက်တော်တတ်အောင် ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ဖို့ လိုပါတယ်။ 

ဆက်လက်ပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းဟုတ်မဟုတ် ရှာဖွေဖို့ အဆင့် (၅)ဆင့် နဲ့ လက်ရှိအလုပ်ကနေ နောက်အလုပ်တစ်ခုကို လျှောက်ဖို့လိုအပ်လာတဲ့ အခြေအနေ ( ၅ ) ရပ် တို့မှာ ဖတ်ရှု လေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့  https://bit.ly/32QTZgm ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 



Share

Loading Next Article...
က္က