In partnership with  logo
ကိုဗစ်ကာလမှာ ဝန်ထမ်းတိုင်းလိုလို စိတ်အားတက်ကြွမှုတွေ ပျောက်ဆုံးနေတာမျိုးဖြစ်တတ်ပါတယ်။

ဝန်ထမ်းတွေ အိမ်မှာပဲ အလုပ်လုပ်နေကြရတာဖြစ်တဲ့အတွက် အလုပ်အပေါ် စိတ်ဝင်စားမှုမရှိတော့တာ၊ စိတ်အားထက်သန်မှု ပျောက်ဆုံးနေတာ ၊ အလုပ်လုပ်ချင်စိတ်မရှိတော့တာမျိုးတွေ ဖြစ်နေတတ်ကြပါတယ်။ ဒီလိုမျိုး အလုပ်လုပ်ချင်စိတ်ပျောက်နေတဲ့အချိန်တွေမှာ အလုပ်အပေါ်စိတ်ဝင်စားမှု ပြန်လည်ရရှိလာအောင်လို့ ဘယ်လိုအချက်တွေနဲ့ ပြန်ပြီး ကိုယ့်ကိုယ်ကိုယ် Motivationပြန်ယူရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 



၁။ အဖြေရှာပါ 

ပထမဆုံးအချက်ကတော့ ကိုယ်ဘာ့ကြောင့် အလုပ်အပေါ် စိတ်ဝင်စားမှုမရှိရတာလဲဆိုတဲ့ အဖြေကို ရှာဖို့ လိုပါတယ်။ အဖြေသိရမှ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စိတ်အားထက်သန်လာအောင် လုပ်လို့ရမှာဖြစ်တဲ့အတွက် ကိုယ်က ဘာ့ကြောင့် အလုပ်ကို စိတ်မဝင်စားရတာလဲ၊ အလုပ်ဘာ့ကြောင့် လုပ်ချင်စိတ် မရှိရတာလဲဆိုတာကို ပထမဆုံး အဖြေရှာဖို့ လိုပါတယ်။ 

၂။ ကိုယ့်အလုပ်ရဲ့ ရည်ရွယ်ချက်ကို တွေးပါ 

ကိုယ် လက်ရှိလုပ်နေတဲ့ အလုပ်က ကုမ္ပဏီအတွက် ၊ လူတွေအတွက် ၊ ကိုယ့်အတွက် ဘယ်လိုအကျိုးပြုသလဲ၊ ဘယ်လို အကျိုးသက်ရောက်မှုရှိတဲ့ အလုပ်လဲဆိုတာကို ပြန်လည်သုံးသပ်ကြည့်ပါ။ဒီလိုသုံးသပ်ကြည့်ခြင်းအားဖြင့် ကိုယ့်ရဲ့ အလုပ်က လစာတစ်ခုတည်းမဟုတ်ဘဲ ကုမ္ပဏီအတွက်၊လူတွေအတွက် ၊ ကိုယ့်အတွက် အကျိုးရှိတဲ့အလုပ်ဆိုတာမျိုး ပြန်လည်ခံစားမိသွားပြီဆိုရင် အလုပ်အပေါ် စိတ်ဝင်စားမှု ပိုရှိလာပါလိမ့်မယ်။ 

အလုပ်အပေါ် စိတ်ဝင်စားမှုလျော့ကျလာတာက ကိုယ့်မှာ Skills တွေ လိုအပ်နေသေးတာကြောင့် ၊ အလုပ်ကို သေချာမလုပ်တတ်တာကြောင့်၊ တီထွင်ကြံဆမှုမရှိတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။


၃။ သင်ယူလေ့လာပါ။ 

တစ်ခါတရံမှာ အလုပ်အပေါ် စိတ်ဝင်စားမှုလျော့ကျလာတာက ကိုယ့်မှာ Skills တွေ လိုအပ်နေသေးတာကြောင့် ၊ အလုပ်ကို သေချာမလုပ်တတ်တာကြောင့်၊ တီထွင်ကြံဆမှုမရှိတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အလုပ်နဲ့ ပတ်သက်တဲ့ သင်ယူလေ့လာမှုမျိုးတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ အလုပ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေဖတ်တာ၊ အွန်လိုင်းကနေလေ့လာတာ ဒါမှမဟုတ် အလုပ်နဲ့ ပတ်သက်ပြီး စိတ်ကူးအကြံဉာဏ်အသစ်တွေ တွေးတောကြံဆဖန်တီးတာမျိုး ပြုလုပ်မယ်ဆိုရင် အလုပ်အပေါ် အာရုံစူးစိုက်မှု ပြန်လည်ရရှိလာပါလိမ့်မယ်။ 

၄။ လူတွေနဲ့ ဆက်သွယ်ပါ 

ဒီလိုကိုဗစ်ကာလမှာ အလုပ်အပေါ် စိတ်ဝင်စားမှု ကျလာတာက လူတွေနဲ့ အဆက်အသွယ်မလုပ်ရဘဲ အိမ်မှာတစ်ယောက်တည်း အထီးကျန်စွာ အလုပ်လုပ်နေရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို တစ်ခါ‌ေလာက် အလုပ်ကလူတွေ ဒါမှမဟုတ် အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေကို ဖုန်းဆက်တာမျိုး၊ အွန်လိုင်းကနေ Video Call ခေါ်တာမျိုးပြုလုပ်ပြီး ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှုကို ပြန်လည်ရယူပါ။ 

၅။ လေ့ကျင့်ခန်းလုပ်ပါ 

အိမ်မှာ ထိုင်မှိုင်နေတာကြောင့်လည်း အလုပ်အပါအဝင် ဘယ်အရာကိုမှ စိတ်ပါဝင်စားမှုမရှိတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် တစ်နေ့ကို တစ်ကြိမ်လောက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်တွင်း စိတပျော်ရွှင်စေတဲ့ ဟော်မုန်းကို ထုတ်ပေးနိုင်တဲ့အတွက် အရာရာထိုင်းမှိုင်းပြီး စိတ်မဝင်စားဖြစ်နေတ‌ာတွေကို ကုစားပေးနိုင်ပါတယ်။ 

၆။ သီးသန့်အချိန်လေးတွေသတ်မှတ်ပါ 

အိမ်မှာနေချိန်အတွင်းမှာလည်း ကိုယ့်အတွက် သီးသန့်အချိန်သတ်မှတ်ပြီး ဆောင်ရွက်ပေးသင့်ပါတယ်။ အလုပ်ချိန်၊ စာဖတ်ချိန်၊ သင်ယူလေ့လာချိန် ၊ တွေးတောကြံဆချိန် ၊ လေ့ကျင့်ခန်းလုပ်ချိန် စသဖြင့် ကိုယ့်ကိုယ်ကိုယ် အချိန်လေးတွေ သီးခြားသတ်မှတ်ပြီး ဆောင်ရွက်မယ်ဆိုရင် လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သလို ကိုယ့်အတွက်လည်း သီးသန့်အနားယူချိန်တွေ ပိုထွက်လာနိုင်မှာဖြစ်ပါတယ်။ 

ကိုဗစ်ကာလမှာ သင်ရင်ဆိုင်ကျော်ဖြတ်ရမယ့် လုပ်ငန်းခွင် စိန်ခေါ်မှု ၄ ခု နဲ့ လစာနည်းလို့ စိတ်ဓာတ်ကျနေရင် ဒီ(၅)ချက်ကို လုပ်ဆောင်ကြည့်လိုက်ပါ မှာလည်း ဆက်လက်လေ့လာဖတ်ရှုနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်လိုသူတွေအတွက် https://bit.ly/3dWZnmi ကနေတစ်ဆင့် အလွယ်တကူလျှောက်ထားလို့ရပါတယ်။ 



Share

Loading Next Article...
က္က