In partnership with  logo
ကိုဗစ်ကာလမှာ အချိန်ပိုင်းအလုပ်အကိုင်ခေါ်ယူမှုတွေလည်း အများကြီးရှိလာပါတယ်။

ကိုဗစ်ကာလရောက်လာတဲ့အချိန်မှာ အချိန်ပိုင်းအလုပ်ခေါ်ဆိုမှုတွေက အရင်ကထက် ပိုမိုများပြားလာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အချိန်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ရှိလာခဲ့ရတာတွေ့ခဲ့ရတဲ့အတွက် အချိန်ပိုင်း အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ ဘယ်လိုကျွမ်းကျင်မှုတွေက အချိန်ပိုင်းအလုပ်အကိုင်တွေ ရရှိနိုင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 



၁။ Delivery 

ပထမဆုံးအနေနဲ့ လူတိုင်းသတိထားမိတဲ့ အချိန်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းကတော့ Delivery အလုပ်ပဲဖြစ်ပါတယ်။ ကိုဗစ်အကြပ်အတည်းကာလမှာ အွန်လိုင်းစီးပွားရေးလုပ်ကိုင်သူတွေ များပြားလာတဲ့ အလျှောက် Delivery လုပ်ငန်းဟာလည်း အရမ်းကို အောင်မြင်လာပြီး အချိန်ပိုင်းအလုပ်ခေါ်ယူမှုတွေလည်း များပြားလာခဲ့ပါတယ်။ 

၂။Digital Marketing 

အထက်ကပြောခဲ့သလိုပဲ အွန်လိုင်းစီးပွားရေးကို လူတွေ အရမ်းအာရုံစိုက်ကြတဲ့အခါမှာ Digital Marketing ဟာလည်း တွဲရက်ဆိုသလို ပါလာခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ရောင်းဝယ်ဖောက်ကားမှုတွေ လုပ်လာကြတာဖြစ်တဲ့အတွက် အွန်လိုင်းပေါ်မှာ ဈေးကွက်ရှာဖွေရတာကလည်း အရမ်းအရေးကြီးလာပါတယ်။ ဒါ့ကြောင့် အွန်လိုင်းပေါ်မှာ Page ကိုင်ပေးတာ ၊ ဝယ်သူနဲ့ စကားပြောဆိုပေးတာ စတဲ့ ဆိုရှယ်နက်ဝက်ကို ကျွမ်းကျင်သူတွေကို အချိန်ပိုင်းအနေနဲ့ ခေါ်ယူတဲ့ Digital Marketing အလုပ်အကိုင်တွေဟာလည်း အရမ်းကို ခြေလှမ်းသွက်လာခဲ့ပါတယ်။ 

၃။Production 

အွန်လိုင်းပေါ်မှာ ရောင်းဝယ်ဖောက်ကားကြတဲ့ အတိုင်းအတာဟာ အွန်လိုင်းဈေးရောင်းသူ တွေသာမက ကုမ္ပဏီကြီးတွေကပါ ပါဝင်လာခဲ့ပါတယ်။ အရမ်းကို ခေတ်စားလာတဲ့ Live Sale တွေကို ရိုက်ကူးရာမှာ ရိုက်ကူးရေးသမားတွေကို အချိန်ပိုင်းအနေနဲ့ ခေါ်ယူလာကြတာကို တွေ့ကြပါတယ်။ ကင်မရာမန်းတွေကိုလည်း ဒီကာလမှာ အချိန်ပိုင်းအဖြစ်ခေါ်ယူတာတွေ ရှိလာပါတယ်။ 

အချိန်ပိုင်းအလုပ်အကိုင်တွေဟာ တို‌တောင်းလှတဲ့ အချိန်ကာလတစ်ခုမှာ ကိုယ့်ရဲ့ စွမ်းရည်ကို ပြသရတာဖြစ်တဲ့အတွက် ပိုပြီး အလုပ်ကို စနစ်တကျ ကောင်းမွန်စွာ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။

၄။Content Writer

Digital Marketing နဲ့ ခပ်ဆင်ဆင်တူတဲ့ Content Writer တွေကိုလည်း အချိန်ပိုင်းအလုပ်အကိုင်ခေါ်ယူမှုတွေ အမြောက်အမြားရှိတာကိုတွေ့ရပါတယ်။ Facebook Page တွေအတွက် စာရေးပေးတာတွေ၊ ဝက်ဆိုက်မှာ ဆောင်းပါးရေးသားတာတွေအတွက် လိုအပ်တဲ့ Content Writerတွေကို အချိန်ပိုင်းခေါ်ယူမှုတွေ ပြုလုပ်လာကြပါတယ်။ 

၅။စာရင်းကိုင် 

ခုလို နှစ်ချုပ်စာရင်းတွေ ပြုလုပ်ရမယ့် နှစ်တစ်နှစ်ရဲ့ အဆုံးသတ်အချိန်ရောက်လာချိန်မှာတော့ အချိန်ပိုင်းစာရင်းကိုင်တွေကို တခြားအချိန်တွေမှာထက် ပိုပြီး လိုအပ်လာပါတယ်။ တချို့ကုမ္ပဏီတွေမှာတော့ စာရင်းကိုင်တွေကို အချိန်ပြည့်အနေနဲ့ ခန့်အပ်ထားတာမျိုးမလုပ်ဘဲ လချုပ် ၊ နှစ်ချုပ် စာရင်းတွေကို အချိန်ပိုင်းအနေနဲ့ အလုပ်အပ်နှံတာတွေ ပြုလုပ်လာကြပါတယ်။ 

ဒီအလုပ်အကိုင် (၅) မျိုးကတော့ ကိုဗစ်ကာလမှာ အချိန်ပိုင်းအလုပ်အကိုင်အဖြစ် ခေါ်ယူမှုများပြားလာခဲ့တဲ့ အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။ 

အချိန်ပိုင်းအလုပ်အကိုင်တွေဟာ တို‌တောင်းလှတဲ့ အချိန်ကာလတစ်ခုမှာ ကိုယ့်ရဲ့ စွမ်းရည်ကို ပြသရတာဖြစ်တဲ့အတွက် ပိုပြီး အလုပ်ကို စနစ်တကျ ကောင်းမွန်စွာ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အချိန်ပိုင်းအလုပ်တွေကို ရွေးချယ်လုပ်ကိုင်မယ်ဆိုရင် ကိုယ်တကယ် ကျွမ်းကျင်တဲ့ အလုပ်မျိုးကို သေချာရွေးချယ်ပြီး လုပ်ကိုင်သင့်ကြောင်း အကြံပေးပါရစေ။ 

အလုပ်အကိုင် ရှာဖွေနေသူတိုင်း ရှိသင့်တဲ့ LinkedIn အကောင့်ကို ဘယ်လိုဖွင့်ကြမလဲ နဲ့ CV Form မလိုဘဲ အလုပ်လျှောက်ကြမယ် တွေမှာ ဆက်လက် လေ့လာဖတ်ရှုနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/342kQ9b ကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။


Share

Loading Next Article...
က္က