In partnership with  logo
နိုဝင်ဘာလမှာ ဘယ်လိုအလုပ်အကိုင်တွေအတွက် အခွင့်အရေးအများဆုံးရရှိခဲ့သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ခုဆိုရင် နိုဝင်ဘာလကုန်ကို ရောက်ရှိလာပါပြီ။ ကိုဗစ်ကာလဖြစ်နေတာကြောင့် အလုပ်အကိုင်တွေ ခေါ်ယူမှုရပ်တန့်ထားတယ်လို့ ထင်နေကြပေမယ့် တကယ်တော့ အလုပ်အကိုင်တွေက တောက်လျှောက်ခေါ်ယူနေကြဆဲပါပဲ။ နိုဝင်ဘာလ တစ်လလုံးမှာ ဘယ်လိုအလုပ်အကိုင်တွေခေါ်ယူမှုအများဆုံးရှိခဲ့သလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အလုပ်ရှင်တွေ ခေါ်ယူမှုအများဆုံး ထိပ်တန်းအလုပ်အကိုင် (၅) မျိုးကတော့



၁။ စာရင်းအင်းနှင့် ငွေကြေးပိုင်းဆိုင်ရာ အလုပ်အကိုင်များ 

ကိုဗစ်ကာလမှာ နံပါတ် ၁ အနေနဲ့ ကုမ္ပဏီတွေကနေ ခေါ်ယူမှုအများဆုံး အလုပ်အကိုင်ကတော့ စာရင်းအင်းနဲ့ ငွေကြေးပိုင်းဆိုင်ရာ အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ ငွေကြေးပိုင်းဆိုင်ရာနယ်ပယ်မှာ အတွေ့အကြုံရှိသူတွေအတွက်တော့ Accountant , Finance Supervisor , Assistant Manager(Finance),Management Associate (Finance), Finance Professional, Finance & Accounting Manager နဲ့ Chief Financial Officer (CFO) စတဲ့ ရာထူးတွေမှာ လျှောက်ထားနိုင်ပြီး အခုမှ ဒီလောကမှာ အလုပ်စတင်လျှောက်ထားလိုသူတွေအတွက်ကတော့ Assistant Accountant , Cashier, Cash Collection Representative နဲ့ Junior Accountant ရာထူးတွေမှာ လျှောက်ထားနိုင်ပါတယ်။ ကိုယ်က ငွေကြေးပိုင်းဆိုင်ရာ နယ်ပယ်တစ်ခုမှာ လုပ်ကိုင်လိုသူတစ်ယောက်ဆိုရင်တော့ ခုပြောပြထားတဲ့ ရာထူးတွေထဲက ဘယ်ရာထူးဟာ ကိုယ်နဲ့ ကိုက်ညီသင့်တော်မလဲဆိုတာကို တွက်ဆပြီး လျှောက်ထားနိုင်ပါတယ်။  

၂။အင်ဂျင်နီယာနဲ့ နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်များ 

ဒုတိယခေါ်ယူမှု အများဆုး အလုပ်အကိုင်ကတော့ အင်ဂျင်နီယာနဲ့ နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ ဒီနယ်ပယ်အတွင်း ခေါ်ယူမှုအများဆုံးရှိနေတဲ့ လုပ်သက်ရှိ ကျွမ်းကျင်သူတွေအတွက် ရာထူးတွေကတော့ Site Engineer , Electrical Engineer, , Development Officer, Site Supervisor , IT Consultant, Head of After Sales ,  Procurement Executive, Engineering Manager, IT Executive , Drafter (Male/ Female) နဲ့ Technical Officer စတဲ့ ရာထူးတွေ ဖြစ်ပြီး အလယ်တန်းအဆင့်အတွက်တော့ Service Engineer Maintenance Technician တို့က ခေါ်ယူမှုအများဆုံးပါ။ ခုမှ အင်ဂျင်နီယာလောက ၊ နည်းပညာလောကကိုစတင်အခြေချမယ့်သူတွေအတွက်ကတော့ Assistant Engineer , Cable Laying Engineer , Technical Assistant နဲ့ ICLA Technical Assistant ရာထူးတွေခေါ်ယူနေပါတယ်။ 

ဒီလိုကိုဗစ်ကာလမှာ အလုပ်အကိုင်ခေါ်ယူမှုတွေ ရပ်တန့်သွားပြီလို့ ထင်နေကြပေမယ့် တကယ်တမ်းတော့ အလုပ်အကိုင်တွေက ဆက်လက်ခေါ်ယူနေကြဆဲဖြစ်ပါတယ်။

ဓာတ်ပုံ - Freepik

၃။ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာအလုပ်အကိုင်များ  

တတိယခေါ်ယူမှုအများဆုံးအလုပ်အကိုင်ကတော့ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင်လည်း အလုပ်အကိုင်အတွေ့အကြုံ ရှိသူတွေအတွက် Merchandiser, QC Manager, Area Coordinator, Operations Officer , Field Manager , Field Manager , Project Officer , Team Leader, Senior Program Officer , Field Coordinator စတဲ့ ရာထူးတွေခေါ်ယူနေပြီး အခုမှစတင် အလုပ်ဝင်မယ့် သူတွေအတွက်ကတော့ အလုပ်သင်ရာထူးတွေနဲ့ ဆင်တူတဲ့ Assistant Project Officer , Helper နဲ့ Protection Assistant ,Program Assistant စတဲ့ ရာထူးတွေ ခေါ်ယူနေပါတယ်။ 

၄။ရုံးပိုင်းဆိုင်ရာအလုပ်အကိုင်များ 

နောက်ထပ်ခေါ်ယူမှုအများဆုံး အလုပ်အကိုင်ထဲမှာ ရုံးပိုင်းဆိုင်ရာ အလုပ်အကိုင်တွေလည်း ပါဝင်ပါတယ်။ ရုံးပိုင်းဆိုင်ရာ အလုပ်အကိုင်အတွင်းမှာတော့ လုပ်ငန်းအတွေ့အကြုံရှိသူတွေအတွက် Administration Manager, Admin & HR executive, Operation Assistant Female, Admin & HR Manager , Senior Administration Officer, Admin Executive စတဲ့ ရာထူးတွေ ခေါ်ယူမှုများနေပြီး အခုမှ အလုပ်စဝင်ချင်သူတွေ ရုံးပိုင်းဆိုင်ရာ အလုပ်တွေကို လိုချင်နေကြတဲ့သူတွေအတွက်တော့ Admin HR Officer, Admin Assistant, Office Support Administrator, HR ASSISTANT , Business Support Assistant ,CLEANERS စတဲ့ ရာထူးတွေခေါ်ယူနေတာပဲဖြစ်ပါတယ်။ 

၅။Community နဲ့ Social Servicesပိုင်းဆိုင်ရာအလုပ်အကိုင်များ 

အခုအရမ်းခေတ်စားနေတဲ့ Social Services လုပ်ငန်းပိုင်းဆိုင်ရာအလုပ်အကိုင်တွေလည်း ခေါ်ယူနေတာကို တွေ့ရပါတယ်။ ဒီနယ်ပယ်မှာ အတွေ့အကြုံရှိသူတွေအတွက်လက်ရှိခေါ်ယူနေတဲ့ ရာထူးတွေကတော့ PROGRAM MANAGER, Graphic Designer, Program Officer , Gender Equality Advisor, Community Based Protection Monitor, Senior Associate နဲ့ Online & Digital Sales Manager စတဲ့ ရာထူးတွေ ခေါ်ယူနေပြီး အလုပ်အကိုင်အတွေ့အကြုံမရှိပေမယ့် ဒီနယ်ပယ်မှာ အလုပ်လုပ်ချင်သူတွေအတွက် Social Worker ,Capacity Building Assistant နဲ့ Driver စတဲ့ ရာထူးတွေ ခေါ်ယူနေပါတယ်။ 

အခုဖော်ပြထားတဲ့ ရာထူးအလုပ်အကိုင်တွေကတော့ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Myjobs.com.mm မှာ ကုမ္ပဏီတွေက အများဆုံးခေါ်ယူနေတဲ့ အလုပ်အကိုင်ရာထူးတွေပဲဖြစ်ပါတယ်။ 

ဆက်လက်ပြီး အွန်လိုင်းကနေ လွယ်လွယ်ကူကူအလုပ်ရှာနိုင်မယ့် နေရာ (၄)ခု နဲ့ ကိုဗစ်ကာလအတွင်း အလုပ်ရှာနေတာဆို ဒါကိုဖတ်ပါ စတာတွေမှာ ဆက်လက် လေ့လာဖတ်ရှုနိုင်ပါတယ်။ 

ဒီလိုကိုဗစ်ကာလမှာ အလုပ်အကိုင်ခေါ်ယူမှုတွေ ရပ်တန့်သွားပြီလို့ ထင်နေကြပေမယ့် တကယ်တမ်းတော့ အလုပ်အကိုင်တွေက ဆက်လက်ခေါ်ယူနေကြဆဲဖြစ်ပါတယ်။ အလုပ်ရှာဖွေနေသူတွေအတွက်လည်း https://bit.ly/35C5IB4ကို Click ကလေးတစ်ချက်ခေါက်လို့ အလုပ်တွေ လျှောက်ထားနိုင်ပါတယ်။  


Share

Loading Next Article...
က္က