In partnership with  logo
အလုပ်ရှာရာမှာ မိမိသတ်မှတ်တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီတွေကို ရွေးချယ်လျှောက်ထားတတ်ကြပါတယ်။

အလုပ်ရှင်ကလည်း ကိုယ်လိုချင်တဲ့ ဝန်ထမ်းကို အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းမျိုးရရှိအောင် စိစစ်ရွေးချယ်သလိုမျိုးပဲ အလုပ်ရှာဖွေနေတဲ့သူတွေကလည်း အလုပ်ရှာရာမှာ မိမိသတ်မှတ်တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီတွေမှာ အလုပ်လျှောက်ထားတတ်ကြပါတယ်။ အလုပ်ရှာဖွေသူတွေအနေနဲ့ ဘယ်လိုအချက်တွေနဲ့ပြည့်စုံတဲ့ ကုမ္ပဏီတွေ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ချင်သလဲ၊ ဘယ်လို စံနှုန်းတွေနဲ့ အလုပ်လျှောက်ထားတတ်ကြသလဲ ဆိုတာကို မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှာဖွေရေးဝက်ဆိုက်ဖြစ်တဲ့ Myjobs က မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေနေသူ ၄၀၀၀ ကို စစ်တမ်းကောက်ယူရာမှာ အောက်ပါအချက် (၈) ချက်က ရွေးချယ်မှုအများဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။



၁။ကောင်းမွန်တဲ့ လစာ 

ပထမဆုံးအလုပ်ရှာနေတဲ့သူတိုင်းရဲ့ မျှော်မှန်းမှုကတော့ လစာကောင်းသလားဆိုတာပါပဲ။ ကိုယ် ရွေးချယ် လျှောက်ထားမယ့် ကုမ္ပဏီဟာ ကိုယ့်ကို ပေးမယ့် လစာဟာ ကိုယ် ရသင့်ရထိုက်တဲ့ လစာဖြစ်ရဲ့လားဆိုတာကို ဦးဆုံးအနေနဲ့ စဉ်းစားတတ်ကြပါတယ်။ ကိုယ်မျှော်မှန်းထားတဲ့လစာအတိုင်း ကုမ္ပဏီကပေးသလားဆိုတဲ့ အချက်ကို အခြေခံပြီး အလုပ်လျှောက်တတ်ကြပါတယ်။ 

၂။ပြီးပြည့်စုံတဲ့ Facility 

နောက်တစ်ခုကတော့ လုပ်ငန်းအတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းပါ။ ကိုယ် ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် မြန်မြန်ဆန်ဆန် ပြီးမြောက်နိုင်အောင် ကုမ္ပဏီက၊ အလုပ်ရှင်က ပြီးပြည့်စုံတဲ့ Facility ပေးနိုင်ရဲ့လားဆိုတာကိုလည်း အလုပ်လျှောက်သူတွေက အဓိကထားကြပါတယ်။ ကိုယ်လျှောက်ထားတဲ့ ကုမ္ပဏီဟာ ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ Facility တွေကို အပြည့်အဝပေးရဲ့လားဆိုတာကို စုံစမ်းလျှောက်ထားတတ်ကြပါတယ်။ 

၃။တိုးတက်လာတဲ့ ရာထူးလုပ်ပိုင်ခွင့် 

လုပ်ငန်းအတွေ့အကြုံများလာတာနဲ့အမျှ ၊ လုပ်သက်ရလာတာနဲ့အမျှ ရာထူးကို တစ်ဆင့်စီ မြင့်ပေးတဲ့ ကုမ္ပဏီကော ဟုတ်ရဲ့လားဆိုတာလည်း ကြည့်တတ်ကြပါတယ်။ နှစ်စဉ် ကျွမ်းကျင်မှုအလိုက် ရာထူးကို တဖြေးဖြေး မြှင့်တင်‌ပေးနေတဲ့ ကုမ္ပဏီလား၊ ဝန်ထမ်းတွေကို ရာထူး တစ်ဆင့်ဆင့် တိုးမြှင့်ပေးသလားဆိုတာကိုလည်း ကြည့်တတ်ကြပါသေးတယ်။ ဒီအချက်တွေကို စုံစမ်းပြီး အလုပ်လျှောက်ထားတတ်ကြပါတယ်။ 

ဝန်ထမ်းတွေကို လိုအပ်တဲ့ Training တွေ ပေးတဲ့ ကုမ္ပဏီမျိုးလားဆိုတာကို ကြည့်ပြီး လျှောက်ထားတတ်ကြပါတယ်။

၄။လုပ်ငန်းအတွေ့အကြုံ နဲ့ သင်ယူလေ့လာနိုင်မှု  

ရာထူးတိုးမြင့်ဖို့ဆိုတာ အလုပ်အကိုင်အရည်အချင်းနဲ့ စွမ်းရည်မြင့်တက်မှသာ ရနိုင်မယ့်အရာဖြစ်တဲ့အတွက် ကုမ္ပဏီဟာ ဝန်ထမ်းတွေကို ကောင်းမွန်တဲ့ လုပ်ငန်းအတွေ့အကြုံနဲ့အတူ အလုပ်ကျွမ်းကျင်ဖို့အတွက် လိုအပ်တဲ့ သင်တန်းတွေ တက်စေတာ ၊ တက်ခိုင်းတာ စတဲ့ ဝန်ထမ်းတွေရဲ့ တိုးတက်မှုကို အလေးပေးတဲ့ ကုမ္ပဏီဟုတ်ရဲ့လားဆိုတာကိုလည်း အလုပ်ရှာနေတဲ့သူတွေက ကြည့်တတ်ကြပါတယ်။ ဝန်ထမ်းတွေကို လိုအပ်တဲ့ Training တွေ ပေးတဲ့ ကုမ္ပဏီမျိုးလားဆိုတာကို ကြည့်ပြီး လျှောက်ထားတတ်ကြပါတယ်။

၅။ဝန်ထမ်းတွေကို ကြည့်ရှုစောင့်ရှောက်မှု 

ကုမ္ပဏီမှာအလုပ်လုပ်တဲ့သူတွေဟာ တစ်စတစ်စနဲ့ တိုးတက်ကောင်းမွန်လာသလား၊ ကုမ္ပဏီက ဝန်ထမ်းတွေဟာ တခြားကုမ္ပဏီက ဝန်ထမ်းတွေထက် ရပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေ၊ ပိုရရှိနေတတ်သလား၊ ဒီလို ကိုဗစ်ကာလမှာ ဝန်ထမ်းတွေကို အလုပ်ထုတ်တတ်၊ လစာလျှော့တတ်သလား ၊ ဝန်ထမ်းတွေကို ဘယ်လို ဆက်ဆံသလဲ စတဲ့ အချက်တွေကိုကြည့်ပြီး အလုပ်လျှောက်တတ်ကြပါတယ်။ 

၆။ပွင့်လင်းမြင်သာမှုရှိမှု 

ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ ပြောဆိုအကြံပေးမှုကို ဂရုမစိုက်ဘဲ အလုပ်ရှင် (ဝါ) အထက်လူကြီးက ကိုယ့်စိတ်တိုင်းကျ ခြယ်လှယ်လုပ်ကိုင်နေတတ်တဲ့ လုပ်ငန်းခွင်မျိုး ၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ငန်းခွင်မျိုးကို သဘောမကျတတ်ကြပါဘူး။ ပွင့်ပွင့်လင်းလင်းရှိပြီး ဝန်ထမ်းတွေရဲ့ သဘောထားအမြင်တွေကို နားလည်လက်ခံပေးတဲ့ လုပ်ငန်းခွင်မျိုးကို အဓိကထား ရှာတတ်ကြပါတယ်။ 

၇။ခွဲခြားမဆက်ဆံတတ်မှု 

ကျား၊ မ ခွဲခြားဆက်ဆံမှုတွေရှိတဲ့ လုပ်ငန်းခွင်မျိုးကိုလည်း ဝန်ထမ်းတွေက သဘောမကျတတ်ကြပါဘူး။ ကျား မ တန်းတူအခွင့်အရေးပေးတဲ့ ၊ ကျား မ ခွဲခြားဆက်ဆံမှုမရှိတဲ့ လုပ်ငန်းခွင် ၊ ကုမ္ပဏီမျိုးကိုသာ ဝန်ထမ်းတွေက လိုချင်တတ်ကြပါတယ်။ ဒီလို ကုမ္ပဏီမျိုးမှာ အလုပ်လုပ်ရဖို့ ပိုပြီး ရှာဖွေတတ်ကြပါတယ်။ 

၈။အလေးထားဆက်ဆံပေးမှု 

ဝန်ထမ်းရဲ့ လုပ်ကိုင်ရည်စွမ်းရည်နဲ့ ပတ်သက်ပြီး အသိအမှတ်ပြု ချီးမွမ်းတတ်တဲ့ ကုမ္ပဏီမျိုး၊ လုပ်ငန်းမျိုးမှာ ပိုပြီး အလုပ်လုပ်ချင်တတ်ကြပါတယ်။ ဝန်ထမ်းအပေါ် အလေးထားဆက်ဆံပေးတတ်တဲ့ လုပ်ငန်းရှင်ဆီမှာ အလုပ်လုပ်ခွင့်ရဖို့ကို ဝန်ထမ်းတွေက ပိုပြီးလိုလားကြပါတယ်။ 

ဒီအချက်တွေက တကယ်ပဲ ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ ပိုမိုပျော်ရွှင်မှုရှိစေတဲ့ အရာတွေဖြစ်လို့ သင်က အလုပ်အကိုင်အခွင့်အလမ်းသစ်ရှာဖွေနေသူဆိုရင် ဒီအချက်တွေကို အဓိကထား စဥ််းစားသင့်သလို သင်က လုပ်ငန်းရှင် (ဒါမှမဟုတ်) အကြီးအကဲတစ်ဦးဆိုရင် ဝန်ထမ်းကောင်းတွေ ရရှိဖို့၊ ဝန်ထမ်းကောင်းတွေကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက် ဝန်ထမ်းတွေ အဓိကထားတဲ့ အချက်တွေကို ဂရုပြုဖြည့်စည်းနိုင်ဖို့အကြံပြုလိုက်ပါတယ်။

ဆက်လက်ပြီး ဘယ်အချိန်၊ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အလုပ်မရှားတဲ့ အခွင့်အလမ်းအကောင်းဆုံး အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် ၅ ခု နဲ့ CV Form မလိုဘဲ အလုပ်လျှောက်ကြမယ်မှာ ဆက်လက်လေ့လာနိုင်ပါတယ်။ 

မြန်မာ့အကောင်းဆုံး ကုမ္ပဏီ လုပ်ငန်း ၁၀၀ အကြောင်းကို  ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။


Share

Loading Next Article...
က္က