In partnership with  logo
အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။

LinkedIn ဆိုတာဟာ အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေ၊ ဝန်ထမ်းအလိုရှိနေတဲ့ ကုမ္ပဏီတွေအတွက် ပေါင်းကူးပေးထားတဲ့ ဆိုရှယ်နက်ဝက်တစ်ခုပါပဲ။ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေလိုသူတွေအတွက် မိမိရှာဖွေလိုတဲ့ အလုပ်အကိုင်ရာထူးကို လုပ်ငန်းခွင်နယ်ပယ်အလိုက် အလွယ်တကူရှာဖွေလို့ရတဲ့အတွက် အရမ်းကို အဆင်ပြေပါတယ်။ ကုမ္ပဏီတွေ၊ အလုပ်ရှင်တွေကိုလည်းတိုက်ရိုက်ဆက်သွယ်ချိတ်ဆက်နိုင်တာဖြစ်လို့ ကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအလိုက် ရှာဖွေနိုင်ပါတယ်။ ဒီလို အလုပ်အကိုင်ရှာဖွေရာမှာ အရမ်းအဆင်ပြေလွယ်ကူတဲ့ LinkedIn အကောင့်ကိုဘယ်လိုဖွင့်ရမလဲဆိုတာ ပြောပြပေးသွားမှာပါ။



၁။ ကွန်ပျူတာ သို့မဟုတ် ဖုန်းကတစ်ဆင့် အလွယ်တကူဖွင့်နိုင်ပါတယ်။ 

ပထမဆုံးအနေနဲ့ LinkedIn အကောင့်ကို ဘယ်ကနေ ဖွင့်မှာလဲဆိုတာကို အရင်တွေးပါ။ ကွန်ပျူတာကနေ ဖွင့်လို့ရသလို ဖုန်းကနေလည်း အလွယ်တကူအကောင့်ဖွင့်လို့ရပါတယ်။ ကွန်ပျူတာကနေ ဖွင့်မယ်ဆိုရင်တော့ google မှာ LinkedIn လို့ ရိုက်ထည့်ပြီး ရှာရပါလိမ့်မယ်။LinkedInဆိုပြီး အလွယ်တကူ ရှာတွေ့မှာပါ။ ဖုန်းကနေ ဖွင့်ချင်သူတွေအနေနဲ့တော့ App Store မှာ LinkedIn App ကို download ဆွဲပါ။ 

၂။Join Now ကို နှိပ်ပါ။ 

LinkedIn ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ ပထမဆုံးလုပ်ရမှာကတော့ Join Nowကို နှိပ်ရမှာပါ။ Join Now ဆိုတာနဲ့ Join with Google ဆိုပြီး နှစ်မျိုးတွေ့ပါလိမ့်မယ်။ ကိုယ်နှစ်သက်ရာနဲ့ ချိတ်ဆက်နိုင်ပါတယ်။ 

၃။Email လိပ်စာဖြည့်ပါ။ 

ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ လုပ်ရမှာက မေးလ်လိပ်စာဖြည့်ရမှာဖြစ်ပါတယ်။ မေးလ်လိပ်စာရဲ့ နာမည်ဟာ ကြုံရာကျပန်းနာမည်တွေဖြစ်မနေဘဲကိုယ့်ရဲ့ နာမည်အရင်းနဲ့ ဖွင့်ထားတဲ့ လိပ်စာဖြစ်နေရင် ပိုကောင်းပါတယ်။ မေးလ်လိပ်စာဖြည့်ပြီးပြီ ဆိုရင်တော့ continue ကိုနှိပ်ပါ။ 

၄။အကောင့်ဖွင့်လို့ရပါပြီ 


အီးမေးလ်လိပ်စာဖြည့်ပြီးတာနဲ့ အကောင့်စဖွင့်လို့ရပါပြီ။ First Name နဲ့ Last Name ဆိုပြီးရှိပါတယ်။ (ဉပမာ ကိုယ့်နာမည်က Thin Nu Swe ဆိုရင် first nameမှာ Thin Nuလို့ ဖြည့်ပြီး Last Name မှာ Swe လို့ဖြည့်ပါ။ 

၅။ကိုယ့်ရဲ့ အလုပ်အကိုင်ကို ဖြည့်ပါ။ 

အမည်ဖြည့်ပြီးပြီဆိုရင်တော့ ကိုယ်ဟာ ဘယ်လိုအလုပ်လုပ်ကိုင်နေသူလဲ ဒါမှမဟုတ် ကျောင်းတက်နေတာလား စတာတွေကို ဖြည့်စွက်ရပါမယ်။ ကိုယ့်အလုပ်အကိုင်ကို ဖြည့်စွက်ရာမှာလည်း သူပေးထားတဲ့ အလုပ်အကိုင်တွေထဲကနေ တစ်ခါတည်း‌ေရွးချယ်ပြီး ဖြည့်လို့ရလို့ အရမ်းကို အဆင်ပြေပါတယ်။ ကိုယ့်ရဲ့ရာထူး၊ အချိန်ပြည့်အလုပ်လုပ်နေသူလား၊ အချိန်ပိုင်းအလုပ်လုပ်နေသူလား စတာတွေအပြင် ကိုယ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီနာမည်ကိုပါ ထည့်သွင်းရေးသားရမှာဖြစ်ပါတယ်။ 

၆။ဖုန်းနံပါတ်ဖြည့်ပါ 

အလုပ်အကိုင်ဖြည့်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ဖြည့်စွက်ရပါမယ်။ ဖုန်းနံပါတ်ဖြည့်ပြီးတာနဲ့ ဖုန်းကို Pin Number မက်ဆေ့ဝင်လာပါလိမ့်မယ်။ အဲဒီနံပါတ်ကို ဖြည့်သွင်းပြီး အကောင့်ဖွင့်လို့ရပါပြီ။ 

၇။ကိုယ့်ရဲ့ ကိုယ်ရေးအကျဉ်းကို ပြည့်စုံစွာဖြည့်စွက်ပါ 


အကောင့်ပွင့်သွားပြီဆိုရင်တော့ ဆိုရှယ်နက်ဝက်တွေရဲ့ ပုံစံအတိုင်း Profile ဓာတ်ပုံထည့်သွင်းရပါမယ်။ အလုပ်ရှာမယ့်နေရာဖြစ်တဲ့အတွက် Professional ဆန်တဲ့ အတည်အခန့်ပုံမျိုးအသုံးပြုတာက ပိုကောင်းပါတယ်။ ပြီးရင်တော့ ကိုယ့်ရဲ့ အလုပ်အကိုင်အတွေ့အကြုံတွေကိုဖြည့်စွက်ရေးသားပါ။ Experience ဆိုတဲ့နေရာမှာ အစဉ်လိုက်ရေးသားရုံပါပဲ။ အဲဒီနောက်မှာ ကိုယ့်ရဲ့ ပညာအရည်အချင်း၊ ကိုယ့်မှာရှိတဲ့ Skillsတွေနဲ့ ကိုယ်လုပ်ထားတဲ့ အလုပ်တွေကို လင့်အနေနဲ့ ယူလို့ရတာမျိုးဆိုရင် ယူပြီး ပြသထားလို့ရပါသေးတယ်။ 

အလုပ်အကိုင်အခွင့်အလမ်းတွေရှာဖွေတာနဲ့ ပတ်သက်ပြီး MarCom Specialist မအိမွန်က "ဒီမှာဆိုရင် အလုပ်အကိုင်အခွင့်အလမ်းအတွက် ရှာကြရင် Facebook မှာရှာကြတာများတယ်။ ဆိုရှယ်မီဒီယာမှာပေါ့။ အလုပ်အကိုင်အခွင့်အလမ်းတွေအပြင် Professional နဲ့ပတ်သက်တဲ့ ဗဟုသုတရစရာတွေ၊ သိသင့်တာတွေ အများကြီးရချင်ရင်တော့ LinkedIn မှာ ရှာလို့ ရတယ်။ ကိုယ်ကိုယ်တိုင်လည်း အလုပ်အကိုင်နဲ့ ပတ်သက်တာတွေ ရှာဖွေချင်တယ်ဆိုရင် LinkedInကို ကြည့်ဖြစ်တယ်။ LinkedIn က အရမ်းကောင်းတယ်။ ကိုယ့်ရဲ့ Professional နဲ့ပတ်သက်တဲ့ ရာထူးတွေကိုအဲဒီမှာ အလွယ်တကူရှာလို့ ရနိုင်တယ်။" လို့ ဝေမျှလာပါတယ်။

LinkedIn ဟာ ကမ္ဘာတစ်ဝှမ်း သုံးစွဲသူပေါင်း သန်းပေါင်းများစွာရှိနေတဲ့ အကြီးမားဆုံး Professional Networkတစ်ခုဖြစ်နေပြီး ဒီထဲမှာ အလုပ်အကိုင်ရှာဖွေရုံသာမက ကိုယ့်အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ သတင်းအချက်အလက်တွေကိုပါ ရှာဖွေလို့ရတဲ့အပြင် သင်ယူစရာတွေရှာဖွေသင်ယူနိုင်ပြီး ကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ပိုတိုးတက်လာနိုင်တဲ့အတွက် အလုပ်ရှာဖွေနေသူတိုင်းအကောင့်ရှိသင့်ပါတယ်။ LinkedIn ပေါ်ကနေ တစ်စုံတစ်ယောက်ကို ဆက်သွယ်တဲ့အခါမှာလည်း Professional ဆန်တဲ့ အရေးအသားတွေနဲ့ ပြောဆိုဆက်သွယ်သင့်ပါတယ်။ ကိုယ့်အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ LinkedIn Group တွေကို join ထားဖို့ လိုပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ အလုပ်တွေအကြောင်း မကြာခဏ တင်ပေးခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ မြန်မြန်ဆန်ဆန်ရရှိနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ လူတွေသိချင်နေကြတဲ့ LinkedInအကောင့်ကို ဖွင့်တတ်ကြလိမ့်မယ်လို့ထင်ပါတယ်။ အလုပ်အကိုင်တွေ မြန်မြန်ဆန်ဆန် ရရှိနိုင်ကြပါစေ။

နိုဝင်ဘာလတစ်လအတွင်း ကုမ္ပဏီတွေကနေ ခေါ်ယူမှုအများဆုံး အလုပ်အကိုင် ၅ခု နဲ့ ကိုဗစ်ကာလအလွန် ခေတ်စားလာနိုင်‌သောအလုပ်အကိုင်အခွင့်အလမ်းနဲ့ ရာထူးနေရာများ မှာ ဆက်လက်လေ့လာဖတ်ရှုနိုင်ပါတယ်။ 


Share

Loading Next Article...
က္က