In partnership with  logo
ဘယ်လိုအချိန်မှာ ဖြစ်ဖြစ် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် လက်လွှတ်ခံလို့ မဖြစ်ပါဘူး။

ကိုဗစ်ကာလမှာပဲ ဖြစ်ဖြစ်၊ ကိုဗစ်အလွန်ကာလမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုတော့ မြဲမြဲဆုပ်ကိုင်ထားကြရမှာပါပဲ။ ဘယ်လို အကြပ်အတည်းကာလဖြစ်နေပါစေ...ကိုယ့်လက်ထဲ အလုပ်အကိုင်ရှိနေဖို့က အရေးကြီးပါတယ်။ 

ဒီကာလလွန်သွားမယ့် အခြေအနေအချိန်အခါ တစ်ခုကိုလည်း ထည့်မတွက်ထားလို့ မရပါဘူး။ ဒီတော့ ကိုဗစ်အလွန်ကာလတွေမှာကော အလုပ်အကိုင်အခွင့်အလမ်းအတွက် ပြင်ဆင်ထားရမယ့် အချက် (၅) ချက်ကို ပြောပြပေးချင်ပါတယ်။ 



၁-နားစွင့်ထားပါ 

ဒီကိုဗစ်ကာလကြီး ပြီးသွားခဲ့ရင် ဘာတွေပြောင်းလဲသွားမှာလဲ၊ ခုကာလမှာကော ဘာတွေ ပြောင်းလဲနေသလဲဆိုတာကို အမြဲနားစွင့်ထားဖို့ လိုပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ ဘယ်လိုနေရာမှာ လမ်းကြောင်းပြောင်းပြီး လိုအပ်နေတာလဲ၊ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကရော ဘယ်ကာလအထိ မြဲနေနိုင်မှာလဲ။ အသက်မွေးဝမ်းကျောင်းကို ပြောင်းလဲလိုက်ဖို့လိုအပ်နေပြီလားဆိုတာတွေကို အမြဲမပြတ် နားစွင့်နေပါ။ 

၂-အမြဲသင်ယူလေ့လာနေပါ 

Home Stay ကာလမို့ ၊ အိမ်မှာနေနေရတဲ့အချိန်မို့ ဘာမှမလိုအပ်လို့ဆိုပြီး ကိုယ့်သင်ယူလေ့လာမှုတွေကို ရပ်တန့်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် လိုအပ်တဲ့ Skills တွေ ၊ ကိုယ် ဖြည့်တင်းဖို့လိုတဲ့ Skills တွေကို ဒီလိုအချိန်မှာ ဖြည့်ထားတာက ကိုဗစ်အလွန်ကာလမှာကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုပြီး လမ်းပွင့်စေမှာပါ။ 

၃-အချိန်တွေကို မဖြုန်းတီးမှုအောင်ကြိုးစားပါ 

ဒီလိုအချိန်တွေမှာ လူတိုင်းက စိတ်ဓာတ်ကျအားငယ်တာ၊ ဘာအလုပ်မှ လုပ်ချင်စိတ်မရှိတော့ဘဲ ထိုင်းမှိုင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်လုပ်ရမယ့်တာဝန်တွေ၊ လုပ်ငန်းတွေကို ပြီးမြောက်အောင်၊ ကိုယ့်ရဲ့ Skills တွေ ကို ဖြည့်တင်းနိုင်အောင် ကြိုးစားပြီး လုပ်ဆောင်ရပါမယ်။ တန်ဖိုးရှိတဲ့ အချိန်တွေကို ဘာမှန်းမသိ ကုန်ဆုံးသွားတာမျိုး လုံးဝအဖြစ်မခံပါနဲ့။ 

၄-ပြောင်းလဲမှုတိုင်းအပေါ် လိုက်လျောညီထွေဖြစ်အောင်နေပါ 

ရုံးမှာ အလုပ်လုပ်ရတာနဲ့ အိမ်မှာ အလုပ်လုပ်ရတာက လုံးဝမတူညီပါဘူး။ အလုပ်လုပ်ရတဲ့နေရာမှာလည်း ပိုပြီး ကသီတာ ၊ ပိုခက်ခဲတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ခါတိုင်း ကိုယ်က Digital ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်မှုမရှိဘူး၊ မသုံးတတ်ဘူးလို့ ဘယ်လောက်ပဲ တင်းခံခဲ့ပါစေ၊ ဒီလိုကာလမှာတော့ ကုမ္ပဏီတွေ လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်အရ အသုံးပြုရမယ့် Digital Tools တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်အောင် လေ့လာထားပါ။ 

ကိုဗစ်အလွန်ကာလမှာ ဘယ်လို ပြောင်းလဲမှုတွေဖြစ်ပေါ်လာမလဲဆိုတာကို ကြိုတင်လေ့လာထားဖို့ လိုပါတယ်။

၅-ဘယ်လို ပြောင်းလဲမှုတွေရှိလာနိုင်မလဲ သုံးသပ်ပါ 

 ကိုယ့်ရဲ့ Professional Field ဟာ ဒီ ကိုဗစ်အလွန်ကာလမှာ ဘယ်လို ပြောင်းလဲမှုတွေဖြစ်ပေါ်လာမလဲဆိုတာကို ကြိုတင်လေ့လာထားဖို့ လိုပါတယ်။ နယ်ပယ်ချင်းတူ ၊ လုပ်ငန်းသဘောတရားချင်း တူသူတွေနဲ့ ဆွေးနွေးတိုင်ပင် သုံးသပ်ကြည့်ပါ။ ဖြစ်ပေါ်လာနိုင်မယ့် ပြောင်းလဲမှုတွေအပေါ် ကိုယ့်ဘက်က အမီလိုက်နိုင်အောင် အထက်က အချက် ၄ ချက်ကို သေချာ ဆောင်ရွက်မယ်ဆိုရင်တော့ ကိုဗစ်ကာလမှာကော ကိုဗစ်အလွန်ကာလမှာပါ ချောချောမွေ့မွေ့အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။ 

ဒါတွေကို ဖတ်ပြီးသွားပြီဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းဟုတ်မဟုတ် ရှာဖွေဖို့ အဆင့် (၅)ဆင့် နဲ့ ကိုဗစ်ကာလမှာ သင်ရင်ဆိုင်ကျော်ဖြတ်ရမယ့် လုပ်ငန်းခွင် စိန်ခေါ်မှု ၄ ခု တို့ကို ဆက်လက်ဖတ်ရှုလေ့လာကြည့်ပါဦး။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/33zsxok ကနေတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က