In partnership with  logo
ဘာကြောင့် ခုထိလစာနဲ့ ရာထူးမတိုးနိုင်ရသေးတာလဲ။

ရာထူးနဲ့ လစာ တိုးဖို့အတွက် ကိုယ့်မှာ ဘာတွေလိုအပ်နေတာလဲ။ ဘယ်လိုအရာတွေက ကိုယ့်ကိုလစာနဲ့ ရာထူးတိုးဖို့ တွန့်ဆုတ်နေရတာလဲဆိုတာကို ဝန်ထမ်းတိုင်း သိချင်နေကြမှာပါ။ ဒီနေ့မှာတော့ လုပ်ငန်းခွင်မှာ ဘာ့ကြောင့် ခုထိ လစာနဲ့ ရာထူးမတိုးရသေးတာလဲဆိုတဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။ 



၁။လုပ်ငန်းခွင်ထဲမှာ လိုအပ်နေတဲ့ Skills မပြည့်သေးတာ 

တချို့တွေက ကိုယ့်ရဲ့ နေ့စဉ်တာဝန်မှာတော့ တာဝန်ကျေပွန်အောင် လုပ်ဆောင်နိုင်ကြပါတယ်။ ဒါပေမယ့် ရာထူးနဲ့ လစာတိုးပေးဖို့အတွက်တာဝန်ယူဆောင်ရွက်လာရမယ့် တာဝန်တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဆောင်ရွက်နိုင်မယ့် Skills တွေတော့ ရှိမနေတတ်ကြပါဘူး။ ဒီလိုမပြည့်ဝတဲ့ Skills တွေကြောင့် ရာထူးမတိုးတာ ၊ လစာမတိုးတာတွေ ဖြစ်နေတာဆိုရင် ကိုယ်မျှော်လင့်နေတဲ့ ရာထူးကို ရရှိနိုင်ဖို့အတွက်လိုအပ်တဲ့ Skills တွေကို ဖြည့်ဖို့ လိုပါတယ်။ 

၂။ခေါင်းဆောင်နိုင်မှုစွမ်းရည်မပြည့်ဝ‌သေးတာ 

ရာထူးနဲ့ လစာကိုတော့ တိုးစေချင်ပါရဲ့။ ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ မရှိနေရင်လည်း အလကားပါပဲ။ ကိုယ်က လစာကောင်းတဲ့ ရာထူးတစ်ဆင့်နေရာကို တက်ချင်နေပေမယ့်လည်း ကိုယ့်မှာ အဖွဲ့ဝင်တွေကို ကောင်းကောင်းမကိုင်တွယ်နိုင်တာ ၊စီမံဆောင်ရွက်ရမယ့်နေရာတွေ၊ ပြဿနာတွေကို ဖြေရှင်းရာမှာ အဆင်မပြေတာ ၊ ညှိနှိုင်းရတာတွေအတွက် ဆုံးဖြတ်ချက်ကောင်းကောင်းမချမှတ်နိုင်တာ ၊ အဖွဲ့ကို ကောင်းကောင်း ဦးမဆောင်နိုင်တာတွေ ကိုယ့်မှာ ရှိနေဆဲဆိုရင်တော့ ရာထူးတိုးဖို့က လိုနေဦးမှာပါပဲ။

ဒီရာထူးအဆင့်မှာ‌တောင် တိုးတက်ပြောင်းလဲခြင်းမရှိတဲ့သူကို ရာထူးတိုးပေးဖို့ဆိုတာ အဆင်မပြေနိုင်တော့ပါဘူး။  

၃။Feedback ကိုလက်မခံနိုင်တာ 

ကိုယ့်ရဲ့ အထက်လူကြီးက ကိုယ့်အလုပ်တွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ရမယ့် အရာတွေ Feedback ပေးတဲ့အခါမှာလည်း သေချာနားထောင်ပြီးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ကိုယ်က အရင်အတိုင်းမပြုပြင်ဘဲ နေထိုင်နေမယ်ဆိုရင်တော့ ဒီရာထူးအဆင့်မှာ‌တောင် တိုးတက်ပြောင်းလဲခြင်းမရှိတဲ့သူကို ရာထူးတိုးပေးဖို့ဆိုတာ အဆင်မပြေနိုင်တော့ပါဘူး။ 

၄။Professional ကျကျ အလုပ်မလုပ်တတ်တာ 

ရာထူး ၊ လစာ တိုးချင်တဲ့သူတွေအနေနဲ့ အလုပ်ကို Professional ကျကျ လုပ်ကိုင်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။အဲဒီလိုမှ မဟုတ်ဘဲကလေးဆန်ပြီး နေရာတကာမှာ အထက်လူကြီးကဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ကဖြစ်စေ လိုက်လံ ဆောင်ရွက်ပေးနေရတာမျိုး၊ လုပ်ဖော်ကိုင်ဖက်နဲ့ စီနီယာတွေ၊ Client တွေကို စိတ်တိုင်းမကျစေသူ၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူဆိုရင်လည်း လစာနဲ့ ရာထူးတိုးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ 

၅။ပြဿနာမဖြေရှင်းတတ်တာ 

ရာထူးတိုးချင်တဲ့သူက လက်ရှိရာထူးမှာလည်း ကြုံလာတဲ့ အခက်အခဲတွေ ၊ ပြဿနာတွေကို ကောင်းကောင်းဖြေရှင်းတတ်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ လက်ရှိရာထူးမှာတင် ကြုံနေတဲ့ ပြဿနာတွေကိုသေချာမဖြေရှင်းနိုင်ဘဲ ညည်းညူပြီး တခြားသူတွေကို အကူအညီလိုက်တောင်းနေရတဲ့ဝန်ထမ်းဆိုရင်တော့ လစာနဲ့ ရာထူးတိုးဖို့ကို မမျှော်လင့်ပါနဲ့တော့။ 

ဒီအချက် (၅) ချက်ဟာ ကိုယ့်မှာ လိုအပ်ချက်ရှိနေတဲ့ အရာလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ ကိုယ်က တကယ် ဒီ ၅ချက်နဲ့ ကိုက်ညီနေတယ်ဆိုရင် ဒီအချက်တွေကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ 

ဒီအချက်တွေလည်း ကိုယ့်မှာ မရှိဘူး၊ ကိုယ်ဟာ ရာထူးတိုးဖို့၊ လစာတိုးဖို့ ထိုက်တန်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် သေချာရင်တော့ ကိုယ့် သူဌေး ဒါမှမဟုတ် ကိုယ့်အထက်လူကြီးနဲ့ တွေ့ဆုံပြီး ရာထူး၊ လစာ တိုးဖို့အတွက် ညှိနှိုင်ဆွေးနွေးဖို့ တိုက်တွန်းချင်ပါတယ်။ 

လစာနည်းလို့ စိတ်ဓာတ်ကျနေရင် ဒီ(၅)ချက်ကို လုပ်ဆောင်ကြည့်လိုက်ပါ နဲ့ သင်ဟာ အထက်လူကြီးက ယုံကြည်ကိုးစားအားထားရတဲ့ဝန်ထမ်းဟုတ်မဟုတ် ဆန်းစစ်ကြည့်ရအောင်မှာ ကိုယ်ဟာဘယ်လိုဝန်ထမ်းမျိုးလဲဆိုတာ ဖတ်ရှုဆန်းစစ်ကြည့်ပါဦး 

အလုပ်တိုက်ရိုက်လျှောက်လိုသူတွေအနေနဲ့လည်း https://bit.ly/2HVhTjL ကနေတစ်ဆင့်တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က