In partnership with  logo
ဒီကာလမှာ အလုပ်သစ်လျှောက်ရင်တောင် Work from Home လုပ်ရဖို့ ပိုများပါတယ်။

အခုလိုကာလမှာ အလုပ်သစ်ရတဲ့သူတွေက Work From Home လုပ်ရဖို့ ရာခိုင်နှုန်းများပါတယ်။ Work from Home လုပ်ဖူးသူတွေက ကျင့်သားရနေပြီဆိုပေမယ့်လည်း အခုထိ အဆင်မပြေသေးသူတွေလည်း ရှိနိုင်ပါသေးတယ်။ Work from Home ကို အခုမှ စလုပ်ရမယ့်သူတွေရော၊ အခုထိ အိမ်ကနေ အလုပ်လုပ်ရတာ အဆင်မပြေသေးသူတွေရော အောက်ပါအချက်တွေအတိုင်း ဆောင်ရွက်လိုက်မယ်ဆိုရင် အများကြီးအဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။



၁။ ရုံးကနေ မဖြစ်မနေ‌‌တောင်းဆိုရမယ့်အရာတွေ တောင်းဆိုပါ 

Work from Home အလုပ်စလုပ်ပြီဆိုတာနဲ့ ကိုယ့်အိမ်မှာ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရတော့မှာဖြစ်တဲ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ရုံးကနေမဖြစ်မနေ တောင်းဆိုရမယ့်အရာတွေကို တောင်းဆိုဖို့ လိုအပ်ပါတယ်။ တောင်းဆိုရမှာ တွန့်ဆုတ်နေတာမျိုး၊ ရှက်ရွံ့နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်တကယ် အလုပ်တာဝန်တွေ ထမ်းဆောင်ရချိန်မှာ ‌နှောင့်နှေးကြန့်ကြာနေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ် လုပ်ငန်းအတွက်လိုအပ်မယ့်အရာတွေ နဲ့ ရုံးကနေ ထောက်ပံ့ရမယ့်အရာတွေကို HR နဲ့ ဆွေးနွေးပြီး တောင်းဆိုပါ။ Work from Homeလုပ်နေရတာ ကြာနေပြီ ဒါပေမယ့် ရုံးကနေ ဘာမှမပေးသေးဘူးဆိုရင်လည်း ခုပဲ HR ဆီကနေ တောင်းဖို့ လုပ်လိုက်ပါ။ ဘာတောင်းဆိုရမလဲ မသိဘူးဆိုရင်တော့ အိမ်မှာအလုပ်လုပ်နေမယ့် ဝန်ထမ်းတွေအနေနဲ့ ရုံးကနေ မဖြစ်မနေတောင်းဆိုရမယ့်အရာတွေ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ 

၂။ နည်းပညာပိုင်းဆိုင်ရာတွေကို ရင်းနှီးအောင် ပြုလုပ်ထားပါ 

ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ အရာတွေ တောင်းဆိုပြီးသွားပြီဆိုရင်တော့ နည်းပညာပိုင်းဆိုင်ရာတွေကို တီးမိခေါက်မိ ဖြစ်အောင် ပြုလုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။Work from Home အလုပ်ဖြစ်တဲ့အတွက် အိမ်မှာ အွန်လိုင်းကနေတစ်ဆင့် ရုံးအလုပ်တွေကို တာဝန်ယူဆောင်ရွက်နေရမှာဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာက အရမ်းကို လိုအပ်ပါတယ်။ အများကြီး မသိဘူးဆိုရင်တောင် Google Suite အသုံးပြုပုံ၊ Video Conference App စတာတွေကို လေ့လာထားမယ်ဆိုရင် လုပ်ငန်းမှာ အများကြီး အသုံးဝင်ပါလိမ့်မယ်။

၃။ အလုပ်ဌာနကလူတွေ ဘယ် tools တွေကို အသုံးပြုသလဲ မေးထားပါ 

အလုပ်စတင်ဝင်ပြီဆိုတာနဲ့ ကိုယ့်ရုံးကလူတွေရဲ့ ပြောဆိုဆက်သွယ်တဲ့ Digital tools တွေက ဘာတွေလဲဆိုတာကို မေးမြန်းထားဖို့ လိုပါတယ်။ကြိုသိနေတဲ့အခါ ကိုယ် အသုံးပြုတတ်တဲ့ Digital toolsဆိုရင် ပြဿနာမရှိပေမယ့် ကိုယ် အသုံးမပြုတတ်တဲ့ Digital toolsတွေ ဖြစ်နေရင်တော့ ကြိုတင်လေ့လာထားဖို့ ကိုယ့်မှာ အချိန်ရှိတဲ့အတွက် အလုပ်ဝင်တဲ့အခါ အဆင်ပြေချောမွေ့နေပါလိမ့်မယ်။ Work from Home လုပ်နေတာကြာပြီဆိုပေမယ့် ခုထိ ရုံးကလူတွေအသုံးပြုနေတဲ့ Digital toolsတွေကို အသုံးမပြုတတ်သေးဘူးဆိုရင်လည်း တစ်ရက်လောက် အချိန်ပေးပြီး သုံးတတ်အောင် လေ့လာပါ။

၄။ အိမ်မှာ အင်တာနက်လိုင်းကောင်းမယ့် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာရှာထားပါ 

Work from Home လုပ်ရတော့မှာ သေချာသွားပြီဆိုရင် ကိုယ့်အိမ်မှာ ဘယ်နေရာက တိတ်ဆိတ်ငြိမ်သက်ပြီး အင်တာနက်လိုင်းမိသလဲဆိုတာရှာဖွေထားပါ။ မီတင်တွေလုပ်ရတာမျိုးတွေက နေ့စဉ်ဖြစ်နေနိုင်တဲ့အတွက် လူအဝင်အထွက်များပြီး လိုင်းမမိတဲ့နေရာမျိုးမှာ အလုပ်လုပ်နေမယ်ဆိုရင် ဘယ်လိုမှ အဆင်ပြေတော့မှာ မဟုတ်ပါဘူး၊ ဒီတော့ အိမ်မှာ အင်တာနက်လိုင်းကောင်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကို ကြိုတင်ရှာထားဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ်က Work from Homeလုပ်နေတာ ကြာပြီဆိုပေမယ့် ခုထိ အလုပ်လုပ်ရတာ အဆင်မ‌ပြေဘူးဆိုရင် ကိုယ့်နေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ ဆန်းစစ်ပါ။ ကိုယ် အလုပ်လုပ်နေတဲ့နေရာဟာ လူဝင်လူထွက်များပြီး လိုင်းသေချာမမိတဲ့နေရာ ဖြစ်နေရင်တော့ ဘယ်လိုမှ အလုပ်ကို အဆင်ပြေပြေလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

Work from Home လုပ်ရတော့မှာ သေချာသွားပြီဆိုရင် ကိုယ့်အိမ်မှာ ဘယ်နေရာက တိတ်ဆိတ်ငြိမ်သက်ပြီး အင်တာနက်လိုင်းမိသလဲဆိုတာရှာဖွေထားပါ။
 

၅။ အွန်လိုင်းကတစ်ဆင့် ကိုယ်အလုပ်ဌာနက အဖွဲ့ဝင်တွေနဲ့ အပြုသဘောဆောင်တဲ့ စကားပြောဆိုမှုမျိုးပြုလုပ်ပါ

Work from Home ကာလဟာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် အလုပ်လုပ်ရတာမဟုတ်တဲ့အတွက် တစ်ခါတလေ နားလည်မှုလွဲတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီကာလမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အပြုသဘောဆောင်တဲ့ စကားမျိုးပိုပြောသင့်ပါတယ်။ လူသစ်ဆိုရင်လည်း ကိုယ်နဲ့ အတူတွဲလုပ်ရမယ့်သူတွေကို စတင်မိတ်ဖွဲ့ ထားဖို့လိုပါတယ်။ ခါတိုင်း ရုံးမှာအလုပ်တက်သလိုမျိုး လူအစုံနဲ့ မိတ်ဆက်ပေးလို့ ရတဲ့ ကာလမဟုတ်တဲ့အတွက် ကိုယ်ကပဲ အဖွဲ့တွေ စကားပြောဆိုဆက်သွယ်တဲ့ Digital tools တွေကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး အဖွဲ့ထဲက ဘယ်သူက ဘာတာဝန်ကို ယူထားတယ်ဆိုတာလောက်တော့ သိအောင်လုပ်ထားသင့်ပါတယ်။ ဒါမှသာ အလုပ်ကိစ္စပြောဆိုဆက်ဆံတဲ့အခါမှာ မှန်ကန်တဲ့သူကို တိုက်ရိုက်ပြောနိုင်မှာဖြစ်ပါတယ်။ 

၆။ အလုပ်တာဝန်တွေကို ရှင်းရှင်းလင်းလင်း သိရှိအောင် ဆောင်ရွက်ထားပါ 

Work from Home အလုပ်က အနည်းငယ် ရှုပ်ထွေး နှောင့်နှေးတတ်တဲ့အတွက် ကိုယ်ဆောင်ရွက်ရမယ့် တာဝန်တွေကို သေသေချာချာ ရှင်းရှင်းလင်းလင်းသိရှိထားအောင် လုပ်ထားသင့်ပါတယ်။ လူသစ်တွေ အနေနဲ့ အင်တာဗျူးစတင်ဝင်ကတည်းက ဆွေးနွေးထားသင့်တာဖြစ်ပေမယ့်လည်း များသောအားဖြင့် အလုပ်ဝင်မှသာ ပြောတတ်ကြတာများတဲ့အတွက် ကိုယ်အလုပ်စဝင်ပြီဆိုကတည်းက ကိုယ့်ရဲ့ တာဝန်တွေကိုသေချာရှင်းလင်းစွာ မေးမြန်းထားဖို့ လိုပါတယ်။ 

၇။ မသိတာရှိရင် မဆိုင်းမတွမေးမြန်းပါ။ 

Work from Home လုပ်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အွန်လိုင်းကနေ ပြောဆိုဆက်ဆံရတာဖြစ်တဲ့အတွက် တစ်ခါတလေ နားလည်မှုမှားတာမျိုးဖြစ်တတ်လေ့ရှိပါတယ်။ ဒါ့ကြောင့် ကိုယ် မရှင်းလင်းတဲ့ကိစ္စရှိလာခဲ့ပြီဆိုရင် ပွင့်ပွင့်လင်းလင်း မေးမြန်းဖို့ လိုအပ်ပါတယ်။ အပြင်မှာလို ကိုယ်မရှင်းရင် လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကို မေးမြန်းလို့ မရနိုင်တာဖြစ်တဲ့အတွက် ပွင့်လင်းတဲ့ စကားပြောဆိုမှုနဲ့ အတူ မရှင်းတာရှိတဲ့အခါ မဆိုင်းမတွ မေးမြန်းတတ်တဲ့ အကျင့်ကို ကျင့်ယူဖို့ လိုအပ်ပါတယ်။ 

ဒီအချက်တွေကိုသာ သေချာဆောင်ရွက်မယ်ဆိုရင် Work from Homeလုပ်နေရတဲ့ ဝန်ထမ်းအသစ်ဖြစ်ဖြစ် ၊ Work from Homeနဲ့ ခုထိအသားမကျနိုင်သေးတဲ့ ဝန်ထမ်းပဲဖြစ်ဖြစ် အလုပ်တာဝန်တွေကို စနစ်တကျ ဆောင်ရွက်တတ်သွားမှာဖြစ်ပါတယ်။ 

ဆက်လက်ပြီး Work from Home ကာလမှာ အလုပ်ကောင်းကောင်းပြီးမြောက်စေမယ့် (၆) ချက် နဲ့ Work From Home လုပ်နေချိန်မှာ အသုံးအဝင်ဆုံး Digital Tools ( ၇ ) မျိုး တို့မှာ ဆက်လက် လေ့လာဖတ်ရှုနိုင်ပါတယ်။ 

အလုပ်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/33DSBOJ ကို ကလစ်ကလေးနှိပ်ပြီး တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က