In partnership with  logo
အွန်လိုင်းမီတင်မှာလည်း ပြင်ဆင်ထားရမယ့် အရာတွေ၊ ပြုလုပ်ရမှာတွေ၊ ရှောင်ကြဉ်ရမှာတွေရှိပါတယ်။

Work From Home ကာလမှာ မီတင်တက်ရတာဟာ အရင်လို ရုံးကနေ မီတင်တက်ရတာမျိုးမဟုတ်ဘဲ အွန်လိုင်းကနေ မီတင်တက်ရတဲ့ ပုံစံကို ပြောင်းလဲသွားပါတယ်။ ရုံးက အထက်လူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးရတဲ့ မီတင်တွေရှိသလိုပဲ ကိုယ့်ရဲ့ Client တွေနဲ့ တွေ့ဆုံစကားပြောရတဲ့ မီတင်တွေလည်းရှိပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်အတွက် အရေးကြီးတဲ့ အွန်လိုင်းမီတင်တွေ ပြုလုပ်ရတဲ့အခါ မဖြစ်မနေ ကိုယ့်ဘက်ကနေပြင်ဆင်ထားရမယ့် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။



၁။ကွန်ပျူတာကို သေချာစစ်ဆေးပါ 

အွန်လိုင်းမီတင် မစခင် တစ်ရက်အလိုလောက်ကတည်းက ကိုယ့်ရဲ့ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းဟာ အွန်လိုင်းမီတင် ပြုလုပ်မယ့် Platform ကို အသုံးပြုဖို့ အဆင်ပြေရဲ့လား ၊ ကွန်ပျူတာရဲ့ ကင်မရာ ဟာ ကောင်းကောင်း အလုပ်လုပ်ရဲ့ လား၊ မိုက်ကကော သေချာ ကြားရရဲ့လား၊အသံထွက်ရဲ့ လား ၊နားကြပ်တပ်ဆင်ဖို့ လိုအပ်လား စသဖြင့် သေချာ စစ်ဆေးဖို့လိုပါတယ်။ ဒါမှသာ အွန်လိုင်းမီတင်ချိန်မှာ ကိုယ့်ဘက်က ထစ်ငေါ့တာ အဆင်မပြောတာတွေ မရှိနိုင်တော့မှာ ဖြစ်ပါတယ်။ 

၂။ အင်တာနက်ကို စစ်ဆေးပါ

ကွန်ပျူတာကို စစ်ဆေးပြီးပြီဆိုရင်တော့ ကိုယ်အသုံးပြုမယ့် အင်တာနက်ကို စစ်ဆေးဖို့လိုပါတယ်။ ကိုယ်က WIFI ကို အသုံးပြုမှာလား ဒါမှမဟုတ် ဖုန်းဘေလ်နဲ့ အွန်လိုင်းမီတင် ဝင်မှာလားပေါ်မူတည်ပြီး လက်ကျန်ဘေလ် လုံလောက်မှုရှိမရှိ၊ အင်တာနက်လိုင်း ကောင်းမကောင်း စတာတွေကို သေချာ စစ်ဆေးဖို့ လိုပါတယ်။ 

၃။ တိတ်ဆိတ်ငြိမ်သက်သော နေရာကို ရွေးချယ်ပါ 

အိမ်မှာအလုပ်လုပ်နေရတာဖြစ်တဲ့အတွက် နေရာရွေးချယ်မှုကလည်း အလွန်အရေးကြီးပါတယ်။ အွန်လိုင်းမီတင် ရွေးချယ်တဲ့ နေရာမှာ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာ၊ အိမ်က လူတွေဖြတ်သွားဖြတ်လာ ပြုလုပ်မှုမရှိတဲ့ နေရာ၊ အင်တာနက် လိုင်းကောင်းတဲ့ နေရာကို ရွေးချယ်ဖို့ လိုပါတယ်။ ဒါမှသာ အွန်လိုင်းမီတင်လုပ်နေချိန်အတွင်းမှာ ဆူညံသံတွေ ကိုယ့်ဘက်က ထွက်လာတာ၊ နောက်မှာ လူတွေ မကြာခဏဖြတ်သွားဖြတ်လာ လုပ်နေတာမျိုးတွေ မရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ မီတင်အတွင်းမှာ ရှိနေတဲ့သူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ 

အွန်လိုင်းမီတင်အတွင်းမှာ ကိုယ်တင်မက အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ရဲ့ Client တွေ ပါဝင်နေတာ ဖြစ်တဲ့အတွက် သူတို့ကို လေးစားတဲ့ အနေနဲ့သတ်မှတ်ထားတဲ့ အချိန်ကို တိတိကျကျ ဝင်ဖို့လိုပါတယ်

၄။ အချိန်တိကျမှုရှိပါ

မီတင်ဆိုတဲ့အတိုင်း အွန်လိုင်းမီတင်အတွင်းမှာ ကိုယ်တင်မက အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေ ၊ ကိုယ့်ရဲ့ Client တွေပါဝင်နေတာ ဖြစ်တဲ့အတွက် သူတို့ကိုလေးစားတဲ့ အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်ကို တိတိကျကျ ဝင်ဖို့လိုပါတယ်၊ မဟုတ်ရင် မီတင်အတွင်းက လူတွေက ကိုယ့်ကို စောင့်ဆိုင်းနေရတာတွေ ဖြစ်နေမယ်ဆိုရင် ကိုယ်ဟာ အလုပ်အပေါ် မလေးစားသူတစ်ယောက်အဖြစ် မြင်သွားနိုင်သလို ၊ ကိုယ့်ကို မစောင့်ဘဲ ကြိုတင် ပြုလုပ်နေခဲ့မယ်ဆိုရင်လည်း ကိုယ်ဟာ အရေးကြီးတဲ့ အချက်အလက်တွေကို လွတ်သွားနိုင်ပါတယ်။ 

၅။ မီတင်မှာ တင်ပြလိုသော အကြောင်းအရာများကို သေချာပြင်ဆင်လာပါ 

ပုံမှန် ရုံးမီတင်မှာ လုပ်နေကျအတိုင်း အွန်လိုင်းမီတင်မှာလည်း ကိုယ် တင်ပြလိုသော အကြောင်းအရာတွေကို သေသေချာချာ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ Presentation တင်ပြဖို့ လိုအပ်တာတွေအတွက်လည်း ကိုယ့်ဘက်က သေချာ ပြင်ဆင်ထားမယ်ဆိုရင် မီတင်အတွင်းမှာစနစ်တကျ ဖြစ်သွားပြီး ကိုယ်ဟာ အိမ်မှာလည်း သေချာအလုပ်လုပ်သော ဝန်ထမ်းအဖြစ် အထက်လူကြီးရဲ့ သဘောကျနှစ်ခြိုက်မှုကို ရရှိနိုင်ပါတယ်။ 

၆။မီတင်အတွင်း သေချာအာရုံစိုက်ပေးပါ 

အွန်လိုင်းမီတင်ဟာ ရုံးမှာ ထိုင်လုပ်နေရတာမဟုတ်ဘဲ အိမ်မှာ အွန်လိုင်းကနေတစ်ဆင့် ပြုလုပ်နေရတာဖြစ်တဲ့အတွက် တစ်ခါတရံ သတိလက်လွတ် ဖြစ်သွားတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒါဟာ မီတင်အပေါ် သေချာအာရုံမစိုက်တာကြောင့် ဖြစ်ရတာပါ။ ဒါ့ကြောင့် အွန်လိုင်းမီတင်တက်နေတဲ့ အချိန်မှာလည်း ဒီမီတင်အတွင်းက ပြောဆိုဆွေးနွေးတဲ့ အကြောင်းအရာတွေကို သေချာ အာရုံစိုက်နားထောင်ခြင်းဖြင့် မီတင်အတွင်းပါဝင်တဲ့ သူတွေရဲ့ အချိန်ကို လေးစားဖို့ လိုအပ်ပါတယ်။ 

၇။ မေးချင်သော အကြောင်းအရာများကို တစ်ခါတည်းမေးမြန်းပါ 

နားမလည်တာ၊ သိချင်တာ ၊ မေးချင်တဲ့ အကြောင်းမရာတွေ ရှိခဲ့ရင်လည်း တစ်ခါတည်း မီတင်အတွင်းမှာ မေးမြန်းဖို့ လိုအပ်ပါတယ်။ Work From Home ကာလဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျက်နှာချင်းဆိုင်ဆုံတွေ့နေရတာမဟုတ်တဲ့အခါမှာ မီတင်အတွင်းကအကြောင်းအရာတွေကို လိုက်လံမေးမြန်းဖို့ဆိုတာ သိပ်တော့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် အွန်လိုင်းမီတင်အတွင်းမှာ အလုပ်နဲ့ ပတ်သက်ပြီးကိုယ်မေးချင်နေတဲ့ အကြောင်းအရာတွေကို တစ်ခါတည်း မေးမြန်းဖို့ တိုက်တွန်းပါရစေ။ 

သတိထားရမယ့် အချက်တစ်ချက်အနေနဲ့ကတော့ အွန်လိုင်းမီတင်မှာ ကိုယ့်ဘက်က တင်ပြစရာ ပြောစရာမရှိတဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ အသံကို mute လုပ်ထားဖို့ လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်ကိုယ့်ဘက်က မမျှော်လင့်ဘဲ ထွက်ပေါ်လာနိုင်တဲ့ ဆူညံသံတွေကို ထိန်းချုပ်ထားပြီးသား ဖြစ်သွားမှာပါ။ အထက်ဖော်ပြပါ အချက် (၇) ချက် ကတော့ အွန်လိုင်းမီတင် လုပ်တော့မယ်ဆိုရင် သေချာ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်ကနေ အလုပ်နဲ့ပတ်သက်တဲ့ မီတင်လုပ်ဖို့ အကောင်းဆုံး App တွေ နဲ့ Work from Home ကာလမှာ အလုပ်ကောင်းကောင်းပြီးမြောက်စေမယ့် (၆) ချက် တို့မှာလည်း ဆက်လက် လေ့လာဖတ်ရှုနိုင်ပါတယ်။ 

တိုက်ရိုက်အလုပ်လျှောက်ထားလိုသူတွေအတွက် https://bit.ly/32Pac5E ကနေတစ်ဆင့် အလုပ်လျှောက်ထားနိုင်ပါတယ်။

  

Share

Loading Next Article...
က္က