In partnership with  logo
လူတွေနဲ့ စကားပြောဆိုဆက်ဆံရမှာ ကြောက်သူ ရှက်ရွံ့သူတွေအတွက်လည်း အလုပ်မရှားပါဘူး။

လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ ကြောက်သူ(Introvert) တွေ၊ လူများအကြား နေရတာ စိတ်မသက်မသာဖြစ်တတ်သူတွေ၊ ဘာသိဘာသာ နေတတ်သူတွေက အလုပ်မရမှာ ၊ အလုပ်ရှားမှာ စိုးရိမ်တတ်ကြပါတယ်။ ဒီလိုလူတွေ အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေရှိနေပါတယ်၊ ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကို ရှာဖို့တော့ လိုအပ်ပါတယ်။



 လူအများနဲ့ ထိတွေ့ဆက်ဆံရမှာကြောက်တဲ့လူတွေနဲ့ သင့်‌တော်တဲ့ အလုပ်တွေကတော့

 ၁။စာရင်းကိုင်

 တစ်နေ့တစ်နေ့ လူတွေအများကြီးနဲ့ စကားပြောစရာမလိုဘဲ စာရင်းအင်းတွေကြား ခေါင်းမြုပ်နေရတဲ့ စာရင်းကိုင်လိုမျိုးရာထူးအလုပ်အကိုင်မျိုးကတော့ လူတွေနဲ့ ထိတွေ့မဆက်ဆံလိုသူတွေအတွက် အသင့်တော်ဆုံးအလုပ်အကိုင်ပါပဲ။ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကြောက်တယ်ဆိုရင်တော့ စာရင်းအင်းနိုင်နင်းမယ်ဆိုရင်တော့ ကိုက်ညီတဲ့ အလုပ်အကိုင်တစ်ခုအနေနဲ့ စာရင်းကိုင် အလုပ်လျှောက်ထားလို့ရပါတယ်

 ၂။ဒီဇိုင်နာ

 လူတွေနဲ့ မဆုံတွေ့ဘဲ တိတ်တဆိတ်နေထိုင်ရတာ ကြိုက်တဲ့သူတွေက ဖန်တီးနိုင်စွမ်းတော့ ကောင်းကြပါတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ မုန်းပေမယ့် Creation ကောင်းကောင်းဖန်တီးနိုင်စွမ်းရှိတယ်၊ ဒီဇိုင်းပိုင်းတွေ ဖန်တီးရတာ စိတ်ပါဝင်စားတယ်ဆိုရင်တော့ ဒီဇိုင်နာအလုပ်ကို ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။

 ၃။ဆောင်းပါးရေးသားသူ

 ဒီဇိုင်နာအလုပ်မဟုတ်ပေမယ့် ဦးနှောက်နဲ့ စဉ်းစားပြီး ဖန်တီးရတဲ့ သဘောတရားတူညီတဲ့ နောက်ထပ်အလုပ်တစ်ခုကတော့ ဆောင်းပါးတွေ ရေးသားတာပါ။ content writer , copy writer စသဖြင့် ရာထူးတွေနဲ့ အလုပ်ခေါ်ယူနေတာတွေ ရှိပါတယ်၊ ဒီအလုပ်တွေကလည်း လူတွေနဲ့ထိတွေ့ဆက်ဆံစရာမလိုဘဲ တစ်ယောက်တည်းဖန်တီးရေးသားရတာဖြစ်တဲ့အတွက် introvert တွေနဲ့ ကိုက်ညီပါတယ်။

 လူတွေနဲ့ မဆုံတွေ့ဘဲ တိတ်တဆိတ်နေထိုင်ရတာ ကြိုက်တဲ့သူတွေက ဖန်တီးနိုင်စွမ်းတော့ ကောင်းကြပါတယ်။
 

၄။စားဖိုမှူး

နောက်အလုပ်တစ်ခုကတော့ စားဖိုမှူးဖြစ်ပါတယ်၊ ဒီဇိုင်းပိုင်းတွေ ဖန်တီးရတာ ဝါသနာမပါဘူး၊ စာတွေရေးရတာလည်း မကြိုက်နှစ်သက်ဘူးဆိုရင်တော့ ကိုယ်ဟာ ဟင်းချက်ကောင်းသူလား တစ်ချက် စဉ်းစားကြည့်ပါ။ စားဖိုမှူးအလုပ်ဟာလည်း လူတွေနဲ့ အထိအတွေ့သိပ်မရှိဘဲ တစ်ယောက်တည်း ဖန်တီးရတဲ့အရာဖြစ်လို့ ကိုက်ညီတဲ့ အလုပ်ပါ။

 ၅။အိုင်တီပညာရှင်

 လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံရမှာ ကြောက်ပေမယ့် အပေါ်က ပြောပြထားတဲ့ အလုပ်တွေကို တစ်ခုမှစိတ်မဝင်စားဘူးဆိုရင်တော့ ကိုယ်ဟာ အိုင်တီပိုင်းကို ကျွမ်းကျင်သူ ၊ အိုင်တီပိုင်းကို စိတ်ဝင်စားသူတစ်ယောက်လားဆိုတာ ဆန်းစစ်ကြည့်ပါ။ အိုင်တီပညာရှင်အလုပ်ကလည်း လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကြောက်တဲ့သူတွေအတွက် ကိုက်ညီတဲ့ အလုပ်တစ်ခုပါပဲ။



 ၆။စာကြည့်တိုက်မှူး

 များသောအားဖြင့် လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကြောက်သူတွေက စာပေအမှုမှာ မွေ့ထုံကြတာများပါတယ်။ စာအုပ်တွေ ဝယ်ယူစုဆောင်းရတာ သဘောကျသူ၊ စာဖတ်ရင်း အချိန်တွေ ကုန်ဆုံးရတာကို မွေ့လျော်သူ ၊ စာအုပ်တွေကြား နေချင်သူတွေဆိုရင်တော့ စာကြည့်တိုက်မှူးအလုပ်ကို လျှောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

 ၇။စက်ပြင်သမား

 နောက်ထပ် introvert သမားတွေအတွက် သင့်တော်တဲ့ အလုပ်တစ်ခုကတော့ စက်ပြင်အလုပ်ပါ၊ ကိုယ့်ပညာအရည်အချင်းက ကုမ္ပဏီအလုပ်လုပ်ဖို့ အဆင်မပြေတာ ၊ ဒါမှမဟုတ် ရုံးခန်းမှာ ထိုင်လုပ်နေရတာကို မကြိုက်နှစ်သက်ဘူးဆိုရင်တော့ စက်ပြင်အလုပ်ဟာ ကိုယ်သဘောကျတဲ့ အလုပ်တစ်ခု ဖြစ်နေမလားဆိုတာကို စဉ်းစားကြည့်စေချင်ပါတယ်။

 ၈။သုတေသနသမား

Researcher လို့ သိကြတဲ့ အချက်အလက်တွေ စုဆောင်းရှာဖွေသိမ်းဆည်းရတဲ့ အလုပ်ကလည်း လူတွေနဲ့ ပြောဆိုဆက်ဆံရတာ မကြိုက်တဲ့သူတွေအတွက် အသင့်တော်ဆုံး အလုပ်တစ်ခုပါပဲ။ ဒီအလုပ်ကိုတော့ သတင်းဌာနလိုနေရာမျိုး ၊ အစိုးရအဖွဲ့အစည်း ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ နဲ့ ပညာရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာခေါ်ယူလေ့ရှိပါတယ်။

၉။ဆိုရှယ်မီဒီယာဈေးကွက်ရှာသူ

 ဒီဘက်ခေတ်မှာ နောက်ထပ်ခေတ်စားလာတဲ့ အရာကတော့ ဆိုရှယ်မီဒီယာဈေးကွက် ရှာဖွေခြင်းပါ။ ဒီအလုပ်ကို လုပ်ဖို့ဆိုရင်တော့ ဆိုရှယ်မီဒီယာကို ကောင်းကောင်းအသုံးချတတ်၊ အသုံးပြုတတ်သူဖြစ်ဖို့ လိုအပ်ပါတယ်။ social media content တွေ ဖေ့ဘွတ်၊ အင်စတာဂရမ် ၊ ယူကျူ့စတဲ့ ဆိုရှယ်ပလက်ဖောင်းတွေမှာ တင်တာ၊ ဖန်တီးတာတွေ ပြုလုပ်ရတဲ့ အလုပ်ကလည်း ဒီခေတ်မှာ အရမ်းကို ခေတ်စားလာပါတယ်။

ဒီအလုပ် (၉) နေရာကတော့ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ ကြောက်သူတွေနဲ့ အကိုက်ညီဆုံး အလုပ်တွေပါ။

 Introvert တွေဟာ သူတို့အတွက် အလုပ်ရှားတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုလူတွေဟာ တီထွင်ဖန်တီးမှုအပိုင်းမှာ အရမ်းကောင်းမွန်တတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ်စိတ်ဝင်စားရာနယ်ပယ်၊ ကိုယ်စိတ်ပါတဲ့ အလုပ်နေရာတွေကို ရွေးချယ်လုပ်ကိုင်ရင်း အောင်မြင်တဲ့ introvert တွေအဖြစ် တည်ဆောက်ရပ်တည်နိုင်ကြတာကို တွေ့မြင်ရမှာပါ။

ဒါ့အပြင် ဒီကာလမှာ အလုပ်ရှာနေတဲ့သူတွေအတွက် အဆင်ပြေရလေအောင် အကြပ်အတည်း ကာလမှာ သင်နဲ့ကိုက်ညီတဲ့အလုပ်ရဖို့ ဘယ်လိုပြင်ဆင်ရမလဲ နဲ့ ကိုဗစ်ကာလအတွင်း အလုပ်ရှာနေတာဆို ဒါကိုဖတ်ပါ မှာ ဝင်ရောက်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။  

တိုက်ရိုက်အလုပ်လျှောက်ချင်တဲ့သူတွေကတော့ https://bit.ly/3llUTs9 ဒီလင့်ကနေတစ်ဆင့် ကိုယ်နဲ့ ကိုက်ညီမယ့် အလုပ်တွေကို 

ရှာဖွေလျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က