In partnership with  logo
ရုံးအလုပ်လုပ်နေရတဲ့ အချိန်တွေဟာ စိတ်ပျက်စရာကောင်းနေပြီလား၊

အလုပ်လုပ်နေရလို့ ပျော်ရတယ်လို့ကို မခံစားရတာ ကြာနေပြီလား၊ အလုပ်သာလုပ်နေရတယ် စိတ်ရောကိုယ်ပါ ညစ်ညူးနေပြီး အလုပ်ဆိုတာကို မကြားချင်လောက်‌အောင် ကြောက်ရွံ့နေပြီလား။ အခုဖော်ပြထားတဲ့ အချက်(၇)ချက်ကို နေ့စဉ် ကြုံတွေ့နေရပြီဆိုရင် လက်ရှိအလုပ်ကနေထွက်လိုက်ဖို့ တိုက်တွန်းပါရစေ၊  



၁။ အလုပ်ထဲ စိတ်မပါတော့တာ 

ကိုယ့်ရဲ့ ရာထူးတာဝန်တွေဟာ ကိုယ့်အတွက် စိန်ခေါ်မှုတွေ၊ စိတ်လှုပ်ရှားစရာတွေ ရှိမနေတော့ဘဲ အမြဲ ပျင်းရိလေးလံပြီး ပင်ပန်းနေသလို ခံစားနေရပြီ၊ အလုပ်ထဲ စိတ်မပါတော့ဘူးဆိုရင် ဒီလို စိတ်ညစ်ညူးစရာ လုပ်ငန်းခွင်ထဲက ထွက်ဖို့ သင့်နေပါပြီ။ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်တိုင်က စိတ်မပါတော့ဘူးဆိုရင် ရလာဒ်တွေကလည်း ဘယ်တော့မှ မကောင်းနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပျောက်ဆုံးလာပါလိမ့်မယ်။ တစ်စစနဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ပြီး စိတ်ဓာတ်ကျမှုတွေကိုပါ ရရှိလာနိုင်တဲ့အတွက် ကိုယ်စိတ်မဝင်စားတဲ့ လုပ်ငန်းခွင်ထဲကနေ ထွက်ဖို့ အချိန်တန်နေပါပြီ။ 

၂။ ကိုယ်ပိုင်ချိန်မရှိတော့တာ 

မနက် အိပ်ယာနိုးချိန်ကစပြီး မျက်လုံးနှစ်လုံးမှိတ် အိပ်စက်ချိန်ထိ အလုပ်ချည်းပဲ ဖြစ်နေပြီး နားချိန်မရတော့အောင်ဖြစ်နေပြီဆိုရင်လည်း ဒီအချိန်က အလုပ်ထွက်ဖို့ စဉ်းစားရမယ့်အချိန်ဖြစ်နေပါပြီ။ ကိုယ်က ဒီလို အချိန်ပြည့် အလုပ်လုပ်နေရတာကို စိတ်အားတက်ကြွနေတာဆိုရင်တော့လည်း အလုပ်ကနေ ထွက်စရာမလိုပေမယ့် ဒီလို ဘဝအတွက် အချိန်ပေးစရာမရှိတော့လောက်အောင် အလုပ်မှာ အချိန်တွေ အများကြီး ပုံပေးနေရပြီလို့ ခံစားနေရတယ်ဆိုရင်တော့ ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ လိုနေပါပြီ။ အလုပ်လို့ ကြားရမှာကို ကြောက်နေပြီး အလုပ်မလုပ်ချင်၊ အလုပ်သွားရမှာ(အလုပ်လုပ်ရမှာ) ကြောက်နေပြီဆိုရင်လည်း ဒါဟာ အလုပ်ထွက်ဖို့ အချက်ပြနေတာပါပဲ။ 

၃။စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းချိလာတာ 

အလုပ်လုပ်ရတာ နည်းနည်း ၊ စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာက များများဖြစ်နေပြီဆိုရင်လည်း ဒီအလုပ်ဟာ ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်ဟုတ်မဟုတ် တွက်ဆရပါတော့မယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေအရသော်လည်းကောင်း၊ စိတ်အခြေအနေအရသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း ပင်ပန်းနွမ်းချိပြီး အလုပ်ချိန်ကုန်သွားတာနဲ့ ဘာမှ မလုပ်ချင်တော့လောက်အောင် ဖြစ်နေပြီဆိုရင်တော့ ဒီအလုပ်ကနေ ထွက်လိုက်ပါတော့။

ကိုယ်ဟာ ဒီကုမ္ပဏီမှာ ဘယ်ရာထူးနဲ့ လုပ်နေရမှန်းမသိတော့ဘဲ ကိုယ့်နေရာ ပျောက်လာတယ်လို့ ခံစားလာရပြီ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပြီဆိုရင်တော့ အလုပ်က ထွက်ဖို့ လိုအပ်လာပါပြီ။

၄။အတည်တကျ ရာထူးတာဝန်မရှိတာ 

တချို့တွေမှာ ရာထူးနဲ့ တာဝန်တွေ ကိုက်ညီမှုမရှိဘဲ ရှိသမျှ တာဝန်တွေ ကိုယ့်ကို ပုံထားတာကြောင့် ကိုယ့်ရဲ့ ရာထူးဟာ ဘာမှန်းတောင် မသေချာတော့တာတွေလည်း ရှိတတ်ပါတယ်။စိတ်ဖိစီးမှုတွေ၊ အလုပ်မပြီးမှာကြောက်ရတာတွေနဲ့ အတူ ရှိသမျှ energyတွေ performanceတွေကုန်ခမ်းလာပြီး ကိုယ်ဟာ ဒီကုမ္ပဏီမှာ ဘယ်ရာထူးနဲ့ လုပ်နေရမှန်းမသိတော့ဘဲ ကိုယ့်နေရာ ပျောက်လာတယ်လို့ ခံစားလာရပြီ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပြီဆိုရင်တော့ ကိုယ့်ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့အတွက် အလုပ်က ထွက်ဖို့ လိုအပ်လာပါပြီ။ 

၅။ငွေရေး‌ကြေးရေးအတွက် စိတ်ပူနေရတာ 

အလုပ်‌တော့ အချိန်ပြည့်အောင် လုပ်နေရပြီး ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် ပူပန်နေရတာ၊ ငွေရေးကြေးရေးအတွက် ပူပန်နေရတာဆိုရင်လည်း ဒါက မဖြစ်သင့်ပါဘူး၊ ငွေကြောင့် အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်ကြောင့် ကိုယ့်ရဲ့ ဘဝ လုံခြုံမှုရရှိနေဖို့ လိုအပ်တဲ့အတွက်ငွေရေးကြေးရေးအတွက် အမြဲစိတ်ပူနေရတဲ့ လစာနည်းတဲ့ အလုပ်ကနေထွက်ပြီး လစာကောင်းတဲ့ အလုပ်ကို ပြောင်းဖို့ စဉ်းစားပါ။

၆။တိုးတက်မှုလမ်း ရှာမတွေ့တာ 

တစ်နေ့တစ်နေ့ အလုပ်မှအလုပ် ဖြစ်နေပေမယ့်လည်း ဒီနေရာကနေ ထပ်တက်ဖို့ တိုးတက်လမ်း ရှာမတွေ့တော့ဘူးဆိုရင်လည်း ဒီလိုတက်လမ်းမရှိတဲ့ နေရာမှာ ဆက်လက်ရပ်တန့်မနေဘဲ တိုးတက်ရာတိုးတက်ကြောင်းကို ရှာဖို့ စဉ်းစားပါတော့လို့ ပြောချင်ပါတယ်။ လူဟာ အမြဲတစေတိုးတက်နေဖို့ လိုအပ်တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ တိုးတက်လမ်းကို ရှာမတွေ့နိုင်တော့ဘူးဆိုရင်တော့ တက်လမ်းရှိမယ့်နေရာကို ပြောင်းလဲရှာဖွေဖို့ လိုအပ်လာပါပြီ။ 

၇။ပတ်ဝန်းကျင်မကောင်းတာ 

နောက်ဆုံးတစ်ခုကတော့ ပတ်ဝန်းကျင်ပါ။ အလုပ်ကလည်း အဆင်ပြေတယ်၊ ဝင်ငွေအရလည်း ‌ေကာင်းတယ် ဒါပေမယ့် လုပ်ငန်းခွင်အတွင်းက ရင်ဆိုင်ပေါင်းသင်းနေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုမှ အဆင်မပြေအောင် အဆိပ်အတောက်ပတ်ဝန်းကျင်၊ ကိုယ့်ကို စိတ်ရောကိုယ်ပါ ညစ်ညူးစေအောင် နှောင့်ယှက်တတ်တဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ကို ချောက်ချအောင် ချောက်တွန်းတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နေ့စဉ် တွေ့မြင်နေရတယ်ဆိုရင်တော့ လုပ်ငန်းခွင်အသစ်ကို ပြောင်းလဲလုပ်ကိုင်ဖို့ တိုက်တွန်းပါရစေ။ 

ဒီအချက်(၇)ချက်ဟာ ကိုယ်နဲ့ ကိုက်ညီနေပြီ၊ ဒီ(၇)ချက်လုံးကို နေ့စဉ်နဲ့ အမျှကြုံတွေ့နေရတယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ဒီအရာတွေကို ဘယ်လိုအဆင်ပြေအောင် ပြောင်းလဲပြုပြင်နိုင်မလဲ အရင်ကြိုးစားကြည့်ချင်ပါတယ်။ ဒီအရာတွေကို ဘယ်လိုမှ ပြောင်းလဲလို့ မရနိုင်တော့ဘူးဆိုရင်တော့ ဒီလို အဆင်မပြေမှုတွေများနေတဲ့ လုပ်ငန်းခွင်ကနေ ရုန်းထွက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ 

ဘယ်အရာတွေက ကိုယ့်ရဲ့ ရာထူးနဲ့လစာတိုးဖို့ အတားအဆီး ဖြစ်နေတာလဲ နဲ့ အလုပ်သစ်တစ်ခုကို ပြောင်းလျှောက်ဖို့ စိတ်ကူးနေပြီဆိုရင်ဒီ(၅)ချက်ကို ပြင်ဆင်ထားပါ မှာ ဆက်လက်လေ့လာနိုင်ပါတယ်။ 

အလုပ်ပြောင်းချင်လို့ အလုပ်သစ်လျှောက်ထားချင်တယ်ဆိုရင်လည်း https://bit.ly/36GR62N ကနေတစ်ဆင့်တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က