In partnership with  logo
ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။

ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ ပျော်ရွှင်ပါမှ အောင်မြင်တဲ့ လုပ်ငန်းခွင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေရဲ့ အားစိုက်ထုတ်မှုဟာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေ ပျော်ရွှင်စေဖို့ဆိုတာ ဝန်ထမ်းတွေရဲ့ ဘဝအတွက်လည်း လိုအပ်သလို အလုပ်ရှင်တွေအတွက်လည်း အောင်မြင်တဲ့ လုပ်ငန်းခွင်ဖြစ်စေနိုင်တာဖြစ်လို့ လိုအပ်တဲ့ အရာတစ်ခုပါ။ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုက်ဖြစ်တဲ့ Myjobs က မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေနေသူ ဝန်ထမ်း ၄၀၀၀ ကို စစ်တမ်းကောက်ယူရာမှာ အောက်ပါအချက် (၄) ချက်က ဝန်ထမ်းတွေကို လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စေတဲ့အချက်တွေအဖြစ် တွေ့ရှိရပါတယ်။



၁။ ခွဲခြားဆက်ဆံမှုမရှိခြင်း

လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံမှုမရှိတာက ဝန်ထမ်းတွေကို ပျော်ရွှင်စေပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကျား မ ခွဲခြားဆက်ဆံတာ ၊ အသားအ‌ေရခွဲခြားဆက်ဆံတာ ၊ ရုပ်ရည်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတာနဲ့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံပုံချင်း သာတူညီမှ‌ျမှု မရှိတာတွေက ဝန်ထမ်းတွေအတွက် ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ကို ရရှိစေမှာမဟုတ်ပါဘူး။

၂။ ပွင့်လင်းတဲ့ လစာရရှိခြင်း

ပွင့်လင်းတဲ့ လစာ မရရှိတာမျိုးက ဝန်ထမ်းတွေကို မပျော်ရွှင်စေနိုင်ပါဘူး၊ တချို့လုပ်ငန်းခွင်တွေမှာဆိုရင် ဝန်ထမ်းရဲ့ လစာကို အပြင်ကို ထုတ်ပြောခွင့်မရှိဆိုတာမျိုးတွေနဲ့တောင် ကန့်သတ်ထားကြပါသေးတယ်။ ဒီလို ကန့်သတ်ထားတာမျိုးမဟုတ်ဘဲ ဒီလူဟာ ဘာ့ကြောင့် လစာ ပိုရတယ်၊ ဒီလူကတော့ ဘာ့ကြောင့် လစာတန့်နေတယ်၊ ဒီလူက ဘာအတွက် လစာ နည်းနေရတယ်ဆိုတာမျိုး ပွင့်ပွင့်လင်းလင်း ပြောဆိုထားမယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့ စိတ်သက်သာရာရစေပြီး လစာ ပိုရဖို့အတွက် အလုပ်ကြိုးစားတာမျိုးအထိ အကျိုးရလဒ်ရလာနိုင်စေပါတယ်။

ဝန်ထမ်းတွေဟာ ဒီလုပ်ငန်းခွင်မှာ အလုပ်လုပ်ရလို့ လစာ အပြင် တခြား ဘယ်အရာတွေ ရနိုင်ဦးမလဲဆိုတာကို မျှော်လင့်တတ်ကြပါတယ်။

၃။ အသိအမှတ်ပြုခံရခြင်း

ဝန်ထမ်းအများစုဟာ ကိုယ့်ကြိုးစားအားထုတ်မှုအတွက် အသိအမှတ်ပြုတာကို ခံချင်ကြတာ သဘာဝပါ။ အမှာ‌းတွေကိုသာ ဆူပူကြိမ်းမောင်းနေပြီး ရလဒ်ကောင်းတွေ ရရှိချိန်မှာ အသိအမှတ်ပြုမခံရတာမျိုးတွေ ကြုံရတဲ့လုပ်ငန်းခွင်ဟာ ဝန်ထမ်းတွေကို မပျော်ရွှင်စေနိုင်ပါဘူး၊ ဒါ့ကြောင့် ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုပေးတာမျိုးတွေလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

၄။ ဝန်ထမ်းရဲ့ တိုးတက်မှုအတွက်စဉ်းစားပေးခြင်း

လစာအပြင် နောက်ထပ်ဝန်ထမ်းတွေကို ပျော်ရွှင်စေတဲ့ အရာကတော့ မျှော်လင့်ခြင်းပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ ဒီလုပ်ငန်းခွင်မှာ အလုပ်လုပ်ရလို့ လစာ အပြင် တခြား ဘယ်အရာတွေ ရနိုင်ဦးမလဲဆိုတာကို မျှော်လင့်တတ်ကြပါတယ်။ လုပ်ငန်းအတွေ့အကြုံ ရနိုင်မှာလား၊ ကျွမ်းကျင်မှုတွေ ရရှိနိုင်မှာလား၊ တခြား ဝန်ထမ်းရဲ့ တိုးတက်မှုပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဘာတွေ ရရှိနိုင်ဦးမှာလဲ စတာတွေနဲ့ ပတ်သက်ပြီး မျှော်လင့်တတ်ကြတာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေရဲ့ တိုးတက်ရာကို ကြည့်ပေးတဲ့ လုပ်ငန်းခွင်ဟာ ဝန်ထမ်းတွေကို ပျော်ရွှင်စေနိုင်တာပါပဲ။

Myjobs ရဲ့ စစ်တမ်းကောက်ယူချက်တွေအရ လက်ရှိမှာ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်တဲ့ ဝန်ထမ်း ရာခိုင်နှုန်းဟာ ၅၀ရာခိုင်နှုန်း၊ လက်ရှိအလုပ်မှာ မပျော်ရွှင်တဲ့ ဝန်ထမ်းကတော့ ၉ ရာခိုင်နှုန်းရှိပြီး ကြားနေရာခိုင်နှုန်းက ၄၁ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ မပျော်တဲ့ ၉ ရာခိုင်နှုန်းကတော့ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရတာ ၊ လစာ မပွင့်လင်းတာ နဲ့ အသိအမှတ်ပြုမခံရတာတွေ ကြောင့် လုပ်ငန်းခွင်တွင်း မပျော်ရွှင်ရတာဖြစ်ကြောင်း စစ်တမ်းကောက်ယူချက်တွေအရသိရပါတယ်။ 

ဒီအချက်တွေက တကယ်ပဲ ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ ပိုမိုပျော်ရွှင်မှုရှိစေတဲ့ အရာတွေဖြစ်လို့ သင်က အလုပ်အကိုင်အခွင့်အလမ်းသစ်ရှာဖွေနေသူဆိုရင် ဒီအချက်တွေကို အဓိကထား စဥ််းစားသင့်သလို သင်က လုပ်ငန်းရှင် (ဒါမှမဟုတ်) အကြီးအကဲတစ်ဦးဆိုရင် ဝန်ထမ်းကောင်းတွေ ရရှိဖို့၊ ဝန်ထမ်းကောင်းတွေကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက် ဝန်ထမ်းတွေ အဓိကထားတဲ့ အချက်တွေကို ဂရုပြုဖြည့်စည်းနိုင်ဖို့အကြံပြုလိုက်ပါတယ်။

ဆက်လက်ပြီး အထက်လူကြီးနဲ့ အမြင်ချင်းမတူတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ နဲ့ နည်းပညာကျွမ်းကျင်သူတွေက လုပ်ငန်းခွင်မှာ သူများထက် ပိုသာတဲ့အချက်များ တွေမှာ ဖတ်ရှုလေ့လာကြဖို့ တိုက်တွန်းချင်ပါတယ်။

မြန်မာ့အကောင်းဆုံး ကုမ္ပဏီ လုပ်ငန်း ၁၀၀ အကြောင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။


Share

Loading Next Article...
က္က