In partnership with  logo
ရုံးကလည်း ဝန်ထမ်းတွေ အလုပ်ကောင်းကောင်းပြီးမြောက်ဖို့ မဖြစ်မနေထောက်ပံ့ပေးရပါမယ်။

ဒီလို ကိုဗစ်ကာလမှာ အလုပ်တွေ၊ ရုံးတွေ တက်လို့မရနိုင်တော့ဘဲ အိမ်ကနေ လုပ်နေရတဲ့ ကာလအတွင်း ဝန်ထမ်းတွေ ရုံးမှာ အလုပ်လုပ်ရသလိုပဲ အိမ်မှာ ကိုယ့်ရဲ့ အလုပ်တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းရွက်နိုင်စေဖို့ ရလာဒ်ကောင်းတွေ ရနိုင်စေဖို့ ၊ Performance ကောင်းကောင်း ရနိုင်ဖို့အတွက် ကုမ္ပဏီကလည်း ကိုယ့်ကို ထောက်ပံ့စရာရှိတာ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ 



၁။လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်နေတဲ့ ပစ္စည်းကိရိယာတွေ 

ရုံးမှာ အလုပ်လုပ်သလို အိမ်မှာ အလုပ်လုပ်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး၊ ရုံးမှာက ရုံးပိုင်းဆိုင်ရာ အသုံးပြုရမယ့် ပစ္စည်းကိရိယာတွေ အစုံအလင်ရှိနေပေမယ့် အိမ်မှာတော့ ဒီပစ္စည်းတွေက ရှိချင်မှ ရှိမှာပါ။ ဒီခေတ်ကြီးမှာ လူတိုင်းလပ်တော့ရှိနေနိုင်တယ်လို့ တွက်ချက်ထားလို့ မရပါဘူး။ လပ်တော့ရှိမှ အလုပ်လုပ်လို့ရမယ့် ဝန်ထမ်းအတွက် လပ်တော့ ပေးတာမျိုးက မဖြစ်မနေလုပ်ပေးဖို့ လိုပါတယ်။ ဝန်ထမ်းကလည်း တောင်းဖို့လိုပါတယ်။

၂။ဖုန်းဘေလ် နဲ့ အင်တာနက်ဘေလ်  

များသောအားဖြင့် အိမ်ကနေ အလုပ်လုပ်ရမယ့် ဝန်ထမ်းတွေဟာ အွန်လိုင်းနဲ့ ဆက်သွယ်ချိတ်ဆက်ပြီး လုပ်ရတဲ့ ဝန်ထမ်းတွေ ဖြစ်တာများပါတယ်။ အွန်လိုင်းပေါ်ကနေ ချိတ်ဆက်ဆက်သွယ်ရတာ ၊ ဖုန်းနဲ့ ဆက်သွယ်ပြီး ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထမ်းဆောင်ရတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေ အနေနဲ့ ဖုန်းဘေလ် ၊ အင်တာနက်ဘေလ်တွေ လိုကိုလိုအပ်ပါတယ်။ ဒါတွေကလည်း ရုံးကနေ၊ ကုမ္ပဏီကနေ ကိုယ့် ဝန်ထမ်းကို မဖြစ်မနေ ထောက်ပံ့ပေးရမယ့်အရာတွေဖြစ်လို့ တောင်းဆိုဖို့ မတွန့်ဆုတ်ပါနဲ့။

ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထမ်းဆောင်ရတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေ အနေနဲ့ ဖုန်းဘေလ် ၊ အင်တာနက်ဘေလ်တွေ လိုကိုလိုအပ်ပါတယ်။

၃။ဝန်ထမ်းနဲ့ ကုမ္ပဏီကြားချိတ်ဆက်မှု 

အိမ်မှာအလုပ်လုပ်နေရတဲ့ ကာလဖြစ်နေတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုရတာ၊ ဝန်ထမ်းနဲ့ ကုမ္ပဏီကြား ချိတ်ဆက်ရတာက အနည်းငယ်ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့်လည်း ဝန်ထမ်းတွေ အလုပ်တာဝန်တွေကို ကျေပွန်စေဖို့ဆိုရင် အလုပ်စတင်ပြီဆိုတဲ့ အချိန်မှာ ဝန်ထမ်းအားလုံးရဲ့ တစ်နေ့တာတာဝန်တွေနဲ့ ကုမ္ပဏီက ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်တွေအကြောင်း အခြေခံအားဖြင့် မနက်တိုင်းချိတ်ဆက်ပြောဆိုထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း ဝန်ထမ်းဘက်က ကိုယ့်တာဝန်တွေကို သေသေချာချာကွဲကွဲပြားပြား သိနားလည်သလိုကုမ္ပဏီဘက်ကလည်း ဝန်ထမ်းရဲ့ လုပ်‌ေဆာင်ချက်တွေကို သိထားမှာဖြစ်ပါတယ်။ 

၄။ပွင့်လင်းမြင်သာမှုရှိတဲ့ ပြောဆိုဆက်ဆံမှု 

ဒီကာလဟာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် တွေ့ရတာမဟုတ်တဲ့အတွက် ကုမ္ပဏီ၊ အထက်လူကြီး နဲ့ ဝန်ထမ်းကြား ပွင့်လင်းမြင်သာမှုရှိတဲ့ ပြောဆိုဆက်ဆံမှုရှိဖို့ လိုအပ်ပါတယ်၊ ဒီလိုမှမဟုတ်ဘဲ ဝန်ထမ်းကလည်း ကိုယ်မရှင်းလင်းတဲ့ အရာကို ကုမ္ပဏီကို တိုက်ရိုက်သေချာ မေးမြန်းတာမျိုးမရှိဘဲ စိတ်ထဲ တအုံ့နွေးနွေးလုပ်နေမယ်ဆိုရင်တော့ အလုပ်တာဝန်တွေကို အာရုံမစိုက်နိုင်တော့ဘဲ ဝန်ထမ်းရဲ့Performance ဟာလည်း ကျသွားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုကိုဗစ်ကာလမှာ အိမ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်စိတ်ထဲအလုပ်နဲ့ ပတ်သက်ပြီး မရှင်းလင်းတာရှိနေခဲ့မယ်ဆိုရင် သေချာရှင်းလင်းအောင် မေးမြန်းဖို့ လိုပါတယ်။ 

၅။ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်တဲ့ ထင်မြင်ယူဆချက် 

ဒီလို ကာလမှာ ဝန်ထမ်းတွေ အလိုရှိဆုံးအရာက အသိအမှတ်ပြုပေးခြင်းပါပဲ။ ကိုဗစ်ကြောင့် ရရှိလာတဲ့ စိတ်ဖိအားရော ၊ ရုံးမှာ လုပ်ရတာမဟုတ်ဘဲ အိမ်မှာလုပ်ရတာ ဖြစ်တဲ့အတွက် ကြုံလာရတဲ့ စိတ်ရှုပ်ထွေးမှုတွေအရရော အလုပ်အပေါ် အာရုံသေချာမစိုက်နိုင်လောက်အောင်စိတ်ဓာတ်ကျနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုကာလမှာ ကုမ္ပဏီက ကိုယ့်လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပေးမယ်ဆိုရင် ဝန်ထမ်းအတွက် ရှေ့ဆက် အလုပ်လုပ်ဖို့ အများကြီး ခွန်အားရရှိစေနိုင်မှာ အမှန်ပါပဲ။ တကယ်လို့ ရုံးက ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောဘူးဆိုရင် ကိုယ့်ရဲ့ လုပ်ဆောင်ချက်အပေါ် ဘယ်လိုမြင်သလဲ၊ ကိုယ့်ဆောင်ရွက်မှုတွေဟာ အဆင်ပြေရဲ့လားဆိုတာကို ထုတ်ဖော်မေးမြန်းစေချင်ပါတယ်။ 

ဒီ(၅) ချက်ကတော့ ဒီလို အိမ်မှာအလုပ်လုပ်နေရတဲ့ ကာလအတွင်း ရုံး/ ကုမ္ပဏီ/ အဖွဲ့အစည်းကနေ ဝန်ထမ်းတွေ မဖြစ်မနေ ရရှိသင့်တဲ့ ၊ ရရှိရမယ့် အထောက်အပံ့တွေပဲဖြစ်ပါတယ်။ ဒီအထောက်အပံ့တွေ မရခဲ့ဘူးဆိုရင်တောင်မှ တောင်းဆိုရမယ့် အခွင့်အရေးကိုယ့်မှာ အပြည့်ရှိနေပါတယ်။ 

အိမ်မှာနေရင်းအလုပ်လုပ်ရတဲ့သူတွေအနေနဲ့ Work from Home ကာလမှာ အလုပ်ကောင်းကောင်းပြီးမြောက်စေမယ့် (၆) ချက် နဲ့ အိမ်ကနေ အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ Team နဲ့ ရလဒ်ကောင်းတွေ ရရှိစေမယ့် အချက်(၄)ချက် ကနေလည်း ဆက်လက်လေ့လာလို့ ရပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/34WcRw3 ကနေတစ်ဆင့် လျှောက်ထားလို့ရပါတယ်။ 


Share

Loading Next Article...
က္က