In partnership with  logo
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အလုပ်မရှားတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေကို ပြောပြပေးချင်ပါတယ်။

ကိုဗစ်အကြပ်အတည်းကာလကြီးကို ရောက်လာတဲ့အခါမျိုးမှာ တချို့လုပ်ငန်းတွေဆို ရပ်တန့်ပစ်လိုက်ရတာ ၊ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတာ အမျိုးမျိုး ကြုံလာကြရပါတယ်။ ဒါ့ကြောင့် ဘယ်လိုအချိန်အခါ အခြေအနေမျိုးမှာဖြစ်ဖြစ် အလုပ်အကိုင်ရှားမသွားတဲ့အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ဖော်ပြပေးချင်ပါတယ်။ ဒီလို ဘယ်တော့မှ အလုပ်အကိုင်မရှားသွားနိုင်မယ့်အသက်မွေးဝမ်းကျောင်းတွေကို သိပြီဆိုရင်လည်း ကိုယ်ဟာ ဘယ်လိုအရာတွေကို လုပ်ကိုင်ရတာ စိတ်ပါဝင်စားသလဲ၊ ဘာကို ဝါသနာပါတာလဲ စတဲ့ ကိုယ်နဲ့ ကိုက်ညီစေမယ့် အသက်မွေးဝမ်းကျောင်းကို ချင့်ချိန်ပြီး ရွေးချယ်လုပ်ကိုင်ကြဖို့ ရှေးဦးစွာ တိုက်တွန်းပါရစေ။ 



ဘယ်တော့မှ အလုပ်အကိုင် ရှားမပါးသွားနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းအသက်ဝမ်းကျောင်းတွေကတော့ 

၁။HR   

ဘယ်တော့မှ ရှားပါးသွားတယ်ဆိုတာ မရှိတာကတော့ HR အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ မဆို ကုမ္ပဏီတွေအတွက်၊ ရုံးတွေအတွက် ၊ စက်ရုံတွေအတွက် ရုံးလုပ်ငန်းပိုင်းဆိုင်ရာတွေ၊ ဝန်ထမ်းရေးရာကိစ္စတွေက လုပ်နေကြရမှာဖြစ်တဲ့အတွက် HR ပိုင်းနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်ရာထူးတွေကတော့ ဘယ်တော့မှ ရှားပါးသွားမှာ မဟုတ်တာသေချာပါတယ်။ HR နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ 

-HR Training Officer

-Employee Relationship Executive

-Payroll Executive

-HR Manager

-Recruitment & Selection Executive 

-HR Executive

-HR Supervisor

-Assistant Human Resources

-HR & Admin Assistant  စတဲ့ အလုပ်အခွင့်အလမ်းတွေ ရရှိနိုင်ပြီး သူ့တတ်ကျွမ်းမှုအဆင့်အလိုက် အလုပ်အကိုင်အခွင့်အလမ်းမရေမတွက်နိုင်အောင် ရှိပါတယ်။ အတွေ့အကြုံရှိပြီးသားသူတွေအတွက်ကတော့ မန်နေဂျာရာထူးလို စီမံခန့်ခွဲမှုအပိုင်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပြီး ခုမှ HR လောကထဲဝင်မယ့်သူတွေအနေနဲ့ ကတော့ လက်ထောက်ရာထူးလိုနေရာမျိုးတွေ၊ အလုပ်သင်လို နေရာမျိုးတွေမှာ ဝင်‌ရောက်လုပ်ကိုင်နိုင်ပါတယ်။ HR လောကထဲဝင်မယ့်သူတွေအနေနဲ့က အလုပ်သင်အနေနဲ့လည်း စတင်ဝင်ရောက်လုပ်ကိုင်နိုင်သလို HR နဲ့ပတ်သက်တဲ့ သင်တန်းတွေမှာ တက်ရောက်ထားတာကလည်း ကိုယ့်ရဲ့ အလုပ်အကိုင်အတွက် ပိုပြီး လမ်းပွင့်နိုင်ပါတယ်။ ရုံးပိုင်းဆိုင်ရာတွေကို စိတ်ဝင်တစားရှိသလို လူအများနဲ့ ပြောဆိုဆက်ဆံရတာကို နှစ်ခြိုက်သူတွေ အနေနဲ့ကတော့ HR ပိုင်းကိုရွေးချယ်သင့်ပါတယ်။ 

၂။Accounting

နောက်ထပ် ဘယ်တော့မှ အလုပ်မရှားပါးသွားနိုင်တဲ့ အသက်မွေးဝမ်းကျောင်းကတော့ ငွေရေးကြေးရေးစီမံခန့်ခွဲမှု ဖြစ်တဲ့ Accounting ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခု ၊ လုပ်ငန်းတစ်ခုအတွက် ငွေကြေးရေးရာ စီမံခန့်ခွဲမှုတွေ၊ စာရင်းအင်းလုပ်ရတာတွေက အချိန်ပြည့်ရှိနေတာ ဖြစ်တဲ့အတွက် ဘယ်အချိန်မှာမှ အလုပ်အကိုင် ရှားပါးသွားမှာ မဟုတ်တာ သေချာပါတယ်။ Accountingပိုင်းကို အချိန်ပြည့်မဟုတ်တောင်မှာနှစ်ချုပ်စာရင်းတွေဆွဲဖို့ ၊ စာရင်းအင်းတွေ လချုပ်ကိုင်ပေးဖို့အတွက် part time တွေ၊ freelance တွေ ခေါ်နေကြတာတောင် မြင်တွေ့ရပါတယ်။ Accountingပိုင်းမှာ  ရရှိနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ 

-Finance & Accounting Manager

-Chief Accountant

-Senior Accountant

-Accountant 

-Accounting Officer

-Assistant Accountant

-Assistant Finance Manager 

-Cashier

စတဲ့ သူ့နေရာနဲ့သူ တတ်ကျွမ်းမှုအဆင့်အလိုက် လျှောက်ထားလို့ရတဲ့ အလုပ်အကိုင်ရာထူး အခွင့်အလမ်းတွေ များစွာရှိပါတယ်။ ဒါ့ကြောင့် Accounting ပိုင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေဟာလည်း ဘယ်တော့မှာ ရားပါးမသွားတဲ့ အလုပ်အကိုင်တွေပါ။ Accounting လောကထဲကို ဝင်ရောက်လိုသူတွေအနေနဲ့ကတော့ ကိုယ်တိုင် စာရင်းအင်းပိုင်းဆိုင်ရာတွေမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး ဝါသနာပါဖို့ လိုအပ်သလို စာရင်းအင်းပိုင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ရောက်တာ၊ ကျွမ်းကျင်သူတွေဆီမှာ မေးမြန်းလေ့လာတာမျိုးတွေနဲ့ ကိုယ့်ရဲ့ skills ကို ဖြည့်ဖို့ လိုအပ်ပါတယ်။

ဒီလိုအလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိစေနိုင်ဖို့အတွက် ကိုယ့်ဆီမှာ ရှိသင့်တဲ့ အရည်အချင်းတွေကိုတော့ ရှိအောင် ဖြည့်စွက်ထားဖို့ လိုအပ်ပါလိမ့်မယ်။ 

၃။Sales & Marketing    

နောက်ထပ်ဘယ်တော့မှ အလုပ်မရှားနိုင်တဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းကတော့ အရောင်းပိုင်းနဲ့ ဈေးကွက် ရှာဖွေရေးပဲ ဖြစ်ပါတယ်။ အရောင်းသမားတွေဟာ ဘယ်တော့မှ အလုပ်အကိုင်ရှားပါးမသွားပါဘူး။ ခုနောက်ပိုင်း အပြင်ထွက်လို့မရနိုင်သေးတဲ့ ကိုဗစ်ကာလမှာတော့ ဈေးကွက်ရှာတာကို အွန်လိုင်းပေါ်မှာ ရှာဖွေတာပိုများလာပေမယ့်လည်း အရောင်းသမားနဲ့ ဈေးကွက်ရှာဖွေရတဲ့သူတွေဟာလည်း လိုအပ်နေမြဲပဲ ဖြစ်ပါတယ်။ Sales & Marketing နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ 

-Area Sales Manager

-Trade Marketing Executive

-Brand Manager

-Consumer Activation Executive

-Consumer Activation Executive

-Assistant Sales Manager

-Marketing Executive

-Sales and Marketing Assistant 

-Marketing Staff

-Sale Staff စတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပဲ ဖြစ်ပြီးတော့ သူ့ကျွမ်းကျင်မှုအလိုက် ရာထူးနေရာအဆင့်ဆင့်ရှိပါတယ်။ လုပ်သက်ရှိသူတွေအနေနဲ့တော့ စီမံခန့်ခွဲရေးပိုင်းကို ဝင်ရောက်လို့ရပြီး ခုမှ Sales & Marketing ပိုင်းကို ဝင်ရောက်မယ့်သူတွေအနေနဲ့ကတော့ လက်ထောက်ဝန်ထမ်း၊ အလုပ်သင် စတဲ့ ရာထူးတွေကနေတစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။ Sale & Marketing ပိုင်းကို ရွေးချယ်ချင်တယ် ဆိုရင်တော့ ကိုယ်က အရောင်းအဝယ်ကို စိတ်ဝင်စားတဲ့သူလား၊ စိတ်ရှည်သည်းခံတတ်ပြီး ဖြစ်ပေါ်လာတတ်တဲ့ ပြဿနာတွေကို ဖြတ်ထိုးဉာဏ်နဲ့ ဖြေရှင်းတတ်သူလား၊ လူအများနဲ့ ပြောဆိုဆက်ဆံရတာကို သဘောကျတတ်သူလား ဆိုတာကို အရင်ဆုံး ဆန်းစစ်စေချင်ပါတယ်။ ဒီအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ အလုပ်အကိုင်မရှားတဲ့  Sales & Marketing လောကထဲကို ဝင်ရောက်နိုင်ပါပြီ။ 

၄။ Digital Marketing 

နောက်ထပ် အလုပ်မရှားသွားနိုင်မယ့် လုပ်ငန်းနယ်ပယ်တစ်ခုကတော့ ခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့ Digital Marketing ပိုင်း အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လာတာ နည်းပညာကြောင့်ဖြစ်ပါတယ်။ နည်းပညာလုပ်ငန်းနယ်ပယ်ဟာဆိုရင်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာပြီး လူတွေရဲ့ ဈေးကွက်ရှာဖွေမှုဟာလည်း ဆိုရှယ်နက်ဝက်တွေပေါ်ကို တက်ရောက်လာပြီဖြစ်တဲ့အတွက် နည်းပညာကို ကောင်းကောင်းအသုံးချနိုင်သူတွေအတွက် ဒီနေ့ခေတ်မှာ အလုပ်အကိုင်အခွင့်အလမ်း မရှားပါးတော့ပါဘူး။ အလုပ်အကိုင်ရာထူးအခွင့်အလမ်းတွေက‌ေတာ့  

-Digital Marketing Supervisor

  -Social Media & Communication Specialist

-Social Media Specialist

-Copywriter

-Digital Strategist

-Online Sales & Marketing Assistant

-Digital Marketing Assistant Manager.

-Digital Marketing & Customer Relation Manager

-Product Content Management Supervisor

-Customer Relationship Management

-Branding & Advertising 

စတဲ့ ကျွမ်းကျင်မှုအလိုက် ရာထူးအလုပ်အကိုင်အခွင့်အလမ်းများစွာရှိပါတယ်။ အလုပ်အတွေ့အကြုံများသူတွေအနေနဲ့တော့ လုပ်သက်အလိုက် ရာထူးကြီးတွေကို ရရှိနိုင်ပြီး ခုမှ အလုပ်စဝင်သူတွေအနေနဲ့တော့ အလုပ်သင်၊ လက်ထောက်စတဲ့ နေရာတွေကနေတစ်ဆင့် အလုပ်အကိုင်အတွေ့အကြုံတွေကို သင်ယူလေ့လာဖို့ လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ်မာကတ်တင်းလုပ်ငန်းဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာကို အကျွမ်းတဝင်ရှိသူဖြစ်ဖို့ လိုအပ်ပြီး ဈေးကွက်ရှာဖွေရာမှာလည်း ဖြတ်ထိုးဉာဏ်ရှိရှိနဲ့ ကိုယ့် ထုတ်ကုန်ကို ဝယ်သူ စိတ်ဝင်တစားရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို သိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က ဆိုရှယ်မီဒီယာကနေတစ်ဆင့် လူအများစိတ်ဝင်စားလာအောင် ဗီဒီယိုတွေ၊ စာသားတွေ တင်ရ ၊ ဖန်တီးရတာကို စိတ်ပါဝင်စားသူဆိုရင်‌ေတာ့ ခု ခေတ်စားနေတဲ့ Digital Marketing လောကထဲ ဝင်လိုက်ပါတော့ လို့ ပြောပါရစေ။ 

၅။Logistics

ကိုဗစ်ကာလမှာ တဟုန်ထိုးတိုးတက်ပြီး လူအများအပြား စိတ်ဝင်စားလုပ်ကိုင်လာကြသလို နောက်ပိုင်းတွေမှာလည်း အလုပ်ဖြစ်မယ့် အသက်မွေးဝမ်းကျောင်းမှုကတော့ Logistics ပဲဖြစ်ပါတယ်။ တစ်နေရာနဲ့ တစ်နေရာ ဝယ်ယူသူနဲ့ ရောင်းချသူတွေကြား ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းဖြစ်ပြီး လက်ရှိမှာလည်း လုပ်ကိုင်လာကြသူတွေ ထုနဲ့ထေးပါပဲ။ Logistics နဲ့ ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ 

-Gate Clerk

-Transport Documentation Officer

-System Data Entry 

-Export & Import Department: Assistant 

-Forklift Driver

-Driver

-Jr.Delivery Drive စတဲ့ ရာထူးအလုပ်အကိုင်တွေပဲဖြစ်ပါတယ်။ 

ခုခေတ်မှာတော့ Logistics နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေဟာ လုပ်ငန်းကြီးတွေက စလို့ လုပ်ငန်းသေးလေးတွေထိ အများကြီး ဖြစ်လာကြပြီး ထိရောက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးစွမ်းလာပါတယ်။ ကားမောင်းတတ်သူ၊ စက်ဘီးနင်းတတ်သူ တွေလည်း ဒီအလုပ်အကိုင် အသက်မွေးဝမ်းကျောင်းကို ပြုလုပ်နိုင်ပြီး လူတွေကို ဝန်ဆောင်မှုပေးရတာ သဘောကျသူ၊ ဆက်ဆံရေးပြေပြစ်သူတွေအနေနဲ့လည်း ဝင်ရောက်လှေျာက်ထားလို့ ရပါတယ်။ 

အခုပြောခဲ့တာတွေကတော့ ဘယ်အချိန်မှာ မဆို အလုပ်အကိုင်မရှားပါးသွားမယ့် အလုပ်အကိုင်တွေဖြစ်ပြီး ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ အကျင့်စရိုက် ၊ ဝါသနာတို့နဲ့ ထပ်တူကျတဲ့ အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းကိုသာ ရွေးချယ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

ဆက်လက်ပြီး CV Form မလိုဘဲ အလုပ်လျှောက်ကြမယ် နဲ့ အလုပ်မှာ ရာထူးလစာကောင်းမွန်လာစေဖို့ မဖြစ်မနေရှိနေသင့်တဲ့ ကျွမ်းကျင်မှု (၅) မျိုး တွေမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/3g2dA2w ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ 



 


 

Share

Loading Next Article...
က္က