In partnership with  logo
CV Formတွေ ၊ စာရွက်စာတမ်းတွေ မလိုတော့ဘဲ အွန်လိုင်းကနေတစ်ဆင့် အလုပ်လျှောက်လို့ရနိုင်အောင် MyJobsက ပြုလုပ်ပေးထားပါတယ်။

CV Formကို မေးလ်ကနေ ပို့ရတာ မပို့တတ်တဲ့သူတွေ CV Form Document ဘယ်လို‌ရေးရမလဲ မသိတဲ့သူတွေအတွက် အွန်လိုင်းကနေ CV Form မလိုဘဲ အလုပ်လျှောက်လို့ရအောင် လုပ်ပေးထားပါတယ်။ ဒါကတော့ MyJobsကနေ အလုပ်ရှာနေတဲ့သူတွေ ပိုမိုလွယ်ကူပြီး အလုပ်လျှောက်လို့ ရအောင် လုပ်ပေးထားတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ 



အလုပ်လျှောက်ဖို့အတွက် အရမ်းမခက်ခဲတော့ပါဘူး၊ အချိန် ၁၅ မိနစ်ပဲ ယူရမှာပါ။ ဒါကို Digital Profile လို့ ခေါ်ပါတယ်။ 

၁။MyJobs ဝက်ဘ်ဆိုက်ထဲဝင်ပါ 

ပထမဆုံး လုပ်ရမှာကတော့ MyJobsဝက်ဘ်ဆိုက်ထဲကို ဝင်ရမှာပါ။ ဖုန်းကနေ ဝက်ဘ်ဆိုက်ထဲကို မဝင်တတ်ဘူးဆိုရင်လည်း MyJobs Facebook ထဲကို သွားပြီး MyJobs ဝက်ဘ်ဆိုက်ထဲ ဝင်လို့ရပါပြီ။ ဝင်လိုက်တာနဲ့ တပြိုင်နက် ကိုယ့်ရဲ့ အကြောင်း နဲ့ အလုပ်အကိုင် ရာဇဝင်ကို ဖြည့်စွက်ဖို့ အဆင်သင့်ပြင်ဆင်ပေးထားပါတယ်။ ဝက်ဆိုက်ကို တိုက်ရိုက်ဝင်လိုသူတွေအနေနဲ့ https://www.myjobs.com.mm/my/aloke-shar-thu ကနေ ဝင်လို့ ရပါတယ်။

၂။ဘာနဲ့ချိတ်ဆက်မလဲ  

 ဝင်လိုက်တာနဲ့ တပြိုင်နက် ကိုယ့်ရဲ့ Facebook Account နဲ့ ချိတ်ဆက်မလား၊ Mail Account နဲ့ ချိတ်ဆက်မလား၊ LinkedIn Account နဲ့ ချိတ်ဆက်မလား မေးပါလိမ့်မယ်။ ကိုယ် အဆင်ပြေမယ့် တစ်ခုခုကို ရွေးချယ်လိုက်ပါ။ ရွေးချယ်ပြီးတာနဲ့ အလိုအလျောက်ချိတ်ဆက်ပေးပါလိမ့်မယ်။ တစ်ခုခုနဲ့တော့ မဖြစ်မနေချိတ်ဆက်ပေးဖို့ လိုပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ခေါ်စာ ရှိလာတဲ့အခါမျိုးမှာ ချိတ်ဆက်ထားတဲ့ Account မှာ နိုတီပေါ်ပြီး အသိပေးသွားမှာဖြစ်ပါတယ်။

၃။အလုပ်ရှာဖွေသူအကောင့်ဖွင့်ပါ 

ကိုယ် အဆင်ပြေမယ့် တစ်ခုခုနဲ့ ချိတ်ဆက်ပြီးပြီဆိုရင်တော့ အလုပ်ရှာဖွေသူအကောင့်ဖွင့်ရမှာပါ။ မေးလ်လိပ်စာ၊ လျှို့ဝှက်နံပါတ်၊ မေွးသက္ကရာဇ်၊ လိင်အမျိုးအစား ၊ နေထိုင်ရာနေရပ်၊ ဖုန်းနံပါတ်၊ ပညာအရည်အချင်း၊ လက်ရှိအလုပ်အကိုင် ၊ လုပ်သက် တို့ကို ရွေးချယ်လိုက်ပြီးတာနဲ့ ကိုယ့်ရဲ့ အလုပ်ရှာဖွေသူအကောင့်ဖွင့်လိုက်လို့ ရပါပြီ။ 

-Update - အသစ်မွမ်းမံ ရန် 

 " Employment & Availability - လက်ရှိ အလုပ်အကိုင် နှင့် အလုပ်ရှာဖွေနေမှု အခြေအနေ " ကို ဖြည့်စွက်ဖို့အတွက် Update - အသစ်မွမ်းမံ ရန် ခလုပ်လေးကို နှိပ်ပါ၊ ဓါတ်ပုံ တင်ဖို့ အတွက်ဆိုရင်‌တော့ ၅ MB ထက်မကျော်လွန်တဲ့ .jpg .gif .png .bmp ဖိုင်အမျိုးအစား ဓါတ်ပုံ ကို တင်နိုင်ပါတယ်။ Professional Headline မှာတော့ အလုပ်အကိုင် ရာထူး ၊ Highest Qualification - အမြင့်ဆုံးပညာအရည်အချင်း ၊ Current Job Function - လက်ရှိ အလုပ်အကိုင် အမျိုးအစား ၊ Preferred Job Function - လျှောက်ထား လိုသော အလုပ်အကိုင် အမျိုးအစား ၊ Location - အလုပ် တည်နေရာ ၊ Preferred Job Locations - လျှောက်ထားလိုသော အလုပ်တည်နေရာ ၊ Years of Experience - အလုပ်အတွေ့အကြုံ နှစ် အရေ အတွက် ၊ Work Type - အလုပ် ပုံစံ ၊ Availability - အလုပ်သစ်ကို ဘယ်နေ့ စလုပ်နိုင်မလဲ ၊ Monthly Salary Expectation - မျှော်မှန်း လစာ ၊ Preferences - အလုပ်လျှောက်ထားမှု အခြေအနေ ၊ I am actively looking for a job - လက်ရှိအလုပ်ရှာဖွေနေပါတယ် ၊ Display my profile to potential employers - ကိုက်ညီမယ့် အလုပ်ရှင်တွေထံ ကိုယ်ရေးအကျဉ်းတင်ပြပေးပါ၊ နဲ့ Willing to relocate အလုပ်တည်နေရာ ပြောင်းရွှေ့လိုတယ် စတဲ့ အကြောင်းအရာတွေကိုတော့ သေချာရွေးချယ်ဖြည့်ဖို့ လိုပါတယ်။ အားလုံးရွေးချယ်ပြီးသွားပြီဆိုရင်တော့ save ခလုတ်လေးကို နှိပ်လိုက်ပါ။ 

အလုပ်မရမှာ စိတ်ပူစရာမလို

အကောင့်ဖွင့်ထားပြီး ဘာမှ ဖြစ်မလာဘူးဆိုတာမျိုးတွေလည်း စိတ်ပူစရာမလိုပါဘူး။ အလုပ်ရာဇဝင် ၁၀၀% ထိ ဖြည့်ပြီးသွားပြီဆိုရင် လစဉ်လတိုင်း ကိုယ့်ရဲ့ အလုပ်ရှာဖွေသူအကောင့်ကို အလုပ်ခေါ်သူတွေ ပိုမြင်အောင် အရှိန်မြင့်နိုင်ပါတယ်။ အလုပ်လျှောက်ထားမှုကို အမြင့်ဆုံးသတ်မှတ်ကာလအထိ ထင်သာ မြင်သာအာင်ဖော်ပြသွားမှာဖြစ်ပြီးတော့ ကျွမ်းကျင်မှုနှင့်ကိုက်ညီတဲ့ အလုပ်တင်တိုင်း အလုပ်ခေါ်သူတွေဆီ အကြံပြုဖော်ပြသွားမှာဖြစ်လို့ အလုပ်ရရှိမှု ပိုမိုမြန်ဆန်နိုင်ပါတယ်။ 

ဘာသာစကားရွေးချယ်နိုင်ပါတယ် 

ကိုယ်က အင်္ဂလိပ်လို ရေးသားထားတာတွေကို မဖတ်တတ်ဘူးဆိုရင်လည်း စိုးရိမ်စရာမလိုပါဘူး။ အောက်ဆုံးမှာ ဘာသာစကားရွေးချယ်ဖို့ ပေးထားပါတယ်။ အဲဒီမှာ မြန်မာဘာသာစကားကို ရွေးချယ်နိုင်ပါတယ်။ 

အလုပ်ရှာဖွေသူအကောင့်ဖွင့်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေ 

အလုပ်ရှာဖွေသူအကောင့်ဖွင့်ထားလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အလုပ်ရာဇဝင်ကိုဘယ်သူတွေဝင်ကြည့်လဲ၊ ကိုယ့် အလုပ်လျှောက်လွှာကို ဘယ်သူဖွင့်ကြည့်လဲ၊ ဘယ်သူတွေက ကိုယ့်ကိုရှာဖွေနေသလဲ၊ ကိုယ့်ကို ပဏာမရွေးချယ်ထားခြင်း၊ ငြင်းပယ်ထားခြင်း၊ ဆက်သွယ်ထားခြင်းအခြေအနေတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ 

Work from Home လုပ်လို့ ရနိုင်မယ့် အလုပ်တွေကို လျှောက်ကြမယ် နဲ့ အွန်လိုင်းကနေ လွယ်လွယ်ကူကူအလုပ်ရှာနိုင်မယ့် နေရာ (၄)ခု တွေမှာ ဆက်လက်ဖတ်ရှုလေ့လာလိုက်ပါဦး။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/3iEi133 ကနေတစ်ဆင့်လျှောက်ထားနိုင်ပါတယ်။ 



Share

Loading Next Article...
က္က