In partnership with  logo
Video Conferencing App တွေဟာ အပြင်မှာ တကယ်အစည်းအဝေး လုပ်သလိုမျိုး Functions တွေ ထည့်ပေးလေ့ရှိပါတယ်။

  ၂၀၂၀ ပြည့်နှစ်ဟာ Virtual Meetings တွေလို့ ခေါ်ကြတဲ့ ရုပ်မြင်သံကြားအစည်းအဝေးတွေ အကြီးအကျယ်ခေတ်ထ ခဲ့တဲ့နှစ် ဖြစ်ခဲ့ပါတယ်။ COVID-19 ကြောင့် ထွန်းကားလာတဲ့ New Normal ပုံစံသစ်မှာ အလုပ်ကိစ္စဆွေးနွေးဖို့ ၊ အဝေးရောက် မိသားစုဝင်နဲ့ မိတ်ဆွေတွေနဲ့ တွေ့နိုင်ဖို့ Video Conferencing App တွေ မသုံးလို့ မဖြစ်တော့ပါဘူး။



           Video Conferencing လုပ်နိုင်တဲ့ Apps တွေ အများကြီး ရှိပါတယ်။ Microsoft Teams ၊ Google Meet ၊ Zoom Meeting ၊ BlueJeans Meetings စတဲ့ ပလက်ဖောင်းတွေက လူသုံးများပါတယ်။

ဒီ App တွေထဲက ပြည်တွင်းမှာ အသုံးအများဆုံးလို့ ဆိုရမယ့် Video Conferencing App အနေနဲ့ Google Meet နဲ့ Zoom တို့ ရှိပါတယ်။

           Meeting App ဖြစ်တဲ့အတိုင်း တက်ရောက်တဲ့ Participant နဲ့ Meeting စီစဉ်တဲ့ Host ဆိုပြီး ရှိကြပါတယ်။ Host လုပ်သူက New Meeting ကို ဝင်ပြီး Meeting တစ်ခု စတင်နိုင်ပါတယ်။ သူကနေပဲ Meeting အတွက် လင့်ခ်ကို တက်ရောက်မယ့်သူတွေဆီ Invite လုပ်ပြီး ပေးပို့နိုင်ပါတယ်။ Zoom မှာ meeting အတွက် Meeting ID နဲ့ Passcode တွေ အလိုအလျောက်ထုတ်ပေးပါတယ်။

           Google Meet ပဲသုံးသုံး Zoom ပဲ သုံးသုံး Gmail အကောင့်တစ်ခုရှိထားသင့်ပါတယ်။ ဒါမှသာ App Sign In လုပ်ရတာနဲ့ ကိုယ်တိုင် Meeting Host လုပ်ရာမှာ ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။ Video Conferencing App တွေကို စာရင်းသွင်းမှု (Sign In) မလုပ်ဘဲ သုံးနိုင်တာတွေလည်း ရှိပါတယ်။ Google Meet မှာ Host တစ်ယောက်ဟာ Sign In လုပ်စရာမလိုဘဲ New Meeting ကို တိုက်ရိုက်ဝင်ပြီး Launch လုပ်နိုင်ပါတယ်။

Google Meet မှာ Join with Google Meet အောက်က လင့်ခ်အတိုင်း ဝင် Join ရမှာ ဖြစ်ပါတယ်။

           Sign In လုပ်ရတာက သိပ်မခက်ပါဘူး။ Zoom app မှာဆို app ဖွင့်ဖွင့်ချင်း အောက်ခြေမှာ Sign Up နဲ့ Sign In ဆိုပြီး တွေ့ရမှာပါ။ Sign In မှာ Google အကောင့်နဲ့ ဝင်ဖို့ ရွေးချယ်ပြီး မွေးနေ့မွေးရက် စတဲ့ အချက်အလက်တွေ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ Zoom app မှာ အကောင့်ဖွင့်ထားတယ်ဆိုရင်တော့ New Meeting ဖွင့်တာ ၊ Schedule အချိန်ဇယားဆွဲပြီး Meeting တွေ လုပ်တာ ပိုလွယ်မှာ ဖြစ်ပါတယ်။

           အပြင်က အစည်းအဝေးတက်ရောက်တဲ့သူအနေနဲ့ အီးမေးလ်မှာ ကိုယ့်ကို Invite ပို့ထားတဲ့ Meeting Link အတိုင်း ဝင် Join နိုင်ပါတယ်။ Zoom မှာဆိုရင်တော့ Invitation မှာ ပါတဲ့ Meeting ID ထည့်ပေးရမှာပါ။ Google Meet မှာ Join with Google Meet အောက်က လင့်ခ်အတိုင်း ဝင် Join ရမှာ ဖြစ်ပါတယ်။


           Video Conferencing App တွေဟာ အပြင်မှာ တကယ်အစည်းအဝေး လုပ်သလိုမျိုး Functions တွေ ထည့်ပေးလေ့ရှိပါတယ်။ ဥပမာ- အစည်းအဝေးမှာ ကိုယ်မေးချင်တာတွေကို စာနဲ့ပေးပို့နိုင်မယ့် Chat စနစ် ၊ အစည်းအဝေးကို မှတ်တမ်းတင်နိုင်မယ့် Recording စနစ် ၊ ကိုယ့်ရဲ့ Powerpoint နဲ့ screen ကို ပြန် Share နိုင်မယ့် features တွေနဲ့ ကိုယ့်စိတ်ကြိုက် နောက်ခံ Virtual Background ပြောင်းနိုင်မယ့်စနစ်မျိုးတွေ ဖြစ်ပါတယ်။

           Video Conferencing နဲ့ Meeting တက်တော့မယ်ဆိုရင် အစီအစဉ်ဆွေးနွေးသူတွေ အနှောက်အယှက်မဖြစ်စေဖို့ ပွဲတက်ရောက်သူတွေဟာ ကိုယ့်အသံနဲ့ ဗွီဒီယိုရုပ်ကဒ်ကို ပိတ်ပေးထားရပါတယ်။ ကိုယ့်ကို ဆွေးနွေးမေးမြန်းခွင့် ပြုမှပဲ Microphone ဖွင့်ပြီး ဆွေးနွေးပြောဆိုရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အစည်းအဝေးကျင်းပတဲ့ Host တွေကလည်း Meeting မစခင်မှာ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောတတ်ကြပါတယ်။

           ဒါတွေကတော့ Video Conferencing App သုံးမယ်ဆိုရင် သိသင့်တဲ့ ယေဘုယျအချက်တွေပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အွန်လိုင်းပေါ်ကနေ အလုပ်နဲ့ပတ်သက်တဲ့ မီတင်လုပ်ဖို့ အကောင်းဆုံး App တွေ နဲ့ ဒီအချက်တွေကို သင်လိုက်နာမယ်ဆိုရင် Video Interview ကို အကောင်းဆုံးဖြေဆိုနိုင်မှာပါ ကို ဆက်လက် လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

အလုပ်တိုက်ရိုက်လျှောက်လိုသူတွေအနေနဲ့ https://bit.ly/2G6eRrp ကနေတစ်ဆင့်လျှောက်ထားနိုင်ပါတယ်။


Share

Loading Next Article...
က္က