In partnership with  logo
ဒီနှစ် ၂၀၂၀ ခုနှစ်မှာ Digital Marketing ဟာ လုပ်ငန်းခွင်တိုင်းအတွက် အရမ်းကို အသုံးဝင်လာပါတယ်။

၂၀၂၀ ခုနှစ်ဟာ ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းခွင်တွေကို ပုံစံသစ်တစ်မျိုးနဲ့ ပြောင်းလဲလုပ်ကိုင်စေခဲ့တဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ Digital Marketing ဟာ လုပ်ငန်းခွင်တိုင်းမှာ အရေးပါအရာ‌ရောက်ခဲ့ပါတယ်။ Digital Marketing နဲ့ ဝန်ထမ်းတိုင်းလိုလို မကင်းကွာနိုင်ခဲ့ဘူးလို့ ပြောလို့ ရတဲ့ နှစ်တစ်နှစ်ပါပဲ။



Digital Marketing ဆိုတာဘာလဲ 

Digital Marketing ဆိုတာဟာ ဈေးကွက်ရှာဖွေမှုတစ်မျိုးဖြစ်ပြီး ဟိုအရင်ကလို ဈေးဆိုင်တွေ၊ လမ်းပေါ်တွေကနေတစ်ဆင့် တိုက်ရိုက် လူအချင်းချင်းတွေ့ဆုံပြီး မာကတ်တင်းဆင်းတာမျိုးမဟုတ်တော့ဘဲ အွန်လိုင်း တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ်ပေါ်ကနေ ဈေးကွက်ရှာဖွေခြင်းဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာ အသုံးများတဲ့ Digital Marketing 

ဓာတ်ပုံ - Freepik

Digital Marketing အများကြီး ရှိတဲ့အနက်မှာမှ လက်ရှိ အသုံးများတဲ့ Digital Marketing ကတော့ စုစုပေါင်း ၇ ခုရှိပါတယ်။ အဲဒါတွေကတော့ 

-Content Marketing 

-Social Media Marketing

-Influencer Marketing

-SEO (Search Engine Optimization)

-SEM (Search Engine Marketing)

-Email Marketing 

-Chatbot Marketing တို့ပဲ ဖြစ်ပါတယ်။ Digital Marketing လောကကို ဝင်ရောက်လိုသူတွေအတွက် Digital Marketing Platform ဘယ်နှခုရှိသလဲဆိုတာကို သိထားဖို့ လိုပါတယ်။

Digital Marketing ကို ဘယ်လိုအသုံးချရမလဲ 

ခုချိန်မှာ Digital Marketingကို ကောင်းကောင်း အသုံးချတတ်မယ်ဆိုရင် ဒီနေ့ခေတ်မှာ အဆင်တပြေနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းတွေကို ကောင်းမွန်စွာတည်ဆောက်လို့ရပါပြီ။ Digital Marketing မှာအောင်မြင်ဖို့ဆိုရင် Marketing နဲ့ Branding ကို သီအိုရီပိုင်းကောင်းကောင်းသိထားဖို့ လိုပါတယ်။ ဒီလို သိထားမှသာလျှင် လက်တွေ့မှာ ဘယ်လိုပြန်အသုံးချမလဲဆိုတာ စဥ်းစားတတ်မှာဖြစ်ပါတယ်။ 

အရေးတကြီး လိုအပ်တဲ့ Data

Digital Marketing မှာ Data က အရေးတကြီးလိုအပ်တဲ့ အရာပါ။ ရရှိထားတဲ့ Data တွေပေါ်မှာမူတည်ပြီး လူစိတ်ဝင်စားနိုင်တဲ့ Digital Marketingတွေ ဖန်တီးနိုင်မှာဖြစ်တဲ့အတွက် Data ဟာ အရေးကြီးဆုံး အခရာပါပဲ။ 

Content Marketing

Digital Marketing လောကထဲကို ဝင်‌ရောက်မယ့်သူဟာ Content Marketing ကို ကောင်းကောင်းနားလည်ထားရမှာပါ။ ဒီဘက်ခေတ် လူတွေရဲ့ နေ့စဥ်ဘ၀တိုင်းစီမှာ သူတို့ကြိုက်နှစ်သက်ရာ Content တစ်ခုချင်းစီကို ရွေးချယ်ပြီး ဖတ်ခွင့်ကြည့်ခွင့်ရှိနေပြီဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Brand Message ကို လူတွေဆီရောက်အောင် ဖန်တီးနိုင်လေ Digital Marketingပိုင်းမှာ ပိုအောင်မြင်လာလေပါပဲ။ 

Digital Marketing အလုပ်အကိုင်များ 

Digital Marketing ပိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနယ်ပယ်ဟာ ကျယ်ပြန့်လွန်းပါတယ်။ Digital Marketing နဲ့ သက်ဆိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ 

-Digital Marketing Manager

-Content Strategist

-Digital Account Manager 

-Social Media Associate 

-Social Media Specialist 

-Content Creator 

-Content Writer / Copywriter 

-Digital Marketing Executive 

-Content Intern တို့ပဲ ဖြစ်ပါတယ်။ Digital Marketing ကို ပိုင်ပိုင်နိုင်နိုင်ရှိသူတွေကတော့ လက်ရှိမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ အများအပြားရရှိနိုင်သလို ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေအတွက်တောင် လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် အထောက်အကူရစေပါတယ်။

ကိုဗစ်ကာလအတွင်းမှာတော့ Digital Marketing အလုပ်အကိုင်ခေါ်ယူမှုတွေဟာ နံပါတ်နှစ်နေရာမှာ ချိတ်နေတယ်လို့ https://www.myjobs.com.mm/ ရဲ့ အလုပ်ခေါ်ယူမှုစစ်တမ်းတွေအရသိရပါတယ်။ 

ဆက်လက်ပြီး လစာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းရဖို့ ဘာတွေလုပ်ရမလဲ နဲ့ ကိုဗစ်ကာလအတွင်း အချိန်ပိုင်း အလုပ်အဖြစ် ခေါ်ယူမှုအများဆုံး အလုပ်အကိုင်များ မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/34WcRw3 မှာ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


 

Share

Loading Next Article...
က္က